
နိုင်ငံရေးအကျဉ်းသားများရဲ့ ရွှေအိုး အကျဉ်ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား
တွေအတွက် ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေး နိုင်ဖို့ နိုင်ငံရေး
အကျဉ်းသားဟောင်း အများစုပါဝင်တဲ့ ရွှေအိုး လူမှုရေးအဖွဲ့ကို စက်တင်ဘာလ ၅
ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့ စတင်ဖွဲ့စည်းခြင်းနဲ့အတူ ရွှေအိုးလူမှုရေး
အဖွဲ့ရဲ့ ရုံးကိုပါ ရန်ကုန်မြို့ စမ်းချောင်း မြို့နယ် စမ်းချောင်းလမ်း တိုက်အမှတ်(၆)
တတိယထပ်မှာ အဲဒီနေ့ နံနက် ၉ နာရီမှာပဲ တစ်ပါတည်း ဖွှင့်လှစ် ခဲ့ ပါတယ်။
3:uO]Cwလူမှုရေးအဖွဲ့ကို ဒေါ်ခင်မိုးရေး ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးလောက်နဲ့ ဖွဲ့စည်း
ခဲ့တာဖြစ်ပြီး ဒီအဖွဲ့ ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း လွှတ်မြောက်လာကြတဲ့ နိုင်ငံရေး
အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ စီးပွားရေး လုပ်ငန်း တွေမှာ ဝင်ရောက်လုပ်
ကိုင်နိုင်ဖို့ ပထမ ဦးစားပေးအနေနဲ့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း BurmaVJ
No comments:
Post a Comment