
ရသေ့တောင်မြို့နယ်တွင် အိမ်ခြေ (၅) ဆောင်ခန့်ရှိသော ဆိတ်ကြီးနားကျေးရွာအား
ဘင်္ဂလီများက စက်တင်ဘာ (၅) ရက် ညနေ (၈) နာရီခန့်တွင် မီးလာတိုက်သွားကြောင်း
သတင်းရရှိသည်။
" ဆိပ်ကြီးရွာကို မီးလာတိုက်တော့ ကျနော်တို့ ဦးဂါရွာက ရွာသားတွေ လိုက်သွား
တယ်။ မီးတိုက်တဲ့ လူတွေကိုတော့ ဘယ်သူလဲဆိုတာ မသိလိုက်ဘူး။ ထွက်ပြေး
သွားတယ်။ ကိုဌေးဖြူ အိမ်;|^[Oီးလောင်သွားတယ်။ " ဟု ဦးဂါ ရွာမှ
ရွာတစ်ဦးက ပြောသည်။
ဆိပ်ကြီးကျေးရွာမှာ ဦးဂါကျေးရွာနှင့် ဂူတောင်ကျေးရွာကြားတွင် တည်ရှိပြီး
အနောက်ပြင် ကုလားရွာနဲ့လည်း နီးစပ်ကြောင်း သိရသည်။ဇွန်လ အရေးအခင်း
အဖြစ် မီကာလက ဆိပ်ကြီးနားကျေးရွာသားများမှာ မိမိတို့ကျေးရွာတွင် နေထိုင်ကြ
သော် ဂူတောင်ကျေးရွာသားများ အသတ်ခံရပြီးနောက်ပိုင်း ရွာသားများမှာ နေ့ဘက်
တွင် နေထိုင်ကာ မိမိတို့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး ညဘက်တွင် မအိပ်ဝံ့
သဖြင့် နီးစပ်ရာကျေးရွာများတွင် သွားအိပ်နေကြကြောင်း သိရသည်။
ဇူလိုင်လ (၁၉) ရက်နေ့ကလည်း အနောက်ပြင်မှ ဘင်္ဂလီများသည် ဂူတောင်ကျေးရွာ
အောက်ရွာတွင်ရှိသော အိမ်ခြေ (၆) ဆောင်ခန့်အား မီးလာတိုက်ရာ ဂူတောင်ရွာသား
များက အနောက်ပြင်ရွာသို့ လိုက်သွားရာ ရခိုင်တိုင်းရင်းသား (၁၀)ဦး အသတ်ခံခဲ့ရခြင်း
ဖြစ်သည်။
သတင်းရင်းမြစ်း arakantimes
No comments:
Post a Comment