Tuesday, September 4, 2012

ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြ

Photobucket

မန္တလေးမြို့မှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို
 ထောက်ခံကြောင်း ရဟန်းရှင်လူ ပြည်သူတွေက တတိယနေ့အဖြစ် ဆန္ဒဖော်
ထုတ်ခဲ့ကြပါတယ်။


ဆန္ဒပြသူတွေက “ရိုဟင်ဂျာ အလိုမရှိ၊ မြန်မာပြည်က ထွက်သွားပေးပါ။ သမ္မတကြီး
ကို ထောက်ခံပါတယ်” အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ ရဟန်း အပါး ၄၀၀ လောက်နဲ့ ပြည်သူ ၄၀၀ လောက် စုစုပေါင်း ၈၀၀
 လောက်ရှိကြောင်း လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဆန္ဒပြရဟန်းသံဃာတွေဟာ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးကနေ မြတောင်
ကျောင်းတိုက်မှာ နေ့လည် ၁၂ နာရီခွဲလောက်မှာ စုဝေးပြီး လမ်းလျှောက်ချီတက်
 ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြနေကြတဲ့ သူတွေကြားထဲကို လုံထိန်းတွေ ၀င်ရောက် ကာပေးနေကြ
ပေမယ့် တားဆီးတာတော့ မလုပ်ကြဘူးလို့လည်း သိရပါတယ်။

ရိုဟင်ဂျာအရေးအပေါ် သမ္မတရဲ့ရပ်တည်ချက် ထောက်ခံဆန္ဒပြပွဲကို စက်တင်ဘာ
 ၂ ရက်နေ့က ရဟန်းရှင်လူ အင်အား ၁ ထောင်ကျော်လောက် ကျင်းပခဲ့ပေမယ့်
စက်တင်ဘာ ၃ ရက်နေ့မှာတော့ အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပေမယ့် အချို့သံဃာတွေနဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က စက်တင်ဘာ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ မန္တလေးက ရဟန်းတွေ သီတင်းသုံးတဲ့ ကျောင်းတိုက်တွေကို အာဏာပိုင်တွေ ရောက်လာကြပြီး ဆန္ဒပြပွဲထဲ
 မပါကြဖို့ လာရောက် လျှောက်ထားခဲ့ကြတယ်လို့လည်း ဒီဗွီဘီ သတင်းထောက်က
 ပြောပါတယ်။


သတင်းရင်းမြစ်    DVB

Photo: ဓာတ်ပုံ-စိုင်းလမင်း


Photo: ယနေ့ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်ရွာသွန်းခဲ့သည့်  မိုးကြောင့် မန္တလေးမြို့ရှိ လူသုံးအများဆုံးအဓိကလမ်းမကြီးများဖြစ်သော  လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေလျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့သည်။

အခြားလမ်းအချို့လည်းရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ လမ်းပေါ်ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ်နှင့်ကားများပျက်ခြင်း၊
ချို့င့်ခွက်များကိုမမြင်၍ ဆိုင်ကယ်နှင့်စက်ဘီးများ လဲခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။  ကျောင်းဆင်းရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းကြုံတွေ့နေရသည်။

မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းမရှိခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ 
ယနေ့ရွာသွန်းသည့်မိုးသည် တိုက်ဆိုင်စွာပင် မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။ 


ဓာတ်ပုံ-ညီညီဇော်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ