
ရန်ကုန်မြို့တော်၏ လူနေထပ်သောမြို့နယ် တစ်ခုဖြစ်သည့် ပုဇွန်တောင် မြို့နယ်တွင် စာသင်ပြီး နေအိမ်သို့ ပြန်လာသော အသက်၃၀ကျော် အရွယ် ကျူရှင်ဆရာမ တစ်ဦး
စက်တင်ဘာလ ၁ရက်နေ့ ည၁၀နာရီ ကျော်ကျော်တွင် ရွှေနှင့် လက်ကိုင်အိတ် လု
ယက် ခံခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ကျူရှင်ဆရာမမှာ ဒေါ်ခင်ချို ဝင်းဖြစ်ပြီး၊ ယင်းမြို့နယ် ၇ ရပ်ကွက်၊ မဟာ
သုခလမ်း၊ အမှတ်၁၇ ၊ ၄လွှာ တွင်နေထိုင်သူဖြစ်ကြောင်း၊ ယင်းနေ့က မင်္ဂလာ
တောင်ညွန့် ဘက်မှ စာသင်ပြီး ပြန်လာခဲ့ရာ တိုက်ခန်းရှေ့ လှေကားတွင် သော့ဖွင့်
နေစဉ် အသက် ၂၅ နှစ်အရွယ်၊ အမျိုးသား နှစ်ဦးက သော့ကူ ဖွင့်ပေးကြောင်း ယင်းနောက် သော့ပြန်တောင်းပြီး လှေကားပေါ်သို့ တက်ရာ ၎င်းတို့ပါ လိုက်တက်
လာကြောင်း၊ ဒုတိယထပ် အတက်တွင် တစ်ဦးက လက်မောင်းကို လှမ်းဆွဲလိုက်ပြီး၊
လှေကားပေါ်မှ လဲကျစဉ် ယင်းအမျိုးသား နှစ်ဦးက ဒေါ်ခင်ချိုဝင်း၏ မျက်နှာနှင့်
ဦးခေါင်းတို့ကို ရိုက်နှက်ပြီး၊လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးနှင့် လက်ကိုင်
အိတ် အတွင်းမှ လက်ကိုင်ဖုန်း အပါအ၀င် နိုင်ငံသား စိစစ်ရေးကဒ် နှင့် ငွေသုံး
သောင်းကျော်ခန့် ယူသွားကြောင်း၊ အဆိုပါ အမျိုးသမီး၏ တိုင်ကြားချက်အရ
သိရသည်။
ဒေါ်ခင်ချိုဝင်းမှာ အရိုက်ခံရသောကြောင့် ဦးခေါင်း ဘယ်ဘက် နှင့် အနောက်
ဘက်တွင်ဖူးယောင် ဒဏ်ရာ၊ ညာဘက်နားနှင့်
ပါးမျက်လုံးအောက်တွင် ဖူး
ယောင်ညိုမဲ ဒဏ်ရာနှင့် ဘယ်ဘက်ပါးရိုး
နာကျင်ဒဏ်ရာများ ရရှိ သောကြောင့် ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာ အဖြစ်
ကုသမှု ခံယူနေကြောင်း၊ ယင်းမြို့နယ်
ရဲစခန်း ၏ ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ လုယက်မှုကို ပုဇွန်တောင် မြို့နယ်ရဲစခန်း (ပ)၂၅၅/၁၂ ပုဒ်မ ၃၉၄ ဖြင့်
အဆိုပါ လုယက်မှုကို ပုဇွန်တောင် မြို့နယ်ရဲစခန်း (ပ)၂၅၅/၁၂ ပုဒ်မ ၃၉၄ ဖြင့်
အမှုဖွင့် ထားကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။
သတင်းရင်းမြစ်း The Voice Weekly
သတင်းရင်းမြစ်း The Voice Weekly
No comments:
Post a Comment