
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် ရေပေးဝေမည့် ကလုံထ
အတွက် အီတာလျံ ထိုင်းကုမ္ပဏီမှ
ဒုဥက္ကဋ္ဌမစ္စတာအနန့်က ကျေးရွာသားများနှင့်
ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကို
တွေ့ဆုံပြီး စည်းရုံးမှုများ ပြုလုပ်ခဲ
ကြောင်းကလုံထကျေးရွာမှ ရွာဦးဆရာတော်က
မိန့်ကြားသည်။
ဒုဥက္ကဋ္ဌအပါအ၀င် ၁၄ ယောက်အဖွဲ့က မရွှေ့ပြောင်းလို၍ လျော်ကြေးလက်ခံခြင်း
ဒုဥက္ကဋ္ဌအပါအ၀င် ၁၄ ယောက်အဖွဲ့က မရွှေ့ပြောင်းလို၍ လျော်ကြေးလက်ခံခြင်း
မရှိသော
ကျေးရွာသားများကို စီမံကိန်းမှာ ကျေးရွာအတွက် ကောင်းကျိုးရှိကြောင်း၊
ပြောင်းရွှေ့မည့်ဆိုပါက မူလထက်မနိမ့်သော လူနေမှုအဆင့်အတန်းအတိုင်း
အကောင်အထည်
ဖော်ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများကို
ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊
လမ်းလည်းဖောက်ပေးမည်ဖြစ်ကြောင်း ရွာဦးဆရာ
တော်နှင့် ကျေးရွာသားများကို တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။
ယင်းကျေးရွာသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း
ရေးဆွဲစဉ် မြေပုံ လမ်းညွှန်တွင် မပါဝင်ကြောင်း၊ မဖြစ်မနေစီမံကိန်း အတွက် တည်
ဆောက်ရမည် ဆိုပါက
ကျေးရွာ သည် ရေမြုပ်ဧရိယာထဲတွင် ပါဝင်သောကြောင့်
လွတ်သောနေရာတွင် စီမံကိန်းကို
ပြောင်းရွှေ့ တည် ဆောက်စေချင်ကြောင်း ရွာဦး
ဆရာတော်က မိန့်ကြားခဲ့သည်ဟုလည်း
ဆရာတော်က ဆက်လက်မိန့်ကြားသည်။
“သဘောတူ၊ မတူ လာညှိတုန်းဘဲ ရှိသေးတာပါ။ မပြောင်းဘူး။ လက်လည်းမခံဘူး။
“သဘောတူ၊ မတူ လာညှိတုန်းဘဲ ရှိသေးတာပါ။ မပြောင်းဘူး။ လက်လည်းမခံဘူး။
သုံး၊
လေးရက်လောက်ကြာရင် လာဦးမယ်လို့ ပြောတယ်”ဟု ဆရာတော်ကမိန့်ကြား
သည်။ အီတာလျံ ထိုင်း ကုမ္ပဏီမှ
ဒုတိယဥက္ကဋ္ဌက ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်
ကလုံထကျေးရွာသို့ စက်တင်ဘာ ၂ တွင်
သွားရောက်ခဲ့ကြောင်း၊ သို့သော်မည်သည့်
အကြောင်းအရာများ ဆွေးနွေးသည်ကိုမသိ၍
မပြောနိုင်ကြောင်း အီတာလျံထိုင်း
ကုမ္ပဏီမ တာဝန်ရှိသူတစ်ဦးကပြောသည်။
သတင်းရင်းမြစ်
း 7 days News
No comments:
Post a Comment