
လွန်ခဲ့သည့် အနှစ် ၅၀ ကျော် မြန်မာ့ ပညာရေး စနစ်သည် အရှေ့တောင် အာရှတွင်
ထိပ်ပိုင်း တစ်နေရာဝယ် ရှိခဲ့သော်လည်း ယခု အချိန်တွင် စင်္ကာပူ၊ မလေးရှား၊ ထိုင်း
တို့ နောက်ရောက်နေ၍ မြန်မာ့ ပညာရေး မှာ အောက် ကျနောက် ကျ ဖြစ်နေရကြောင်း
ကုန်သည် စက်မှုအသင်းချုပ် လ စဉ် ဟောပြောပွဲ တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း
မှ ဒေါက်တာဦးသိန်းက“အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေသော မြန်မာနိုင်ငံ ပညာရေးစနစ်"ဟူသည့်ခေါင်းစဉ်ဖြင့် ယနေ့ ဟောပြောခဲ့သည်။ အဓိကအားဖြင့် ပညာရေးမြှင့်တင်ရန်လိုအပ်နေခြင်းမှာ တက်လာတော့မည့် စီးပွားရေးလုပ်ငန်းများ
အတွက် အရည်အချင်းရှိသော လူ့အရင်းအမြစ်များ၊ တတ်သိကျွမ်းကျင်စီမံခန့်ခွဲ
အုပ်ချုပ်တတ်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်များ၊ စသည့် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးရန်ဖြစ်ကြောင်း ဦးသိန်းက ထပ်မံပြောကြားခဲ့သည်။
၂၀၁၂ မှ ၂၀၁၅ အထိ ရေတိုပြုပြင်ပြောင်းလဲရန်အတွက် ဆိုလျှင် ဆေးတက္ကသိုလ်
များ၊ ရေကြောင်းသိပ္ပံ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်အချို့ ၊ရန်ကုန်တက္ကသိုလ်၊
မန္တလေးတက္ကသိုလ် ၊နိုင်ငံခြားဘာသာ တက္ကသိုလ် များနှင့် အမျိုးသား စီမံခန့်ခွဲရေး
ကောလိပ် စသည်တို့သာ သင့်တော်သည့် အဆင့်တွင်ရှိ၍ အခြားတက္ကသိုလ်များ၊
ကောလိပ်များတို့သည် အဆင့်နှိမ့်ကျနေကာ ဘွဲ့လက်မှတ်ကို ရိုက်ထုတ်သော
စက်ရုံကြီးများ ( Degree Mills )အဆင့်သို့ ရောက်ရှိနေကြောင်း ၄င်းမှ ထပ်မံ
ဟောပြောခဲ့သည်။ ကျောင်းသား များပြီး ဆရာနည်းကာ ဓါတ်ခွဲခန်းပစ္စည်း ကိရိယာ
များ အလွန်နည်းပါးနေပြီး လက်တွေ့များနှင့် ကျူတိုရီယယ်များကောင်းစွာ မလုပ်
နိုင်ဘဲ အဖြစ်သာ ကူးရေးတင်မှုများအတွက် အမှတ်များမပေးသင့်ပဲ လက်တွေ့တန်း စာမေးပွဲစနစ်ကိုပြန်လည် အကောင်အထည်ဖော်သင့်ကြောင်း သိရသည်။

သင်ကြားရေး စနစ် ကိုလည်း ( ဒါသင် ၊ ဒါကျက် ၊ ဒါမေး ၊ ဒါဖြေ ) စနစ်ကို ပယ်ဖျက်
၍ အ.ဆ.ည မှအဆိုပြုတင်ပြထားသော အယူအဆ ဦးစားပေး သင်ကြားရေး
( Conceptual Teaching )ကို စတင်ကျင့်သုံးရန် ၊ 20 % အမှတ်ကို အစားထိုးမည့်
လေ့လာလုပ်ဆောင် တင်ပြချက်များ(assignments) တို့ ပါဝင် လာမည် ဖြစ်ကြောင်း
လျှော့လွန်းသော မော်ဒရေးရှင်း အပေးများသော အအောင်ပေးမှုကို ပြင်ရန်နှင့်
နောက်ဆက်တွဲ စာမေးပွဲကို ပယ်ဖျက်သင့်ကြောင်း ဟောပြောခဲ့သည်။ ဆရာ၊
ဆရာမ များ အရည်အသွေးကို မြှင့်တင်ပေးရန် နှင့် ကျူရှင် ရောဂါဆိုး အဂတိ
လိုက်စားမှုများကို ပပျောက်အောင် စတင် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း
စာမေးပွဲမားတွင် မသမာမှုများ ပပျောက်ရေးအားအလေးထား သင့်ကြောင်း
ပြောကြားခဲ့သည် ။တက္ကသိုလ်များနှင့် ကောလိပ်များရှိ ဌာနတိုင်းတွင် Internet
ရရှိရေး၊ အသုံးပြုရေးကို ဦးစားပေး လုပ်ဆောင်ရန် နှင့် ၄င်းတို့ အတွက် လိုအပ်
သည့် လျှပ်စစ်မီးစက်များကိုပါ ထားရှိပေးသင့်ကြောင်း ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ပရိသတ် ၅၀၀ ကျော်မျှတက်ရောက်ခဲ့ကြသည်
သတင်းရင်းမြစ်း Popular Myanmar News
No comments:
Post a Comment