မြောင်းမြမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် များ၏ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်
သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)မှ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့်
ကြေညာချက် တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
ယင်းကြေညာ ချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့် စပ်လျဉ်းပြီး
စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်
ရွက်သူများမှာ ဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦး တစ်ယောက် မြို့
နယ် ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု
သိရကြောင်း၊ ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း
တို့အား ဗဟိုညီလာခံကျင်းပချိန်ထိ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထား လိုက်ကြောင်းဖြင့် ဖော်ပြထားခဲ့သည်။
![]() | ||
| ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က မြောင်းမြ အန်အယ်လ်ဒီအဖွဲ့ဝင်များ ဆန္ဒပြနေစဉ် |
သတင်းရင်းမြစ်း Popular Myanmar News


No comments:
Post a Comment