Thursday, September 20, 2012

ရာနှင့်ချီသည့် လူမျိုးစု ခေါင်းဆောင်များ ကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခေါ်ယူ တွေ့ဆုံ


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိ ရာနှင့်ချီသည့်လူမျိုးစု
ခေါင်းဆောင်များကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ စက်တင်္ဘာ
လ ၁၈ ရက်နေ့က ဒက္ကားမြို့တော်တွင် ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သိရသည်။




အဆိုပါ တွေ့ဆုံပွဲသို့ စစ်တကောင်း တောင်တန်းဒေသရှိ  ရခိုင် အခေါ် ဖလံထောင်
(ခါခရာဆိုးရီ)၊ သက်ထောင် (ရင်္ဂါမာတီ) နှင့် ဗိုလ်မင်းထောင် (ဘင်ဒရာဘင်) ခရိုင်
သုံးခုမှ တိုင်းရင်းသား လူမျိုး ခေါင်းဆောင် ၄၀၀  ကျော်တက်ရောက်ခဲ့သည်။

“ ကျွန်တော်တို့ နေ့လည် ၁၂ နာရီမှာ ၀န်ကြီးချုပ်နဲ့တွေ့တာပါ။ အဲဒီမှာ ဗိုလ်မင်း၊
 သက်မင်း၊ ဖလံမင်း၊ ခရိုင်သုံးခုက ဟေရ်မာန် ၃၇၀ ကျော်ရောက်ပါတယ်။ ပြီးတော့
ပါလီမန်အမတ် ၃ ဦးလည်း တက်ရောက် ပါတယ် ” ဟု အစည်းအဝေး တက်ရောက်
ခဲ့သည့် ဘင်ဒရာဘင်ခရိုင်မှ ဟေရ်မာန်တစ် ဦးဖြစ်သူ ဦးမွီးရွှေထွီးက ပြာသည်။

ဟေရ်မာန်ဆိုသည်မှာ နယ်တစ်ခုကို အပိုင် စားရသော နယ်စား  အဆင့်ရှိသူကို
 ဒေသ အခေါ် ဖြစ်သည်။အစည်းအဝေးသို့ ဗိုလ်မင်းထောင်ခေါ် ရွာတော်ခရိုင်
ဗိုလ်မင်း K,S ဖြူခေါ် ကျော်သန်းဖြူ ၊ ရင်ဂါမာတီ ခေါ် သက်ထောင်ဗိုလ်မင်း ရာဇာ
ဒီဘာချီးပြိုလ်၊ ခါခရာဆိုးရီခေါ် ဖလံထောင် ဗိုလ်မင်း သာစိန်ဖြူနှင့် လက်ရှိပါလီမန်
 အမတ်များဖြစ်သည့် ဘီဗာဒူရ်း (ခေါ်) ဦးရွှေသိန်း၊ ဒီပင်ကော်တာလူတာ့၊ ဇိုပိန်ဒရို
လက်ချာ့ထရီပူရာ(မြုံ) တို့လည်း တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ ရာနှင့်ချီသည့် တိုင်းရင်းသားခေါင်းဆောင်များကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ
အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦးအနေဖြင့် ခေါ်ယူတွေ့ဆုံခြင်းမှာ ဘင်္ဂလာဒေခ်ျ့
လွတ်လပ်ရေး  ရရှိပြီးနောက် ပထမဆုံးအကြိမ်ဖြစ် ကြောင်း ဦးမွီးရွှေထွီးက ပြော
သည်။

ယခုတွေ့ဆုံမှုမှာ ယခုနှစ်ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် တိုင်းရင်းသား
ခေါင်းဆောင်များနှင့် ၀န်ကြီးချုပ် ရှိတ်ခါချိနာ ဗွီဒီယိုကွန်ဖရင့် လုပ်အပြီးတွင် ယခု ကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် လူမျိုးစု ခေါင်းဆောင်များက အောက်ပါ အချက်များကို တောင်းဆို
ခဲ့ကြသည်။၁၉၉၇ ခုနှစ် စစ်တကောင်းတောင်တန်းဒေသ ငြိမ်းချမ်းရေးစာချုပ်တွင်
 ပါဝင်သည့် သဘောတူညီချက် အတိုင်း စစ်တကောင်း တောင်တန်းဒေသ မြေ ပိုင်ဆိုင်မှုများကို ဖြေရှင်ပေးရန်၊ ဗိုလ်မင်း ၃ ဦးနှင့် ဟေရ်မာန်များအတွက် အစိုးရမှ
 တရားဝင် ရုံးဖွင့် လှစ်ပေးရန်၊ ရုံးဝန်ထမ်းများကို အစိုးရမှ ခန့်အပ် ပေးရန်နှင့် တိုင်းရင်းသားခေါင်းဆောင်များအား အစိုးရမှပေးသည့် ထောက်ပံ့ကြေးကို တိုးမြှင့်
 ပေးရန်တို့ကို တောင်းဆို တင်ပြခဲ့ကြောင်း ဦးမွီးရွှေထွီး မှပြောသည်။

စစ်တကောင်း တောင်တန်းဒေတွင် ရွှေ့ပြောင်း အခြေချလာသူ ဘင်္ဂလီလူမျိုးများ
နှင့် ဒေသခံ တိုင်းရင်းသားများ အကြားတွင် မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အငြင်း
ပွားမှုများရှိနေသည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မြေယာပိုင်ဆိုင်မူနှင့် ပတ်သက်ပြီး ဒေသခံ လူမျိုးစုများ အနေဖြင့် မြေယာပိုင်ဆိုင်မူ အခွင့်အရေး ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆို
ခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြသည်။

လူမျိုးစု ခေါင်းဆောင်များမှာ တရားမမူ တချို့ကို ဒေသအတွင်း တိုင်းရင်းသားများ၏
 ယဉ်ကျေးမှု ထုံးတမ်း စဉ်လာများနှင့် အညီ တရားစီ ရင်ပိုင်ခွင့်ရှိသော်လည်း အစိုးရမှ
 တရားဝင် သတ် သတ် မှတ်မှတ် ရုံးဖွင့်လှစ်ထားခြင်း မရှိကြောင်း သိရသည်။

“ ၀န်ကြီးချုပ်က တိုင်းရင်းသားခေါင်းဆောင်တွေအတွက် ရုံးကို မကြာမီဖွင့်ပေးမယ်။
 ငြိမ်းချမ်းရေး စာချုပ်ပါ အချက်တွေကိုလည်း တဖြည်းဖြည်း အကောင်အထည်ဖော်
ပေး ဖို့ပြော တယ်။ ပြီးတော့ ထောက်ပံ့ငွေကိုလည်း တိုးပေးမယ် ဆိုဒါနဲ့တိုင်းရင်း
သားခေါင်းဆောင်တွေ ဒက္ကားမြို့ ကို လာတဲ့ အခါ တည်းခို နေထိုင်ဖို့ အတွက်
အဆောက်အဦးသုံးခု သီးခြားစီ ဆောက်ပေးဖို့ အာမခံလိုက်ပါတယ်”ဟု သူက
ဆက်ပြော သည်။

ယခုကဲ့သို့ ၀န်ကြီးချုပ်၏ ပြောဆိုမှုအပေါ် အစည်းအဝေး တက်ရောက်လာသူများက
အားရ၀မ်း သာရှိ ကြောင်းလည်း သူကပြောသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသတွင် ရခိုင်မျိုးနွယ်စုဝင်များ ဖြစ်ကြ
သည့် မြို၊ ခမီး၊ သက်၊ မာရမာ၊ လင်းကဲ၊ ထရိပူရ ခေါ် မြုံ၊ ပင်ခူ၊ ချင်းအပါအ၀င် လူမျိုးစု
အများ အပြားနေထိုင်ကြသည်။

မြေယာပိုင်ဆိုင်မှုများကို ကော်မရှင် တစ်ရပ်ဖွဲ့စည်းပြီး ဒေသခံ တိုင်းရင်းသားများပိုင်
ဟုတ်မဟုတ် စစ်ဆေးပြီးမှ ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရသည်။   ၁၉၇၅    ခုနှစ်
ရှိမူဇီရာဟာမန်လက်ထက်က ဗိုလ်မင်းတဦးကို တာကာငွေ ၅၀၀၀၊ နယ်စားခေါ် ဟေရ်
မာန်တဦးကို ၃၀၀ နှင့် ကာရာဘာရီခေါ် ကျေးရွာအကြီးအကဲတဦးကို ၂၀၀ တာကာ
သာ ထောက် ပံ့ခဲ့သော်ည်း ယခုနှစ် ဇူလိုင်လမှစပြီး ကာရာဘီ  တဦးလျှင် တာကာ ၅၀၀၊ ဟေရ်ရမာန်တဦးလျှင် တာကာ ၁၀၀၀နှင့် ဗိုလ်မင်းတဦးလျှင် ၁၀၀၀၀ တာကာ
 အထိ တိုးမြင့်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် တိုင်းရင်းသားခေါင်းဆောင်များသည် ဘင်္ဂလာဒေခ်ျ့
လွတ်လပ်ရေးဖခင် ချိတ်မူဇီရာဟာမန် အား မြုပ်နှံထားသည့် ဂူဗိမာန်သို့ သွားရောက်
ပြီး လွမ်းသူပန်းခွေ ချခဲ့ကြသည်။


သတင်းရင်းမြစ်   နိရဉ္ဇရာ  

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ