Thursday, September 20, 2012

ငြိမ်းချမ်းရေးရဖို့ ယုံကြည်မှု တည်ဆောက်ဖို့လိုဟု KIA ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း ပြော



KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်း

KIA ကချင်လက်နက်ကိုင်အဖွဲ့ ကွန်မန်ဒို လဖိုင်ဇော်ဆိုင်းဟာ စစ်အစိုးရတပ်မှ
တိုင်းမှူးတဦးကို လုပ်ကြံမှုဖြင့် ပုဒ်မ ၁၇(၁)၊ ၁၇(၂)၊ ၁၉(စ)၊ ၃ဝ၂ အပိုဒ် ၁/၃၄
တို့ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် ၂၄ နှစ် ကျခံခဲ့ရကာ ၁၉၈၈ အရေးတော်ပုံအပြီး
 သေဒဏ်ပယ်ပျက်ပြီး နောက်တိုး ထောင်ဒဏ် ၃ နှစ်ဖြင့် ထောင်တွင်း ၂၇ နှစ်
 နေထိုင်ခဲ့ရပြီး အခု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာ
ခွင့်ဖြင့် မြင်းခြံထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။ အခုအခါမှာတော့
 ကိုလဖိုင်ဇော်ဆိုင်းဟာ ဇာတိမြေကို မပြန်သေးဘဲ ငြိမ်းချမ်းရေးအတွက် ဘယ်လို
 စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာကို အဖြေရှာဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာတာ
 ဖြစ်တယ်လို့ ဆိုပါတယ်။ ငြိမ်းချမ်းရေး ရရှိဖို့ဆိုရင်တော့ ယုံကြည်မှုကို အရင်
တည်ဆောက်ဖို့ လိုတဲ့အပြင် အခု ကချင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည် သိန်း
နဲ့ချီရှိနေတဲ့အတွက် အဲ့ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ လိုအပ်တယ်လို့
ကိုလဖိုင်ဇော်ဆိုင်းက ဘားမားဗီဂျေမီဒီယာနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။


သတင်းရင်းမြစ်    BurmaVJ


No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ