တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်
ကြောင်း သတင်းရ ရှိပါသည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် သာကေတမြို့နယ်ရှိ နေ အိမ်၌ ၂၀၁၂ ခုနှစ်
စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏
မိသားစု ဝင်များထံမှ သိရှိရသည်။
" စက်တင်ဘာ လဆန်းတုန်း က အဘိုးက ဆေးရုံ တက်ရသေးတယ်။ဆေးရုံက ဆင်း
လာပြီး အိမ်မှာပဲ ထားတာပါ။ အောက်ဆီဂျင် ပေးထားရတယ်။ မနေ့ညကတော့ ၁၀
နာရီ လောက်မှာ အိပ်တယ်။၁၀ နာရီခွဲ လောက်ကျတော့ အမော ဖောက်လာ တယ်။
အောက်ဆီဂျင် ပေးရတယ်၊ ဆရာဝန်လည်း ခေါ်တယ်။ ၁၅ မိနစ်လောက် ကြာတော့
ဆုံးတာပဲ။
နှလုံးခုန် သိပ်မမှန်ဘဲ အမော ဖောက်တာပေါ့။ လူကြီးရောဂါလို့ပဲ ပြောရ
မှာပါ"
ဟု ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မြေး မဆောင်းနှင်းဖြူက စက်တင်ဘာလ
၂၄ ရက်နေ့
နံနက် ပိုင်းက ပြောပြခဲ့သည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ၁၉၂၀ ခုနှစ်
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကချင်ပြည်နယ် ဗန်းမော်မြို့ တွင် ၁၉၂၀ ခုနှစ်
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်
ဖခင် ဦးဟာနှစ်၊ မိခင် ဒေါ်စိန်ညွန့်တို့မှ ဖွားမြင်ခဲ့
သည်။
ဗန်းမော်မြို့၊ မိုးကုတ်၊ ကသာ မြို့စသော မြို့များတွင် ပညာသင် ယူခဲ့ပြီး အင်္ဂလိပ်
ဗန်းမော်မြို့၊ မိုးကုတ်၊ ကသာ မြို့စသော မြို့များတွင် ပညာသင် ယူခဲ့ပြီး အင်္ဂလိပ်
-မြန်မာ ၁၀ တန်း အထိ သင်ကြားခဲ့ကာ ဗမာ့ကာကွယ် ရေးတပ်မတော် (ဘီဒီအေ
) သို့ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။
ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး
ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး
၁၉၄၄ ခုနှစ် ဧပြီ လ၌ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ် သင်တန်းတတိယပတ်၌ တက်
ရောက်ခဲ့သည်။ သင်တန်းတက် ရောက်နေစဉ်တွင်ပင် ဗိုလ်ချုပ် အောင်ဆန်းက
မြန်မာပြည်မြောက် ပိုင်းအတွက် တာဝန်ပေးအပ်သည့် အတွက် စတင်တာဝန်ထမ်း
ဆောင်ခဲ့
သည်။ မဟာမိတ်တပ်အမေရိကန် (၁၀၁) လေထီးတပ်ရင်းနှင့် အဆက်
အသွယ်ရန်
အသက်စွန့်တာဝန်ထမ်း ဆောင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း
ကျော်ဝင်းမောင်
အမည်တွင်လာခဲ့ သည်။
ဂျပန်တော်လှန်ရေးကာလပြီး ဆုံးသောအခါ ကသာခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ်
ဂျပန်တော်လှန်ရေးကာလပြီး ဆုံးသောအခါ ကသာခရိုင် ဖဆပလ ဥက္ကဋ္ဌအဖြစ်
တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင် ကွန်မြူ
နစ်ပါတီနှစ်ခြမ်းကွဲချိန်၌
အလံနီ ဘက်သို့ ပါသွားခဲ့သည်။ ၁၉၄၈ ခု နှစ်တွင်
အလံနီအဖြစ် တောခိုခဲ့ကာ
၁၉၅၄ ခုနှစ်၌ အလံနီတွင်း အယူအ
ဆတိုက်ပွဲများဖြစ်ပေါ်စဉ် အလံနီမှ အထုတ်
ခံရသည်။ အထုတ်ခံရသော အလံနီများစုပြီး
အလုပ်သမားညီ ညွတ်ရေးပါတီကို
ပခုက္ကူနယ်ထဲ၌ ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်
ဒီဇင် ဘာလ၌ အလုပ်သမားညီ
ညွတ်ရေး ပါတီတစ်ဖွဲ့လုံး အစိုးရနှင့်စေ့စပ်ပြီး
ဥပဒေအတွင်း ဝင်ရောက်ခဲ့သည်။
ထို့နောက် တော်လှန်ရေးအ တွေ့အကြုံများကိုရေးသားခြင်းဖြင့် စာရေးဆရာဘဝ
ထို့နောက် တော်လှန်ရေးအ တွေ့အကြုံများကိုရေးသားခြင်းဖြင
ကိုခံယူခဲ့ပြီး တော် လှန်ရေးခေတ်မှ အမှတ်တရနာမည် ဝမ်းအိုဝမ်းကျော်ဝင်းမောင်
ကိုပင်
က လောင်အမည်အဖြစ်ရွေးချယ်ခဲ့ကာ "ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက်
တော်လှန်ရေး"၊ "ဆရာကြီးဦးရာဇတ် အတ္ထုပတ္တိ"ကဲ့သို့ စာအုပ်များကို ရေး
သား
ခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်များတွင် လည်း တော်လှန်ရေးအတွေ့အကြုံ
ဆောင်းပါးများ
ကို ရေးသားခဲ့သူဖြစ် သည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ် ရှိပြီဖြစ်ပါသည်။
ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ် ရှိပြီဖြစ်ပါသည်။
သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment