
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ
ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ
လ ၂၄ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်)၏ facebook စာမျက်နှာ
တွင် ဖော်ပြထားချက်အရ သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း
ပြောကြားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံ
တကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်
ဖြစ်ကြောင်း အဆိုပါဖော်ပြချက်အရ သိရှိရသည်။
ထိုသို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်းပြီး ပြောကြား
သွားမည်ဖြစ်ကြောင်း သိရသည်။၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတ
အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတဦးသိန်းစိန်သည် နိုင်ငံတော်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ်
တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့
တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာအစိုးရ ထိပ်တန်းအရာရှိများအား ဗီဇာ
ပိတ်ပင်ထားမှုကြောင့် ကုလသမဂ္ဂရုံးချုပ် အနီးတ၀ိုက်ဧရိယာတွင်သာ သွား
ရောက်ခွင့်ရရှိခဲ့သည်။
သို့သော်လည်း ပြီးခဲ့သော သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံ
အစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးခဲ့
သည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဋ္ဌာနကလည်း သမ္မတဦးသိန်းစိန်
နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား အမေရိကန်တွင် စီးပွားရေး
လုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် တားမြစ်ခံရသူများစာရင်းမှ စက်တင်ဘာ
လ၁၉ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment