
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် စက်မှုဇုန်အတွင်းရှိရွှေဇာမဏီ စက်မှု
ကုမ္ပဏီလီမိတက်အတွင်း ၀န်ထမ်း ဦးရေး နှစ်ရာခန့်မှာ စက်တင်ဘာ ၂၇ ရက် ၈
နာရီခွဲခန့်တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဆန္ဒထုတ်ဖော်ရခြင်း၏ အဓိကအကြောင်းအရင်းများမှာ စက်ရုံအတွင်း အစာ
ပြေမုန့်များ ယူဆောင်စားသောက်ခွင့်မရှိခြင်း ရုံးပိတ်ရက် မရှိခြင်း၊ ရုံးတက်ချိန် သတ်
မှတ်ထားသော်လည်း ရုံးဆင်းချိန်ကို သတ်မှတ်မထားခြင်း၊ ဒဏ်ကြေးငွေများစွာ
ကောက်ခံခြင်း စသည့် အကြောင်းအရာများကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ
သည်။
အဆိုပါအလုပ်ရုံ၌ လုပ်ကိုင်နေသည့်လုပ်သက်ငါးနှစ်ရှိသော ၀န်ထမ်းတစ်ဦးမှာ
''ကျွန်တော်တို့က ပိုက်ဆံလိုချင်လို့ အလုပ်သွားလုပ်တာ ဒါပေမဲ?|NίWgzŰwန်
တော်တို့ဆီက ပိုက်ဆံပြန်လိုချင်နေတယ်လို့တောင် ယူဆရတယ်။ ပိတ်ရက်က
လည်းမရှိဘူး ၀န်ထမ်းတစ်ယောက်ရဲ့အကျိုးခံစားခွင့် ဘာမှမရှိဘူး အလုပ်သမား
တွေ ထိခိုက်ဒဏ်ရာရရင်လည်း ဘာမှလုပ်မပေးဘူး။ ရင်ထဲမှာ နာကြည်းမှုတွေများ
နေလို့ ဒီလိုလုပ်ရတာပါ'' ဟု ပြောသည်။
လုပ်သက်နှစ်နှစ်ရှိသည့်ကို မိုးဇော်အေးက ''အိမ်သာတက်ရင် ၀န်ထမ်းတစ်ယောက်
ကို ၁၅ကျပ်ပေး ရတယ် ပြီးတော့ငါးမိနစ်ပဲ အချိန်ရတယ်။ တစ်မိနစ်ကို ၅၀ ဖြတ်တယ် အလုပ်သမားအချင်ချင်း တန်းတူညီတူ အခွင့်အရေးမရဘူး'' ဟု ပြောသည်။
ယင်းစက်ရုံအတွင်း၌ ဆန္ဒပြနေစဉ် သက်ဆိုင်ရာရပ်ကွက်မှ တာဝန်ရှိသူများနှင့်
အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လာရောက်ဖြန်ဖြေပေးခဲ့ပြီး ၀န်ထမ်း
များဘက်မှ တောင်းဆိုသည့် အခွင့်အရေးများကို အဆင်ပြေအောင် ပြန်လည်လုပ်
ကိုင်ပေး မည်ဖြစ်ကြောင်း သိရပြီး ယင်းအခွင့်အရေးများကို လာမည့်အောက်တိုဘာ
လ ၁ ရက်နေ့ စတင်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံတွင်လုပ်ကိုင်နေသည့် လုပ်သက်ခြောက်နှစ်ရှိသော အမျိုးသမီးတစ်ဦး
က ''စက်ရုံမှာသောက်စရာ ရေသန့်မရှိဘူး ဂျိုးဖြူရေကိုပဲ သောက်နေရတာ ကြာပါ
ပြီ်'' ဟု ပြောပြခဲ့သည်။
ဘက်ကလိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုတာပါ။ ကျွန်မတို့ဘက်ကလည်း အကုန်လုံးကို ပြန်လည်လုပ်ပေးမယ်လို့ လူကြီးတွေရှေ့မှာ ပြောဆိုခဲ့ပါတယ်''
ဟု ပြော သည်။
အဆိုပါ ရွှေဇာမဏီကုမ္ပဏီသည် ငါးအအေးခန်းလုပ်ကိုင်သော လုပ်ငန်းဖြစ်ပြီး စုစုပေါင်းဝန်ထမ်းအရေအတွက် သုံးရာကျော်ရှိကြောင်း သိရသည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment