Thursday, September 27, 2012

ဝိုင်းမော်တွင် ဂျပန်နှင့် ပေါင်းဆောက်မည့် ဧက(၅)ထောင် ကျော်ရှိ ကုန်သွယ်/ စက်မှုဇုန် စီမံကိန်း

 

ကချင်ပြည်နယ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်နှင့်ကုန်သွယ်
ရေးဇုန်အား တည်ဆောက်ရန် စီမံကိန်းတစ်ရပ်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ၊ နောင်သာလော၊ မဒိန်၊ နန်ဝါ စသည့် ကျေးရွာတွင်
 စက်မှုဇုန်အတွက် ဧက(၅)ထောင့် (၄)ရာ ကျော်အား လျာထားပြီးဖြစ်သည်ဟု သိရ
သည်။
ဘယ်ချိန် စလုပ်မယ်ဆိုတာတော့ အတိအကျ မသိသေးဘူး။ အစိုးရဘက်က 
စီမံကိန်းက ရေး ဆွဲနေတုန်း။ ပြည်နယ် လွှတ်တော် ကိုတော့ မတင်ပြရသေးပါဘူး။ 
ဟု ဝိုင်းမော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ကချင်ပြည်နယ်လွှတ်တော်
ရေးရာ ပူးပေါင်းမှုကော်မတီ အတွင်းရေးမှူး  ဦးထောလွမ်းက ပြောသည်။
ဆက်ပြီး ဦးထောလွမ်းက ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေ
စေကာမူ ငြိမ်းချမ်းရေးသာ အဓိက ဖြစ်ကြောင်း ပြောသည်။
ကချင်ပြည်နယ်တွင် ကေအိုင်အိုနှင့် မြန်မာစစ်တပ်မတော်ကြား ဖြစ်ပွားနေသည့် ပြည်
တွင်းစစ် ငြိမ်းချမ်းရေးအောင်မြင်လျှင်မူ ကချင်ပြည်နယ်တဟုန်တိုး တိုးတက်လာမည်
ဖြစ်ကြောင်းကိုလည်း သုံးသပ်ခဲ့သည်။
ထို့ကြောင့် ပြည်နယ်လွှတ်တော်အစိုးရမှလည်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေ
သည်ဟု သိရသည်။
‘’ ငြိမ်းချမ်းရေးအတွက်လည်း ကျွန်တော်တို့ အရမ်းကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေး
သာမရရင် ဘာမှ လုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်ဖို့က ပြည်နယ်အစိုးရ လွှတ်တော်
က လုပ်ဖို့ အနေအထား သိပ်မရှိ တော့ ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းရ
မယ်။ စာပေါင်းရေးဖို့ ပြည်နယ်မှာပဲ ဆုံးဖြတ်ရ သေးတယ်။ ကေအိုင်အိုကိုလည်းပေး   ပြည်ထောင်စုလွှတ်တော် ကိုလည်း ပေးဖို့ လုပ်ထားပါတယ်။ဟု ဦးထောလွမ်းက
 ပြောသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဦးယွပ်ဇော်ခေါင်ကလည်း ငြိမ်းချမ်းမှသာဖွံ့ဖြိုးရေး
အတွက် အကောင်အထည်ဖော်သင့်ကြောင်း ယခုကဲ့သို့ဆိုသည်။
 ငြိမ်းချမ်းရေးက အရေးအကြီးဆုံးဖြစ်နေတယ်။ နိုင်ငံရေးရှုပ်ထွေးနေရင်တော့ ဘာပဲ
လုပ်လုပ် အခက်အခဲတော့ရှိမှာပဲ။ဟု ဦးယွပ်ဇော်ခေါင်က ပြောသည်။
၎င်းစက်မှုဇုန်တည်ဆောက်ရန် မြေဧရိယာများကိုလည်း  ဂျပန်နိုင်ငံ ကုမ္ပဏီတစ်ခု
က လာရောက်ကြည့်ရှုစစ်ဆေးပြီးဖြစ်ကာ ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။
တိုင်းတာ ထွာတာတွေတော့ တွက်ချက်မှုအပိုင်းတွေ စာရွက်မှာ ပြီးသွားပြီ။ မြန်မြန်
လုပ်သွားမှာပါ။ ဂျပန်အဖွဲ့လည်း လာသွားတယ်။ OTA အနေနဲ့ လာကြည့်သွားတယ်။ 
 နိုင်ငံခြားအကူအညီလည်း ယူရမှာ။ နည်းပညာပဲ ယူရမှာပါ။ လုပ်ငန်းလည်ပတ်မှုတော့ ဘယ်ယူမလဲ။ဟု ပြည်နယ် ဥပဒေရေးဆွဲရေးဌာန အတွင်းရေးမှူးက ပြောသည်။
အဆိုပါ စက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစိုးရမှ လျှပ်စစ်နှင့်စက်မှု
ဝန်ကြီး ဦးစိုင်းမောင်ရွှေနဲ့ စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလှိုင်တို့မှ ဝိုင်းမော်
ဒေသခံများနှင့် စက်တင်ဘာလ (၁၉) ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ဒေခံပြည်သူများအနေဖြင့် စက်မှုဇုန် တည်ဆောက်မည့် မြေနယ်ရာဒေသအတွက် ပိုင်
ဆိုင်မှု ကိစ္စများကို မှန်ကန်စွာ ဖြေရှင်းပေးရန်နှင့် ပြောင်းရွှေ့ရန် အခြားမြေနေရာအား
 ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။
ကချင်ပြည်နယ်ရှိ အလုပ်ရုံစက်မှုလုပ်ငန်းရှင်များလည်း ပြည်တွင်း၊ ပြည်ပ ချေးငွေရနိုင်
ရန် မျှော်လင့်နေကြသည်။
ကချင်ပြည်နယ် အစိုးရမှ ဦးဆောင်ကာ အများပိုင်ကုမ္ပဏီတည်ထောင်ရန်အတွက်
လည်း အကောင်အ ထည်ဖော်ဆောင်ရွက်နေကြောင်း သိရဖြစ်သည်။

သတင်းရင်းမြစ်    Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ