Thursday, September 27, 2012

မောင်တောမြောက်ပိုင်း ကျေးရွာများသို့ တောဆင်ရိုင်းများ ၀င်ရောက် သောင်းကျန်းမှုများရှိလာ


မောင်တောဒေသမြောက်ပိုင်း၌ တောဆင်ရိုင်းများ ကျေးလက်ကျေးရွာများအထိ ၀င်ရောက် သောင်းကျန်းမှုများ ရှိလာကြောင်း ဒေသခံများထံက သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း တောဆင်ရိုင်းများ အဓိကအခြေချကျက်
စား နေထ8_|NίWהKwင်တန်းဒေသများ၌ လွန်ခဲ့သော(၄)နှစ်ဝန်းကျင်လောက်
မှစပြီး စဉ်ဆက်မပြတ် သစ်ထုတ်လုပ်ငန်းများအား အလုံးအရင်းဖြင့် ပြုလုပ်ခဲ့ကြောင်း
ကိုလည်း သိရသည်။
အဆိုပါ သစ်ထုတ်လုပ်ငန်းများကြောင့် သစ်တောများပြုန်းတီးပျက်စီးမှု အလျင်
အမြန် ဖြစ်ပေါ်လာရာ တိရိစ္ဆာန်တို့၏ စားကျက်များ လျော့နည်းပျောက်ဆုံးမှု
များ ဖြစ်လာပြီး တောဆင်ရိုင်းများမှာ ကျေးလက်ကျေးရွာများထိ သီးပင်စားပင်
များကို ကျူးကျော် ၀င်ရောက် စားသောက်သောင်းကျန်းမှုများရှိလာခြင်းဖြစ်ကြောင်း 
 ဒေသခံတို့က ဆိုသည်။
တောဆင်ရိုင်းတွေ ၀င်သောင်းကြမ်းရင် တောင်သူအချို့လည်း တောဆင်ရိုင်း
များ ခြောက်လှန့်ကြိမ်းမောင်းရင်းနဲ့ တောဆင်ရိုင်းတွေရဲ့ တိုက်ခိုက်ခြင်းခံရတာ
တွေကြောင့်  လို့ ခြေလက်အင်္ဂါချို့ယွင်း ပျက်စီးသွားတာလည်း ရှိပါတယ်ဟု
 မောင်တော မြောက်ပိုင်း မယူတောင်ခြေရင်းနီး မင်းခမောင်းကျေးရွာမှ ဦး
ဦးတင်မောင်က ပြောသည်။
ထိုကဲ့သို့ တောဆင်ရိုင်းများဝင်ရောက်သောင်းကျန်းစဉ် ရွာသူရွာသားများနှင့်
 တောဆင် ရိုင်းများအကြား မကြာခဏဆိုသလိုပဋိပက္ခများဖြစ်ပွားမှုမှားရှိလာပြီး 
 တောင်သူတချို့ မှာ တောဆင်ရိုင်းများနှင့်ယှဉ်ပြီး ကြိမ်းမောင်းတိုက်ခိုက်စဉ်
 ခြေ၊ လက် ကိုယ်အင်္ဂါ အစိတ်အပိုင်းချို့ယွင်းပျက်စီးမှုများရှိသည်အထိဖြစ်
ပေါ်လာကြောင်းကိုလည်း သိရသည်။
ကျွန်တော်တို့ မယူတောင်ခြေရင်းနီး ကျေးလက်ကျေးရွာတွေမှာက တောဆင်
ရိုင်း အုပ်မှားပြီး ကျေးလက်ကျေးရွာနီးနားနှင့် ကျေးရွာထဲထိ သီးပင်စားပင်များ
ကို ကျူးကျော် ၀င်ရောက် သောင်းကျန်းမှုတွေ မကြာခဏဆိုသလိုကြားလာရ
တယ်ဟု မောင်တောမြောက်ပိုင်းမှ တောင်သူဦးညီချေက ပြောသည်။
ယင်းဒေသနေရွာသူရွာသားများအတွက် တောရိုင်းဆင်များ၏ အန္တရာယ်ကို
 နေ့စဉ်နှင့်အမျှ ကြောက်လန့်နေရပြီး အန္တရာယ်ကိုကာကွယ်ရန် ကင်းချစောင့်ကြည့်
 နေရသည်အထိရှိလာကြောင်းကိုလည်း ဒေသခံများကဆိုသည်။
အဆိုပါ တောင်တန်းဒေသများ၌ ပြည်တော်အခြေစိုက် သစ်ထုတ်လုပ်ရေး ကုမ္ပဏီ
တစ်ခုက မောင်တောဒေသတွင် ရုံးခွဲများဖွင့်လှစ်ကာ သစ်ထုတ်လုပ်ငန်းများ လုပ်ကိုင်
ဆောင်ရွက်နေခြင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ထွင်းရှင်းလင်းခြင်းနှင့်  ဘင်္ဂလီများ၏ 
 ကျေးလက်ချဲ့ထွင်မှုနှင့် သစ်တောများကို မှီခိုလာမှုများကြောင့် သစ်တောပြုန်းတီးမှုမှာ အလျှင်အမြန်ဖြစ်ပေါ်နေကြောင်းကိုလည်း သိရသည်။
သစ်တောများပြုန်းတီးခြင်း၏ သွယ်ဝိုက်အကျိုးဆက်ရလာဘ်များအဖြစ် ဒေသတွင်း
 ရာသီဥတုကို မတည်ငြိမ်းမှုများဖြစ်ပေါ်ကာ ကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ
ကို တိုက်ရိုက်ထိခိုက်မှုများရှိလာကြောင်းကိုလည်း စိုက်ပျိုးရေးလုပ်ငန်းနှင့်  နီးစပ်
သူများ၏ အဆိုအရသိရသည်။
သစ်တောပြုန်းတီးပျက်စီးမှုနှင့် တောတွင်း အစာရေစာများရှားပါးပြတ်လတ်မှုကြောင့် 
ယခုနှစ်နွေရာသီက  မယူတောင်တန်း   အောင် သပြေဒေသတွင် တောဆင်ရိုင်း(၁)
 ကောင် သေဆုံးပုတ်ပွနေမှုကို တောင်သူများက တွေ့မြင်ခဲ့ကြောင်း အောင်သပြေ
 ကျေးရွာတောင်သူတစ်ဦး၏ ပြောဆိုမှုအရသိရသည်။

 သတင်းရင်းမြစ်    Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ