
ရှမ်းထံမှ မြ၀တီမြို့အား လျှပ်စစ်မီးပေးနေချိန်၌ နေ့ရော ညပါ (၂၄)နာရီမီးထိန်သာ
ခဲ့သော မြ၀တီမြို့ကြီးသည် ယင်းမြို့၏မြို့ မျက်နှာဖုံးဖြစ်သော----------------------
ဒေါ်သင်း သင်းမြတ် လျှပ်စစ်မီးနှင့်ပတ် သက်၍ လေလံအောင်ပြီးသည့် နောက်
၎င်း၏လက်ထက်သို့ ရောက်သောအခါ မီးခဏခဏ ပျက်ခြင်း၊ မီးအားမပြည့်ခြင်း၊
မီ တာခနှုန်းထားများ ပိုမိုကျခြင်းနှင့် မီးအားမမှန်ဖြစ်ကာ ထရန်စဖာ ပုံးများမကြာ
ခဏပေါက်၍ ပြည် သူများအထိတ်တလန့်ဖြစ်နေရ ကြောင်း မြ၀တီမြို့နေ ပြည်သူ
တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
““ရှမ်းဆီက လျှပ်စစ်မီးယူနေ တုန်းကဆိုရင် ကျွန်တော်တို့ မြ၀ တီမြို့က တစ်နှစ်
လုံးနေလို့ မီးတစ် ခါတောင်ပျက်ခဲ့ပါတယ်။ တစ် ရက်မှာ (၂၄)နာရီဆို (၂၄)နာရီ လုံး
မီးအပြည့်လာတယ်။ တကယ် လို့ မီးပျက်ခဲ့တယ်ဆိုရင် (၁)မိနစ် တောင် မပြည့်ပါ
ဘူး။ ဒါတောင် မှ (၅)လ(၆)လလောက်မှတစ်ခါ တစ်လပျက်တာပါ။ အဲဒီလောက် မီးအချိန်ပြည့်လာတာတောင်တစ် ယူနစ်ကို (၄)ဘတ်နဲ့ပြား (၅၀)ပဲ ကျတယ်။ မီးက
လည်း အချိန် ပြည့်လာတဲ့အတွက် မီးအား မမှန် တာတို့၊ မီးအားဆောင့်တက်တာ
တို့မဖြစ်ဘူး။ ဒါပေမဲ့ အရင်က ကျွန်တော်တို့ မြ၀တီမြို့မျက်နှာဖုံး ဒေါ်သင်းသင်းမြတ်
မီးနဲ့ပတ်သက် လို့ လေလံအောင်သွားပြီးတော့ မြ၀တီမြို့ရဲ့ မီးနဲ့ပတ်သက်တဲ့ကိစ္စ
အ၀၀ကို သူကပဲကိုင်တော့တယ်။ အဲဒီအချိန်က ကစပြီး မီးကလည်း အချိန်ပြည့်
မလာတော့ဘူး။ တစ် ရက်ကို (၁၀)ကြိမ်လောက်ပျက် တယ်။ မီးလာပြန်တော့လည်း
မီး အားမပြည့်တာတို့ဘာတို့ဖြစ်တယ်။ မီးကို ပေးလိုက်ဖျက်လိုက်လုပ်တဲ့ အတွက်
မီးအားတွေဆောင့်ဆောင့် တက်တယ်။ အဲဒီအတွက်ကြောင့် ထရန်စဖာပုံးတွေ
ခဏခဏပေါက် တယ်။ အဲဒီတော့ ပြည်သူတွေ အထိတ်တလန့်ဖြစ်တာပေါ့။ မီ တာခ
အတွက် မီတာယူနစ်တွေ ပိုပိုကျလာတော့ အရင်ကတစ်လ ကို ဘတ်(၅၀၀)
လောက်ဆောင် ရတဲ့အိမ်တွေက အခုလို ဘတ် (၇၀၀)(၈၀၀)လောက်ဆောင်နေရ
တယ်။ အဲဒီလို မီတာခတွေ များ လာတဲ့အတွက် မီတာဆောင်တဲ့ အချိန်ဆို ရုံးမှာ
အမြဲတမ်းပြသနာ တက်တယ်။ အဲဒီလို ပြသနာဖြစ် ရင်လည်း သူတို့က ပြည်သူတွေ ကို ကောင်းကောင်းမပြောဆိုဘဲ နဲ့ ဘယ်သူက မီးကိုခိုးလို့ရမှာလဲ။ ဒီလောက်သုံးလို့
ဒီလောက်ကျ တာပေါ့ဆိုပြီး အော်ဟောက် တယ်။ ကျွန်တော်တို့က ပိုက်ဆံ ပေးရ
တာသိပ်ပြသနာမရှိဘူး။ ဟိုးအရင်ကလည်း လေးဘတ်ခွဲပဲ ဆိုပေမယ့်မီးအချိန်ပြည့်
လာတဲ့အ တွက် မီတာနှုန်းမှန်တယ်။ အဲဒီ အတွက် မီတာခလည်းမှန်တယ်။ အခု
ကျတော့ တစ်နေ့လုပ်တစ် နေ့စားအခြေခံလူတန်းစားတွေအ တွက်ကျတော့တစ်လ
ကို ဘတ် (၇၀၀)၊ (၈၀၀)ဖယ်ရတဲ့အတွက် စားဝတ်နေရေးဒုက်္ခရောက်တာ ပေါ့။
အခြေခံလူတန်းစားတွေ ရယ်လို့ မဟုတ်ပါဘူး။ မြ၀တီတစ် မြို့လုံးက ပြည်သူတွေ
အတွက် ဒုက္ခရောက်နရတာပါ””ဟု မြ၀တီ မြို့နေပြည်သူတစ်ဦးဖြစ်သော
ကိုခင်မောင်ဝင်းမှ မြ၀တီမြို့ မီး ပျက်ရခြင်းနှင့်ပတ်သက်၍ ပြော ကြားခဲ့သည်။
ဤကဲ့သို့ တစ်ချိန်က လျှပ် စစ်မီးထိန်ထိန်သာခဲ့သော မြ၀တီ မြို့ကြီးသည် ယခုကဲ့
သို့သော တစ်နေ့လျှင် မီး(၁၀)ကြိမ်မျှ ပျက် လျက်ရှိခြင်း၊ မကြာခဏ ဖွင့်ချည် ပိတ်
ချည်ပြုလုပ်ခြင်းကြောင့် မီး အားဆောင့်တက်ကာမီတာယူနစ် ပိုကျခြင်း၊ မီးအား
မငြိမ်၍ ထရန် စဖာပုံးများ မကြခဏပေါက်၍ ပြည်သူများ အထိတ်တလန့်ဖြစ်
ခြင်းနှင့် တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲသားပြည်သူများသာမက မြ၀တီမြို့တစ်
မြို့လုံးရှိ ပြည်သူ များအားလုံး အခက်တွေ့ ဒုက္ခ ရောက်နေခြင်းများအားငြိမ်သက်
ကောင်းမွန်မှုနှင့် ပြေလည်မှုများ ရှိစေရန် တာဝန်ရှိသူများ အနေ ဖြင့် လိုအပ်လျှင် လိုအပ်သလို ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ် ပေးစေလိုကြောင်း ၎င်းမှ ထပ် လောင်း
ပြောကြားခဲ့သည်။
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment