Monday, September 24, 2012

အာမခံလုပ်ငန်း လုပ်ကိုင်မည့် မြန်မာ ထိပ်တန်း လုပ်ငန်းများ မတည်ငွေရင်း အဖြစ် ကျပ် ၄၇၀ ဘီလျံကျော် ပေးသွင်း ရန်ရှိပြီး ဈေးကွက် အတွင်း ကျပ်ငွေ ၀ယ်လိုအား မြင့်မားနေ



သိမ်ဖြူနိုင်ငံခြား ငွေလဲလှယ်ရေးကောင်တာတွင် ငွေလဲလှယ်နေမှုအား တွေ့ရစဉ်
ပုဂ္ဂလိကအာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သည့် မြန်မာထိပ်တန်း လုပ်ငန်းကြီး
၁၂ ခုသည် မတည်ငွေရင်းအဖြစ် ကျပ်ငွေ ၄၇၀ ဘီလျံကျော် ပေးသွင်းရန်ရှိပြီး

 ဈေးကွက်အတွင်း ကျပ်ငွေဝယ်လိုအား များနေခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်း
အပေါ် သက်ရောက်မှုများ ရှိလာကြောင့် ပုဂ္ဂလိက အာမခံလုပ်ငန်းအသိုင်း
အ၀ိုင်းထံမှ သတင်းရရှိပါသည်။

''ပထမကမတည်ငွေရင်းကို စက်တင်ဘာလကုန်ပိုင်း သွင်းရမယ်လို့ သိထား
တာ။  စက်တင်ဘာလ ဒုတိယပတ်ရောက်တော့ အမေရိကန်ဒေါ်လာဈေး
သိသိသာသာ စကျလာတယ်။ ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း၊ တရားဝင်
ကောင်တာ ဈေးနှုန်းနဲ့ ပြင်ပဈေးကွက်ပေါက်ဈေးက သိသိသာသာ ကွာလာ
တယ်။ မြန်မာငွေမာလာတာ တခြားအကြောင်းတွေရှိ နိုင်သလို အာမခံအတွက်
 ပေးသွင်းရမယ့်ငွေက နိုင်ငံခြားငွေလဲနှုန်းကို သိသိသာသာ သက်ရောက်လာ
တယ်'' ဟု ပုဂ္ဂလိက အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီကြီးတစ်ခုမှ တာဝန်
ရှိသူတစ်ဦးက ပြောကြားပါသည်။

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ''မတည်ငွေရင်း
 အပ်နှံရမယ့်နည်းလမ်း၊ ကာလတို့အတွက် လုပ်ဆောင်နေပါတယ်။ အားလုံးသိ
ရှိအောင်လည်း ထုတ်ပြန်ပေးပါ့မယ်။ ဒီမတည်ငွေရင်း ပေးသွင်းတဲ့ကိစ္စက နိုင်ငံခြား
 ငွေလဲနှုန်းအပေါ် သက်ရောက်တယ်ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ ပြင်ပကပြော
ဆိုနေတဲ့ ကိစ္စပါ။ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်''ဟု ဆိုပါသည်။

အဆိုပါ အာမခံလုပ်ငန်း လုပ်ကိုင်မည့် မတည်ငွေရင်းများကို နိုင်ငံပိုင်ဘဏ်
(သို့မဟုတ်)ဗဟိုဘဏ်ကို ပေးသွင်းရမည်ဟု သတင်းထွက်ပေါ်နေပါသည်။ လက်ရှိ
အချိန်အထိ မတည်ငွေရင်းများ အပ်နှံရမည့်နည်းလမ်းကို တရားဝင်ထုတ်ပြန်ကြေညာ
 ခြင်းမရှိသေးသော်လည်း နိုင်ငံပိုင်ဘဏ်တစ်ခုခုတွင် စာရင်းသေအပ်ငွေအဖြစ်
 အပ်နှံခြင်းနှင့် ဗဟိုဘဏ်မှ ထုတ်ဝေရောင်းချသော အစိုးရငွေချေးစာချုပ်များ ၀ယ်ယူခြင်းဖြင့် ပေးသွင်းရဖွယ်ရှိကြောင်း အာမခံလုပ်ငန်းလုပ်ခွင့်ရ စီးပွားရေး
လုပ်ငန်းအချို့က ထင်မြင်ယူဆထားသည်။

''နောက်ဆုံးရသတင်းအရ Paid-up Capital (မတည်ငွေရင်း)ကို ၂၀၁၃ ခုနှစ်ဇွန်လ
အထိ ထည့်သွင်းချိန် တိုးမြှင့်ပေးလိုက်ကြောင်း သိရှိရပါတယ်။ ဒီအတွက်ဈေးကွက်
အတွင်းမှ ငွေများကို ရုတ်တရက်တစ်ပြိုင်နက် ထုတ်ခြင်းကိုတော့ ကာကွယ်ပြီးသား
 ဖြစ်သွားပါမယ်''ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ
လ ၁၉ ရက်နေ့က ပြောကြားပါသည်။

အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ရ စီးပွာေးရးလုပ်ငန်းများမှ ထည့်ဝင်ရမည့် မတည်ငွေရင်း
ကို နိုင်ငံခြားငွေဖြင့် လက်ခံပေးခြင်း(စာရင်းပြောင်းနည်းဖြင့်)သို့မဟုတ် ပုဂ္ဂလိက
ဘဏ်များသို့ အပ်နှံစေခြင်းပြုလုပ်လျှင် ဈေးကွက်သို့ သက်ရောက်မှု ပိုနည်း မည်
ဟုလည်း အချို့ကသုံးသပ်ကြောင်း ထူးကုမ္ပဏီများအုပ်စုဝင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး
ဘဏ်၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြထားပါသည်။

နိုင်ငံပိုင်ဘဏ်(သို့မဟုတ်) ဗဟိုဘဏ်သို့ အပ်နှံလျှင် ၎င်းငွေများသည် ငွေသေများ
 ဖြစ်သွားနိုင်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း မလိုအပ်ဘဲ အတိုးပေးရခြင်းများ ကြုံတွေ့ရမည် ဖြစ်ပါတယ်။ နိုင်ငံခြားငွေဖြင့် လက်ခံပေးလျှင် ပြည်တွင်းရှိ နိုင်ငံခြား
ငွေ ဈေးကွက်ကို ထိခိုက်မှုနည်းနိုင်သကဲ့သို့ ပုဂ္ဂလိကဘဏ်များသို့ စာရင်းသေ
အပ်ငွေအဖြစ် တစ်နှစ်၊ နှစ်နှစ်အပ် စေလျှင်လည်း ပုဂ္ဂလိကဘဏ်များမှ အခြား
ငွေကြေးလိုအပ်နေသော လုပ်ငန်းရှင်များသို့ ပြန်လည်ထုတ်ချေးမည်ဖြစ်သဖြင့် ၎င်းငွေများသည် ဈေးကွက်အတွင်း ပြန်လည်ရောက်လာပြီး လည်ပတ်နေကြ
မည်ဟု မှန်းဆကြပါသည်ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က ဆိုပါသည်။

အာမခံလုပ်ငန်းအားလုံး စုစု  ပေါင်းပေးသွင်းရမည့်ကျပ်ငွေပမာ ဏမှာ ကျပ်
၄၇၀ ဘီလျံကျော်ဖြစ် သည့်အတွက်ပုဂ္ဂလိဘဏ် ၁၉ ဘဏ် ၏ မတည်ငွေရင်း
ထက် ပိုမိုများပြား မည်ဖြစ်သည်။ ယခုနှစ်ဇွန်လကုန် စာရင်းများအရ မြန်မာနိုင်ငံ
တွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ်သည် မတည်ငွေရင်း ကျပ် ၄၀၁ ဘီလျံ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပါသည်။

ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သည့် အမေရိကန်ဒေါ်လာငွေလဲနှုန်း
ရက်စွဲ (သိမ်ဖြူဈေး) (ပြင်ပဈေး)
၁၂ .၉ .၂၀၁၂ ၈၆၁/၈၇၁ ၈၅၆/၈၅၈
၁၃ .၉ .၂၀၁၂ ၈၆၁/၈၇၁ ၈၅၄/၈၅၇
၁၄ .၉ .၂၀၁၂ ၈၆၀/၈၇၀ ၈၅၂/၈၅၄
၁၇ .၉ .၂၀၁၂ ၈၅၉/၈၆၈ ၈၄၇/၈၄၈
၁၈ .၉ .၂၀၁၂ ၈၅၉/၈၆၈ ၈၄၇/၈၅၀
၁၉ .၉ .၂၀၁၂ ၈၅၈/၈၆၈ ၈၄၆/၈၄၉
၂၀ .၉ .၂၀၁၂ ၈၅၆/၈၆၈ ၈၄၈/၈၅၁
၂၁ .၉ .၂၀၁၂ ၈၅၆/၈၆၆ ၈၄၈/၈၅၁


သတင်းရင်းမြစ်    Eleven Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ