Monday, September 24, 2012
ပြည်ခိုင်ဖြိုးပါတီက မဲ မသမာမှုနှင့် တရားစွဲဆို ထားမှုများ အပေါ် NLD ပြည်သူ့ လွှတ်ကိုယ်စားလှယ် အားလုံး အနိုင်ရရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့်
တရားစွဲဆိုထားမှုများတွင် NLD ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရရှိခဲ့ကြောင်း
သိရသည်။
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော စစ်ကိုင်းမဲဆန္ဒနယ်မှ
ဦးခင်မောင်သိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ ကျွန်းစုမဲ
ဆန္ဒနယ်မှ ဒေါ်တင်တင်ရီနှင့် လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်း တို့ကို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက မေလ
၁၀ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။
အဆိုပါအမှုများကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှ
ခုံရုံးများတွင် စစ်ဆေးခဲ့ပြီး ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ၏ စွပ်စွဲချက်များ
မှာမှားယွင်းပြီး ရွေးကောက်ပွဲတွင် မတရားပြုကျင့်မှု တစ်စုံတစ်ရာပြုလုပ်
ခဲ့ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။
စွပ်စွဲခံရသူလေးဦး၌ နောက်ဆုံး ဆုံးဖြတ်မှုအဖြစ် လှည်းကူးမြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲတွင် တရားမျှတ
မှုရှိကြောင်း စက်တင်ဘာလ၂၀ရက်နေ့က စီရင်ချက်ချခဲ့သည်။
''စွပ်စွဲမှုတွေမှာ ကျွန်တော်တို့အားလုံး အနိုင်ရတယ်။ ကျွန်တော့်ကို ပြည်ခိုင်ဖြိုး
ကိုယ်စားလှယ် ဒေါက်တာအောင်မြတ်သူက ရွေးကောက်ပွဲမှာ မတရားလုပ်ခဲ့
တယ်။ တရားမဲ့ပြုကျင့်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲတာ။ စွပ်စွဲမှုတွေဟာ မှားယွင်း
တယ်။ မတရားပြု ကျင့်မှု မလုပ်ခဲ့ဘူးဆိုပြီး စီရင်ချက်ချတယ်။ တရားရုံး
ကုန်ကျစရိတ်ကိုတော့ နှစ်ဖက်စလုံးကို ပြန်ထုတ်မပေးဘူး''ဟု ဦးဖြိုးမင်းသိန်း
က ပြောပါသည်။
သတင်းရင်းမြစ်း Eleven Media Group
Labels:
သတင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ

No comments:
Post a Comment