မြန်မာအစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာသွေးခွဲစည်းရုံးမှုကြောင့် ကရင်အမျိုးသား
အစည်းအရုံး KNU နှင့် ၎င်း၏ စစ်ရေးအဖွဲ့ဖြစ်သော KNLA အကြား သဘောထား
တိုက်ဆိုင်ခြင်း မရှိသဖြင့် အဖွဲ့အတွင်း နှစ်ခြမ်းကွဲသွားပြီဟု လေ့လာသူများက
ပြောသည်။

လာမည့် စနေနေ့ ဗဟိုအဆင့်ဆက်ဆံရေးရုံး ဘားအံမြို့တွင် ဖွင့်လှစ်ရန်
KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်သော KNU ခေါင်းဆောင်
အချို့ ပါဝင်မည့် (၃၁) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဗဟို၏ ခွင့်ပြုချက်မပါဘဲ
မနက်ဖြန်တွင် နယ်စပ်မှ ထွက်ခွာမည့် ကိစ္စနှင့်ပတ်သက်၍ လေ့လာသူများက သုံးသပ်ပြောဆိုနေကြခြင်းဖြစ်သည်။
လေ့လာသူတဦးက
”KNU မှာ လက်ရှိဗဟိုနဲ့စစ်တပ် ကွဲသွားပြီး စစ်တပ်က ဗဟို
အမိန့်ကို နာခံမှုမရှိဘဲ သူလုပ် ချင်တာကိုသူရွေးလိုက်ပြီ။ စစ်ဦးစီးချုပ်ကို ဗဟိုက
အတန်တန် တားနေတဲ့ကြားကနေ ဘားအံမှာ ဗဟိုဆက်ဆံရေးရုံး သွားဖွင့်ဘို့
မနက်ဖြန်သွားတော့မယ်။ ဒီဖွင့်ပွဲကို သမတရုံးဝန်ကြီး ဦးအောင်မင်းက လာ
ရောက် ဖွင့်လှစ်ပေးမှာ ဆိုတော့ အစိုးရရဲ့ သွေးခွဲစည်းရုံးမှု သဘောထားက
ပေါ်လွင်သွားပြီ” ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့်
ပြည်ထောင်စုအဆင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်
ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်းတို့ ဦးဆောင်ပြီး
KNU ဗဟိုဆက်ဆံရေးရုံးကို ယခုလ ၂၉ ရက်နေ့တွင် ဘားအံမြို့၌ ဖွင့်လှစ်
မည်ဖြစ်သည်။

မနက်ဖြန်မဲဆောက်မှ
စတင် ထွက်ခွာမည့်အဖွဲ့တွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊
ပဒိုဒေးဗစ်ထော၊ ပဒိုရွှေမောင်း၊ ပဒိုကွယ်ထူးဝင်း၊ ဗိုလ်မှူးချုပ်ဂျော်နီနှင့် ပဒို
အောင်မော်အေးတို့ ပါဝင်ပြီး အများစုမှာ KNU တပ်မဟာ ၄-၆-၇ မှ အဆင့်မြင့်
ခေါင်းဆောင်များ ဖြစ်သည်။

၎င်းအဖွဲ့ဝင်အချို့သည်
ဗဟိုခွင့်ပြုချက်မပါဘဲ ယခုလ ၁၅ ရက်နေ့ညက ဘားအံ
မြို့ရှိ ဇွဲကပင် ဟိုတယ်တွင် ဆက်ဆံရေးရုံးဖွင့်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ
လုပ်ဆောင်ရန်အတွက် လှို့ဝှက်တွေဆုံခဲ့ကြသည်ဟု ဆွေးနွေးပွဲတွင်ပါဝင်သူ
တဦးက ပြောသည်။

KNU ဗဟို၏သဘောထားသည် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဘက်
လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာများ ကို နှစ်ဘက်လိုက်နာရမည့် ကိစ္စရပ်များ
ဆွေးနွေးဖြေရှင်းပြီးမှသာလျှင် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးမည်ဟုသိရှိရသည်။
သို့သော်
ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့က မြန်မာအစိုးရနှင့်ငြိမ်း
ချမ်းရေး လက်မှတ်ရေးထိုးပြီးမှသာ လျှင် မိမိတို့ လိုအပ်ချက်များကိုတောင်းဆို
ခြင်းက ပို၍ လက်တွေ့ကျပြီးဖြစ်နိုင်ခြေရှိသည် ဟုပြောသည်။

လက်ရှိအခြေအနေနှင့်
ပတ်သက်၍သိရှိနိုင်ရန် KNU ဗဟို ထိပ်တန်းခေါင်းဆောင်
များကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း တစုံတရာ သဘောထားပေးရန် ငြင်းဆို
ခဲ့ကြသည်။

မနက်ဖြန်တွင်
KNU က အရေးပေါ် အစည်းအဝေးခေါ်ယူထား ပြီး ဗိုလ်ချုပ်ကြီး
မူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့ ဘားအံတွင် ဗဟိုဆက်ဆံရေးရုံးဖွင့်မည့် ကိစ္စနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်ရန်ရှိသည်ဟု သိရသည်။

KNU ဗဟိုနှင့်
စစ်ဦးစီးချုပ်တို့အကြား ယခု လဆန်းမှစတင်ကာ တဘက်နှင့်တဘက်
အမိန့်နာခံမှုနှင့် အပြန် အလှန်လေးစားမှု မရှိတော့ဘဲ ကြေးနန်းဖြင့်သာ နှစ်ဘက်
သဘောထားများကို အပြန်အလှန် ပေးပို့ခဲ့ကြသည်။

ဘားအံတွင်ဖွင့်လှစ်မည့်
ဗဟိုဆက်ဆံရေးရုံးကိစ္စနှင့် ပတ်သက်၍ ထပ်မံဆွေးနွေး
ရန်ရှိသည့် အတွက် လတ်တလော ဖွင့်လှစ်ခြင်း မပြုလုပ်ရန် ယခုလ ၈ ရက်နေ့က
KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊
ဦးခင်ရီ၊ ဦးစိုးသိန်းတို့ထံ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း မျက်နှာလွှဲခဲပစ်
လုပ်ခဲ့သည်ဟု KNU ခေါင်း ဆောင်တဦးက ပြောသည်။

KNU ဗဟိုက
အလားတူ ကြေးနန်းတစောင်ကို ယခုလ ၁၁ ရက်နေ့က ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးထံ ပေးပို့ခဲ့သော်လည်း
တဘက်က ငြင်းဆန်ခဲ့သဖြင့် အချည်းနှီးဖြစ်ခဲ့ရ
သည်ဟု KNUဘက်က ပြောသည်။
သည်ဟု KNUဘက်က ပြောသည်။
မြန်မာအစိုးရ၏
ယခုလုပ်ရပ်ကြောင့် နှစ်ဘက်အကြား လုပ်ဆောင်နေသည့် ငြိမ်းချမ်း
ရေးဆိုင်ရာလုပ်ငန်းစဉ် များ ပျက်စီးသွားနိုင်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်
အချို့က သုံးသပ်ပြောဆိုသည်။
သတင်းရင်းမြစ်း ဧရာဝတီ

No comments:
Post a Comment