![]() |
ရန်ကုန်မြို့ ကျူးကျော်ရပ်ကွက်တခုမှ ဒေသခံများ |
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြင့် ကျူးကျော်နေထိုင်သူများအတွက်
ဆင်းရဲသားရွှေမြို့တော်ဟု အမည်ပေးထားသော အိမ်ရာစီမံကိန်း အကောင်
အထည်ဖော်မည်ဖြစ်ကြောင်း NDF ပါတီ၏ လှိုင်သာယာမြို့နယ်ဥက္ကဌ
ဦးမြင့်သိန်းက ပြောသည်။
“ဒီလို ဆင်းရဲသားရွှေမြို့တော် တည်ဆောက်ဖို့ ဖြစ်လာတာက လှိုင်သာယာမှာ
နေထိုင်တဲ့ ကျူးကျော်တွေကို အစိုးရက ဖယ်ခိုင်းတော့ ကျွန်တော်တို့ဆီ လာ
အကူအညီတောင်းတော့ ဒီဟာလေးကိုလုပ်မယ်လို့ တွေးမိတာပါ။ အဲဒါနဲ့ပဲ
ကျူးကျော်များ ရာသက်ပန် နေထိုင်နိုင်အောင် သူတို့ကို ဒီမှာပဲ နေတစ်အိမ်ကို
ပေ ၂၀x၅၀ မြေပေါ်မှာ ၁၅ပေxပေ၂၀ အိမ်လေးတွေ ဆောက်ပေးပါမယ်။ မွေးမြူ
ရေး လုပ်ဖို့လည်း စီင်္စဉ်ပေးပါမယ်။ စီမံကိန်းကို သိန်း ၁၀၀ နဲ့စမယ်” ဟု
ဦးမြင့်သိန်းက ပြောသည်။
ပိုက်ဆံ ဘယ်လို/ဘယ်လောက် သွင်းရမလဲ?
“အရင်ဆုံး ကျပ်သုံးသောင်း နဲ့ နှစ်လ သွင်းပြီးရင် နေလို့ရပြီ၊ တစ်လ ကျပ်သုံး
သောင်းနဲ့သုံးနှစ်အထိ ပေးရမယ်၊ သူတို့အနေနဲ့ပထမတစ်နှစ်လောက်ပဲ ဒုက္ခရောက်မယ်၊ နောက်ပိုင်းမှာ မွေးမြူရေးလုပ်ငန်းတွေ အဆင်ပြေလာမယ်”
“လတ်တလောအခြေအနေမှာ ကျူးကျော်သမားတွေအနေနဲ့ တစ်လ ကျပ်
သုံးသောင်း မပေးနိုင်ရင် ဒီစီမံကိန်းထဲမှာ ၀င်ရောက်လုပ်ကိုင်ပြီး အလုပ် လုပ်
ပေးလို့ရတယ်၊ တစ်နေ့ကျပ်၁၀၀၀နှုန်းနဲ့ပေါ့” ဟု ဦးမြင့်သိန်းက ပြောသည်။
လက်ရှိတွင် အိမ်အလုံးပေါင်း ၁၀၀ စီစဉ်ထားသော်လည်း လျှောက်ထား
သူဦးရေ ၂၀၀ခန့် ရှိကြောင်း၊အမှန်တကယ် နေထိုင်လိုပါက လာရောက်လျှောက်
ထားနိုင်ပြီး အိမ်အလုံး ၁၀၀ စီဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း
သိရသည်။
ဆောက်ပေးမယ့်အိမ်ရာ ပြန်ရောင်းလို့ရသလား?
ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာများ ဆောက်လုပ်ပေးမည် ဖြစ်
သော်လည်း တရားဝင် ပိုင်ဆိုင်ခွင့် မရှိဘဲ နေထိုင်ခွင့်သာ ပေးမည်ဖြစ်ကြောင်း၊
လက်လွှဲရောင်းချခြင်းများ မပြုလုပ်ရန်အတွက် ပိုင်ဆိုင်ခွင့်မပေးခြင်းဖြစ်ကြောင်း
သိရသည်။
ဆင်းရဲသားရွှေမြို့တော်စီမံကိန်း အတွက် နေထိုင်သူများအား ၁၀ လပိုင်း ၁
ရက်နေ့မှ ၁၀ရက် အတွင်း ပိုက်ဆံကောက်ခံမည်ဖြစ်ကြောင်း၊ ပိုက်ဆံကောက်
ခံပြီးပါက ထန်းတပင်မြို့နယ်တွင် မြေ ၀ယ်ယူမည်ဖြစ်ကြောင်း သိရသည်။
ကျူးကျော်တဦးရဲ့ အသံ “အစ်မတို့မိသားစုက ဒီလှိုင်သာယာမှာ နေလာ
တာ နှစ်မနည်းတော့ဘူး၊ ကျူးကျော်လား ဘာလားတော့ အမ မသိဘူး။ အမ
တို့ကလည်း တဆင့် ပြန်ဝယ်နေတာ။ အခု မြို့တော်ဆောက်ပေးမယ်ဆိုတော့
ပိုက်ဆံ ထပ်ပေးရအုံးမယ်၊ အရင်ဝယ်ထားတဲ့ ပိုက်ဆံလဲ ဆုံး။ မတတ်နိုင်
ဘူးလေ။ ကိုယ်တွေမှနေစရာမရှိတော့တာ။ ကိုယ်တွေက ငှားမှမနေနိုင်တာ။ ဆင်းရဲတဲ့သူတွေဆိုတော့လည်း ကလေးတွေတောင် ကျောင်းမထားနိုင်တဲ့ဟာ။
ထန်းတပင်ဆိုတော့ သိပ်လည်းမနေချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အမက
ဒီနားက အထည်ချုပ်မှာ အလုပ်လုပ်တာလေ၊ မတတ်နိုင်ဘူးလေ၊ ပြောင်းရမှာ
ပဲ” ဟု လှိုင်သာယာကျူးကျော်နေထိုင်သူ ဒေါ်လှဌေးက ပြောသည်။
ဥပဒေပညာရှင်တဦးရဲ့ အသံ
၁၂ နှစ်အထက် ကျူးကျော်နေထိုင်သူများအတွက် သီးသန့် အစီအစဉ် ရှိသင့်
သည်ဟု ပညာရှင်တဦးက ထောက်ပြသည်။
“ကျူးကျော်ထားတဲ့ပြည်သူတွေကလည်း အများကြီး။ သူတို့က ဒီစီးပွားရေး
စနစ်ထဲမှာ လက်ဆင့်ကမ်း နေလာကြတာ နှစ်ပေါင်းမနည်းတော့ဘူး။ တချို့ဆိုရင်
နှစ်ပေါင်း ၁၀၀၊ ၅၀ မကတော့ဘူး။ ဥပဒေအရ တရားဝင် အမည်ပေါက်တွေ ထုတ်
ပေးသင့်တယ် လို့ထင်တယ်။ ဘာလို့လဲ ဆိုတော့ ဥပဒေထဲမှာကို ကျူးကျော်နေ
ထိုင်သူတွေက ၁၂ နှစ်နေရုံနဲ့တင် မူလပိုင်ရှင် ဖယ်ခိုင်းရင်တောင် တရားမ၀င်
ဘူးလေ”
“ကျူးကျော်တွေကိုဖယ်တယ်လို့ မပြောဘဲ ၁၂ နှစ်အောက် တရားမ၀င်နေထိုင်သူ
တွေကို ဖယ်ခိုင်းတယ် ဆိုရင် ပိုပြီးတော့ သင့်တော်မယ်လို့ ပြောချင်တယ်၊ ထန်းတပင်
မြို့နယ်မှာလုပ်ပေးတာတွေရှိသလို သင်္ဃန်းကျွန်းမြို့နယ်မှာလည်း ရှိနေတယ်၊
ပုဂ္ဂလိကပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်ပြည်သူတွေ နစ်နာမယ့် ကိစ္စတော့ မဖြစ်စေ
ချင်ဘူး” ဟု ဥပဒေပညာရှင် ဦးတင်သန်းဦးက ပြောသည်။
သတင်းရင်းမြစ်း ဧရာဝတီ
No comments:
Post a Comment