Wednesday, October 17, 2012

ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံ ခရီး သတင်းစာ ရှင်းလင်း

မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်
လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း
သားများ ဒီမိုက်ရက်တစ် တပ်ဦး (ABSDF)
 ခေါင်းဆောင်ဟောင်းတွေက မြန်မာနိုင်ငံမှာ
အစိုးရ အပေါ်ပိုင်း ပြောင်းလဲနေပေမယ့်

 အောက်ခြေအဆင့် အာဏာပိုင်တွေမပြောင်းလဲသေးဘူးလို့ ယမန်နေ့ ပြောကြား
လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ်မှာ ဒီကနေ့
မနက်(၁၀) နာရီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ABSDF ဥက္ကဋ္ဌဟောင်း
ဦးထွန်းအောင်ကျော်က ငြိမ်းချမ်းရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ကျနော်တို့ အစိုးရက ပြောင်းနေပြီ၊ ပြောင်းနေပေမယ့် အပေါ်ထပ်က ပြောင်းနေ
တာသာဖြစ်တယ်။ အောက်မပြောင်းသေးဘူး။ အောက်ကပြောင်းဖို့လည်း လိုတယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့ကိစ္စ ဇစ်မြစ်ကလည်း
 တွေ့ဆုံဆွေးနွေးရေး အနေနဲ့ လုပ်သင့်တယ်။ အဖက်ဖက်ကနေ compromise
 လုပ်သင့်တယ် ဆိုတဲ့ အဲဒီဥစ္စာကို ကျနော်တို့ အနေနဲ့ ဒါ message ပေးတာ။
 နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့လည်း ပြုပြင်ပြောင်းလဲမှုမှာ ကျနော်
တို့ ခရိုနီ စီးပွားရေးတွေကို ဟန့်တားနိုင်တဲ့ ဥပဒေတွေ ရှိလာပြီးတော့ တရား
မျှတတဲ့ ဒီ လက်လုပ်လက်စားတွေကော လုပ်ငန်းရှင် အသေးလေးတွေကော
 ရှင်သန်နိုင်တဲ့ ဥပဒေကြမ်းတွေ ထုတ်ပေးပြီးတော့ ဗမာပြည်မှာ လွတ်လပ်စွာ
 တရားမျှတစွာ ယှဉ်ပြိုင်ခွင့် ပြုနိုင်တဲ့ ဥပဒေကို ထုတ်ပေးမယ်ဆိုရင် ကျနော်
တို့ တိုင်းပြည်လည်း ပြန်ပြီးတော့ ဦးမော့လာမယ်လို့ ယုံကြည်တယ်ဆိုတဲ့
message ပေါ့ဗျာ။”

သူတို့အဖွဲ့အနေနဲ့ ကွဲကွာနေတဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် ကျောင်းသား
တွေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်
ရခဲ့ပြီး သူတို့ သဘောထားတွေကို သိခဲ့ရကြောင်း၊ ဒီအဖွဲ့တွေအထဲက တချို့တွေ
နဲ့ လက်တွဲလုပ်နိုင်မယ့် သဘောတူညီချက်အချို့ရခဲ့တယ်လို့ ဦးထွန်းအောင်
ကျော်က ပြောပါတယ်။

ဒါအပြင် အင်းတွေကြောင့် ရေမြုပ်နေတဲ့ ဒေသတချို့က ဒေသခံတွေ လူ့အခွင့်
အရေး ဆုံးရှုံးနေတာကိုလည်း တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။ဒါပေမယ့် တိုက်ပွဲ
တွေ ဖြစ်နေတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသနဲ့ အချိန်မလုံလောက်လို့ ရခိုင်
ပြည်နယ်ဘက်ကို မသွားခဲ့ရတာကတော့ သူတို့မျှော်မှန်းချက် မပေါက်ဘူးလို့
 ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ ဦးကိုကိုလေးကတော့ မြန်မာပြည်ငြိမ်းချမ်း
ရေးနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျနော်တို့ မြန်မာပြည်မှာ ငြိမ်းချမ်းမှု မရဘဲနဲ့ ဘယ်လို development တွေမှ
လုပ်လို့မရဘူးလို့ ယုံကြည်တယ်။ development တွေလုပ်ဖို့ အတွက်က ငြိမ်း
ချမ်းရေးက အဓိက သော့ချက်ဖြစ်တယ်။ ငြိမ်းချမ်းရေးမှာလည်း ကျနော်
 ဆွေးနွေးရသလောက်က နှစ်ဘက်စလုံးရဲ့ သဘောက ငြိမ်းချမ်းချင်တယ်။
 ငြိမ်းချမ်းရေးကို ဦးတည်တယ်။ နှစ်ဘက်စလုံးက အပြုသဘောဆောင်နေ
တယ်လို့ ကျနော်မြင်တယ်။ သို့သော် အဟန့်အတားတွေတော့ အများကြီးရှိ
တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ရေးတွေ ပါလာတယ်။ ဘယ်နယ်မြေမှာ
 စကားပြောကြမလဲဆိုတဲ့ လက်တွေ့ အခက်အခဲတွေ ပါလာတာတွေ ရှိတယ်။"
အစိုးရရော လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ကချင် တိုင်းရင်းသားတွေ ဘက်ကရော
အာဏာနဲ့ သဘာဝ အရင်းအမြစ်တွေကို ဘယ်လို ခွဲဝေမလဲဆိုတဲ့ စဉ်းစားချက်
တွေ ရှိတယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲကို တက္ကသိုလ်ကျောင်းဆရာတွေ အပါအ၀င်
 မြန်မာနိုင်ငံ အရေး စိတ်ဝင်စားသူတွေ လူပေါင်း ၄ဝ ခန့် တက်ရောက်ခဲ့ကြပြီး
  ဦးထွန်းအောင်ကျော်၊ ဦးကိုကိုလေးနဲ့ ဦးမှူးသာတို့က သူတို့ လေ့လာ တွေ့ရှိ
ချက်တွေကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

သတင်းရင်းမြစ်    RFA      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ