အုပ်စု ငြိမ်းချမ်းသာယာ ရပ်ကွက်ကို ပြီးခဲ့တဲ့
အောက်တိုဘာလ ၁၃ ရက်နေ့ည ၁၀ နာရီအချိန်
က အင်အား ၃၀ နီးပါးရှိတဲ့အစိုးရစစ်တပ်နဲ့ ရဲ
ဝန်ထမ်းတွေ ဝင်ရောက်ပြီး ဒေသခံပြည်သူ
တွေကို ရိုက်နှက်ကာပစ္စည်းတွေ အဓမ္မလုယက် ယူဆောင်သွားတယ်လို့ စုံစမ်း
သိရှိရပါတယ်။
အဲဒီနေ့ညက ဟိုင်းလပ်ကား ၂ စီး၊ ဗင်န်ကား ၁ စီး၊ စုစုပေါင်းကား ၃
စီးနဲ့ ပါလာတဲ့
ရဲနဲ့ စစ်သား အယောက် ၃၀ ခန့်ဟာ ငြိမ်းချမ်းသာယာရပ်ကွက် အတွင်းက အိမ်
တံခါးတွေကို အတင်းအကျပ် ဖွင့်ခိုင်းပြီး ဒေသခံ အမျိုးသား ၆၀ ခန့် ကိုမြေပြင်ပေါ်
မှာ ဝမ်းလျား မှောက်နေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မိမိနဲ့ တခြားသူတချို့ကို သစ်သားတုတ်တွေနဲ့ ရိုက်နှက်ပြီး ပစ္စည်းတွေ ယူငင်သွားခဲ့တာ ဖြစ်တယ်လို့ အရိုက်အနှက် ခံခဲ့ရသူ ဒေသခံ တစ်ဦးက RFA ကို
ပြောပါတယ်။
"တအားခံစားရတယ်ဗျာ။ ကျွန်တော်တို့ကို လူလို မဆက်ဆံဘဲ တိရိစ္ဆာန်တွေလို
ဆက်ဆံတာ။ ကျွန်တော်တို့လို ရိုးရိုးတန်းတန်းနေတဲ့ ပြည်သူတယောက်ကို ဒါ
မျိုးကြီးတော့ မဆက်ဆံသင့်ဘူးလို့ ထင်တယ်။ ကျွန်တော်တို့ ဘုမသိဘမသိနဲ့
အရိုက်ခံရတာ၊ အရိုက်ခံရတာက ၁၀ ယောက်ပါ။ တချို့ဆိုရင် အိပ်ရာကတောင်
မထနိုင်ဘူး။ အလုပ်မလုပ်နိုင်ဘူး။ ကျွန်တော်ဆိုလည်း လက်နဲ့ ညှပ်ရိုးက တော်
တော်နာသွားတယ်။ လှုပ်လို့ကိုမရဘူး။ ကျွန်တော်တို့ ဘယ်ကိုမှ မတိုင်ပါဘူး။
တိုင်ရင် ပြဿနာရှာမှာ စိုးလို့ပါ။ အပြစ်ရှာပြီး ဖမ်းဆီးမှာကြောက်လို့ မတိုင်ရဲဘူး
ခင်ဗျ။"
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က ဖားကန့် ရဲစခန်းကို ဆက်သွယ်စုံစမ်းရာမှာ တစ်စုံ
တစ်ရာ ဖြေကြားခြင်း မရှိပါဘူး။ ငြိမ်းချမ်းသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးကတော့ သူလုံးဝမသိကြောင်း ငြင်းဆိုခဲ့ပါတယ်။
အခုလို ရိုက်နှက်ပြီး ပစ္စည်းတွေ လုယူမှာ ပါဝင်တဲ့ စစ်တပ်တွေကတော့ ခလရ
၇၄ နဲ့ ခမရ ၃၈၂ တပ်ရင်းတွေ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
သတင်းရင်းမြစ်း RFA

No comments:
Post a Comment