Friday, October 19, 2012

မြောက်ဦး ရဲ က လာဒ်စားလိုက်ခြင်းအား Arakan Review မှထုတ်ဖော်


My Logoရခိုင်ပြည်နယ် မြောက်ဦးမြို့ ရဲစခန်းတွင်
 ပေါင်းတုတ်ကျေးရွာ ဗလီအတွင်း လက်နက်
အလက်(၂၀၀) ရှိသည်ဟု ဖြောင့်ချက်ပေး
 ခဲ့သော ဘင်္ဂလီ မူဆလင်ဘာသာဝင် 
 မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ထံမှ မြောက်ဦးမြို့ ရဲစခန်း
 နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က ငွေ (၁၀) သိန်း
တောင်းယူလျှက် ယနေ့ အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၁၀း၃၀) နာရီ ခန့် 
အချိန်တွင် အချုပ်ခန်းမှ လွှတ်ပေးလိုက်ကြောင်း Arakan Review မှ သတင်း
ရရှိသည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အောက်တိုဘာလ (၁၂) ရက်
နေ့တွင် ပေါင်းတုတ်ကျေးရွာမှ မြောက်ဦးမြို့သို့ ဈေးဝယ်ရန်အကြောင်းပြပြီး မြို့ပေါ်
အခြေအနေများအား စုံစမ်းရန် ရောက်ရှိလာသူ မာမောက်ဆော်ကေ (ခ) 
 သိန်းရွှေမောင် ဆိုသူအား ၄င်းနေ့ နံနက် (၁၁း၀၀) နာရီ အချိန်တွင် မြောက်ဦးမြို့ခံ
များနှင့် ရဟန်းတော်များက မသင်္ခါ၍ မြေက်ဦးမြို့ ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်း
ပေးရန် အပ်နှံခဲ့သည်။

ထိုသို့ မေးမြန်းချက်အပေါ် မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က ဖြောင့်ချက်
ပေး ဖြေကြားသည်တွင် –

မိမိတို့ ကျေးရွာရှိ ဗလီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လိုက်သော သေနပ်အလက်
(၂၀၀)နှင့် ၄င်း ကျည်အမျိုးအစားများနှင့် ကျည်ကပ်များရှိကြောင်းကို ဖြောင့်ချက်ပေး
ထွက်ဆိုခဲ့သည်။ သို့သော် ထိုအမှုနှင့်ပတ်သက်ပြီး မြောက်ဦးရဲစခန်းမှ မြို့ခံလူထုသို့
 ပြန်ကြားချက် တရပ်တွင် အမှုမှန်ပေါ်ပေါက်နိုင်ရေးနှင့် ခိုင်လုံသည့် သတင်းအချက်
အလက်များ ရရှိနိုင်စေရန် မြောက်ဦး ရဲတပ်ဖွဲ့မှူး၊ သတင်း ရဲတပ်ဖွဲ့ တပ်ဆွယ်မှူး၊ 
မယက၊ လ၀ကနှင့် သာသနာရေးဦးစီးတို့ ကဆက်လက် စစ်ဆေးမေးမြန်း နေသည်
ဟု ဆိုခဲ့သည်။

ထိုသတင်းမှာ မှန်ကန်မှုလုံးဝမရှိသည့်အပြင် ယနေ့ နံနက် (၁၀း၃၀) နာရီခန့် အချိန်
တွင် မြေက်ဦးမြို့ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀)
 က ကျပ်ငွေ (၁၀) သိန်းယူလျှက် အချုပ်ခန်းမှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်ရက်များအတွင်းက မြောက်ဦးမြို့သို့ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်
ရန် စုံစမ်းဖို့ ရောက်ရှိလာသော ဘင်္ဂလီ မူဆလင် ဘာသာဝင် (၃၀) ဦးအား တာဝန်သိ
 မြို့ခံပြည်သူများနှင့် ရဟန်းတော်များ ပူးပေါင်းကာ စုံစမ်းစစ်ဆေးပေးရန် မြောက်ဦးမြို့
 ရဲစခန်း သို့ အပ်နှံမှုများ ရှိခဲ့သည်တွင်လည်း ထို နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်
 ကျော်စိုး (လ/၁၈၈၅၃၀) က တဦးလျှင် ကျပ်ငွေ (၅၀၀၀၀) စီတောင်းခံပြီး ပြန်လည်
လွှတ်ပေးခဲ့သည်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ တောင်ရပ် 
ရပ်ကွက် ဘီအိုစီ တွင် နေထိုင်ခဲ့သူဖြစ်ပြီး ရခိုင် မိဘ နှစ်ပါးမှ ဖွားမြင်လာသူလည်း ဖြစ်
သည်။

ထိုသို့သော လုပ်ရပ်များကြောင့် မြောက်ဦးမြို့ရှိ မြို့ခံများနှင့် ရဟန်းတော်များက နယ်
ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး အား မကျေ မနပ်ဖြစ်နေကြသည့်အပြင် သူနှင့်
 ပတ်သက်သည့် သာရေးနာရေး ကိစ္စရပ်များကို မည်သူမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း
 မလုပ်ကြရန်ကို ဆုံးဖြတ်ထားကြကြောင်း Arakan Review မှ သတင်းရရှိသည်။

သတင်းရင်းမြစ်  Arakan   Review

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ