
မှတ်ပုံတင်ဌာနခွဲကို ယခုလမှစ၍ ပြန်ကြား
ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း
သိရသည်။
စာပေစစ်နှင့်မှတ်ပုံတင်ဌာနခွဲသည် လက်ရှိတွင် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်
ဝေရေးလုပ်ငန်းလက်အောက်၌ရှိပြီး ဌာနအကြီးအကဲမှာ ညွှန်ကြားရေးမှူး
ဦးမျိုးမြင့်မောင် (ဗိုလ်မှူးကြီး မျိုးမြင့်မောင်-ရေ (ငြိမ်း))ဖြစ်သည်။ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်
လျက်ရှိသူမှာ ယခင်နယကအစိုးရလက်ထက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်
ဦးစီးဌာန ညွှန်ကြားရေးမှူးအဖြစ် စာပေစိစစ် ခြင်းလုပ်ငန်းများတွင် ထိထိရောက်
ရောက် တာဝန်ယူခဲ့သည့် ဦးတင့်ဆွေ(ဗိုလ်မှူးတင့်ဆွေ/ ရဲရင့်တင့်ဆွေ) ဖြစ်သည်။
စာပေစိစစ်ရေးကို ပြန်/ဆက်ဌာနအောက်သို့ ပြောင်းရွှေ့ခြင်းနှင့် စပ်လျဉ်း၍
ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်သို့ ဆက်သွယ်မေး မြန်းခဲ့ရာ -
““လိုက်လျောညီထွေဖြစ်မယ့် ဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမှုကို လုပ်နေ
တယ်။ ဘာအနေနဲ့ ပြောင်းမလဲဆိုတော့ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲဆိုပြီးတော့
ကျွန်တော်တို့ပြောင်းမယ်။ ဒါကျွန်တော်တို့ သဘောတူညီချက်ရပြီးပြီ။ ပြောင်းပြီး
တော့ ကျွန်တော်တို့လုပ်ငန်းတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။
ကျွန်တော်တို့ရဲ့လုပ်ငန်းသည် ဘာဖြစ်သွားလဲဆိုတော့ မူပိုင်ခွင့်ပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်မယ်။ မှတ်ပုံတင်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆောင်
ရွက်မယ်လို့ အ ကြမ်းဖျင်းလျာထားတယ်။ အဲဒါလုပ်ဖို့အတွက်ကို ဆောင်ရွက်နေ
တယ်”” ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
ယခင် နယကအစိုးရလက်ထက်က စာပေစိစစ်ရေးကို ပြန်/ ဆက်ဌာနလက်အောက်
တွင် ထားရှိရန်အတွက် စီစဉ်ခဲ့သေးကြောင်း၊ သို့သော်လည်း ထိုစဉ်က3wO_?န်ချုပ်ဖြစ်သော ဦးချစ်နိုင် (ချစ﷿x_[zֵ[]ာ)က လက်မခံ၍ ပုံနှိပ်ရေးနှင့် စာအုပ်
ထုတ်ဝေရေး လုပ်ငန်းလက်အောက်တွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန အငြိမ်းစား လ/ထ ညွှန်ကြားရေးမှူးတစ်ဦးက မြန်မာသံတော်ဆင့်သို့
ပြောသည်။
ယခုအခါ ပြန်/ဆက်ညွှန်ချုပ် ဦးတင့်ဆွေသည် နှစ်ရှည်လများ စာပေစိစစ်ရေးဌာန
အကြီးအကဲ တာဝန်ဖြင့် ထမ်းဆောင်ခဲ့ပြီး သတင်းဂျာနယ် မီဒီယာများနှင့် ရင်းနှီး
ပွင့်လင်းကျွမ်းကျင်စွာ ဆက်ဆံဆောင်ရွက်နိုင်သူဖြစ်၍ ၄င်းဌာနအနေဖြင့် လုပ်ငန်း
များ ပို၍အဆင်ပြေနိုင်ကြောင်း စာပေလောကသားတချို့က သုံးသပ်ကြသည်။
သတင်းရင်းမြစ်း မြန်မာသံတော်ဆင့်
No comments:
Post a Comment