
တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကို လိုက်လံအားပေးနှစ်သိမ့်ပေးနေတဲ့ နိုင်ငံရေး
အကျဉ်းသားဟောင်းများအဖွဲ့ဟာ အောက်တို
ဘာလ ၁၄ ရက်နေ့ကလည်း နိုင်ငံရေးအကျဉ်း
သားမိသားစုဝင်တွေရဲ့ နေအိမ်တွေကို သွားရောက်ပြီး လိုက်လံအားပေးနှစ်သိမ့်ခဲ့ပါတယ်။
နိုင်ကျဉ်းအဖွဲ့ဟာ အင်းစိန်ထောင်မှာ
ထောင်ဒဏ် ၁၅ နှစ်အကျဉ်းကျခံနေရဆဲဖြစ်
တဲ့ ကိုဇော်မိုးနဲ့ ၁၉၉၇ ကတည်းက
သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ကျခံနေရတဲ့
သာယာဝတီထောင်မှ ကိုလယျာထွန်းတို့ရဲ့
နေအိမ်တွေကို လိုက်လံပြီး စိတ်ဓါတ်
မြင့်တင်ရေးအတွက် အားပေးနှစ်သိမ့်
ခဲ့ကြတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဟာ အဲဒီလို လိုက်လံ တွေ့ဆုံပြီးနောက်
၆ နာရီမှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမအတွင်း
ပြုလုပ်တဲ့ နိုင်ငံရေး အကျဉ်းသား
ဟောင်းများနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း
စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ
ဆွေးနွေးပွဲကိုလည်းတက်ရောက်ခဲ့ကြပါတယ်၊အဲဒီတွေ့ဆုံပွဲမှာ
နိုင်ငံရေးအကျဉ်း
သားဟောင်းများအဖွဲ့အနေနဲ့
လုပ်ဆောင်ပြီးခဲ့တဲ့လုပ်ငန်းစဉ်တွေနဲ့ ရှေ့လုပ်ဆောင်
မယ့်လုပ်ငန်းစဉ်တွေကို
တင်ပြဆွေးနွေးခဲ့ကြပါတယ်။
သတင်းရင်းမြစ်
း BurmaVJ
ရုပ်သံသတင်း ကြည့်ရှုရန်
No comments:
Post a Comment