
ဘုန်းတော်ကြီးကျောင်း
တစ်ကျောင်းဖြစ်မြောက်ရေး
ဆွေးနွေးပွဲကို အောက်တိုဘာလ (၁၄)ရက်
တနင်္ဂနွေနေ့၌
ဗုဒ္ဓဘာသာမြန်မာကျောင်း(ယာယီ)
တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲကို
ဂျာမဏီ
အသင်းသူအသင်းသားများတက်ရောက်ကြသည်။
ထိုဆွေးနွေးပွဲတွင်
မကြာမီရက်ပိုင်းက မြန်မာနိုင်ငံမှ ဂျာမဏီနိုင်ငံသို့ သာသနာပြု
ခရီးကြွရောက်
တရားချီးမြှင့်တော်မူသော ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်ဘုရား
၏ လမ်းညွှန်သြဝါဒ
လမ်းညွှန်ချက်များကို ခံယူ၍ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို
ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဆရာတော်၏ သာသနြာ့ပုလုပ်ငန်းများ
ပိုမိုကျယ်ပြန့်စွာ ဖြစ်
တည်ရေးနှင့် ဂျာမဏီနိုင်ငံ၌ ရောက်ရှိနေသော
မြန်မာဗုဒ္ဓဘာသာတို့ ဗုဒ္ဓအဆုံး
အမတော်၌ တည်ရှိရေး၊ သားသမီးငယ်တို့ထံ
ဘာသာ၊သာသနာ အဆက်မပြတ်
စေရေးတို့ အတွက် မြန်မာ လူမျိုးတို့၏
ကိုယ်ပိုင်မြေနှင့်ကျောင်းတစ်ခု ဖြစ်ထွန်း
ရေးသည်
အရေးတကြီးလိုအပ်နေသောကိစ္စဟု အားလုံးက သဘောထားကြသည်။
မြန်မာမိသားစုတို့
အာသာဆန္ဒ ပြင်းပြစွာ လိုလားတောင့်တနေသော ကိုယ်ပိုင်
မြေနှင့် ကျောင်းတကျောင်းပေါ်ထွန်းရေးကို ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ
၏
အားပေးထောက်ပံ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားရန်လည်း သဘောတူညီ
ကြသည်။ ဆရာတော်၏
မေတ္တာရှေးရှုသောသြဝါဒ လမ်းညွှန်ချက်တို့ကို စဉ်ဆက်မပြတ်ခံယူပြီး
ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရန်လည်း
သဘောတူညီကြသည်။
ဆရာတော်၏
သြဝါဒအောက်၌ တည်ရှိမည်ဖြစ်သော ဖြစ်ထွန်းပေါ်ပေါက်လာ
မည့်ကျောင်း၏နာမည်ကိုလည်း
ဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်းဟု အမည်
သတ်မှတ်ရန်လည်း သဘောတူညီကြသည်။
ထိုဓမ္မဒူတမြန်မာဗုဒ္ဓဘာသာကျောင်း
ဖြစ်ပေါ်ရေးအတွက်
ဆရာတော်အရှင်ဆေကိန္ဒ(ဓမ္မဒူတ)၏ မတည်ငွေများ
ဂျာမဏီမှဒကာ၊ဒကာမများ
ထည့်ဝင်ငွေများဖြင့် မကြာမီ စတင်အကောင်
အထည်ဖော်တော့မည်ဖြစ်သည်။ ထိုပြင်
လိုအပ်ဦးမည်ဖြစ်သော ငွေများကို
လည်း ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက်
စိတ်အားထက်သန်ကြသော ရပ်ဝေး
ရပ်နီး မြန်မာပြည်တွင်းပြည်ပရှိ
စေတနာရှင်၊သဒ္ဓါရှင်တို့အားလည်း နှိုးဆော်
တိုက်တွန်း ထားကြောင်း သိရှိရသည်။
ဘာသာ၊သာသနာ အရေးအတွက် ပါဝင်လိုသူမည်သူမဆို အောက်ပါဖုန်းနံပါတ်
များသို့
ဆက်သွယ် လှူဒါန်းနိုင်ကြောင်းလည်း သိရှိရသည်။
ဦးကောဝိဒ၊ ဦးသုမန (၀၀၄၉)(၀)၆၉၈၄၇၇၀၈၄၅
ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာကျောင်း ၊ဂျာမဏီနိုင်ငံ။
ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များနှင့်ဌာနများ
ဦးကောဝိဒ၊ ဦးသုမန (၀၀၄၉)(၀)၆၉၈၄၇၇၀၈၄၅
ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာကျောင်း ၊ဂျာမဏီနိုင်ငံ။
ကိုလှမြင့်စိုး (၀၀၄၉)(၀)
၁၇၄၈၅၀၉၄၈၅
ကိုမင်းမင်း (၀၀၄၉)(၀)၁၇၄၂၉၉၈၆၃၅
ကိုဖြိုး (၀၀၄၉)(၀)၁၇၃၆၈၆၇၉၀၆
သတင်းရင်းမြစ်း Burma VJ Media
သတင်းရင်းမြစ်း Burma VJ Media
No comments:
Post a Comment