Saturday, October 20, 2012

အသံချဲ့စက်သုံးမှုကြောင့် တရားစွဲခံရပြီး ရုံးတက်နေရ

Photobucketပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့ရဲ့ ရန်ပုံငွေ
ရှာဖွေရေးပွဲတွေကို ကူညီခဲ့သူ မကွေးမြို့က
 ဦးမောင်မောင်စိုးကို မြို့နယ်အုပ်ချုပ်ရေးမှူး
က ခွင့်ပြုချက်မရပဲ အသံချဲ့စက် သုံးတယ်ဆို
ပြီး တရားစွဲဆိုထားရာမှာ အောက်တိုဘာလ
၁၉ ရက်နေ့က ၄ ကြိမ်မြောက် တရားရုံး တက်ရောက်ခဲ့ရပါတယ်။


နာမည်ကျော် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့
ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ကနေ ဧရာဝတီတိုင်း ရေဘေး ဒုက္ခသည်တွေ
အတွက် မကွေးတိုင်း အလှူခံ ခရီးစဉ်အတွင်းမှာ  မကွေးမြို့က ဦးမောင်မောင်စိုးက
 အကူအညီပေးခဲ့တာကို  မကွေးမြို့နယ်အုပ်ချုပ်ရေး မှူးက ခွင့်ပြုချက်မယူဘဲ ပြု
လုပ်ခဲ့တာဆိုပြီး တရားစွဲဆိုခဲ့တာပါ။

မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အက်ဥပဒေ ပုဒ်မ
 ၂၆/၂၇ အရ တရားစွဲဆိုထားတာလို့ ဦးမောင်မောင်စိုးရဲ့ ရှေ့နေ ဒေါ်မိမိခင်က
RFAကို အခုလို ပြောပါတယ်။

" ၂၆/၂၇ အရ သူ့ကို အသံချဲ့စက် ခွင့်ပြုမိန့်မရှိဘူး။ ပွဲမိန့် မရှိဘူးလို့ စွဲထားတယ်။
 ဦးမောင်မောင်စိုးကလည်း ပန်းရဲ့လမ်း ခရီးစဉ် ဖျော်ဖြေတဲ့ပွဲကို သူက ကူညီရုံ
သက်သက်ပဲ။ ဒီထဲမှာ ဖျော်ဖြေသူလည်း မဟုတ်၊ အသံချဲ့စက်ကို သူကိုယ်တိုင်
ဌားရမ်းခဲ့ခြင်း၊ အသုံးပြုခဲ့ခြင်းလည်း မရှိဘူးဆိုတာတွေကို ဥပဒေဘောင်ထဲကပဲ
 ထုခြေသွားတာပါ။ "

ဒီနေ့ တရားရုံးကနေ အောက်တိုဘာလ (၂၅)ရက်နေ့ကို ပြန်လည် ချိန်းဆို လိုက်
ပါတယ်။

သတင်းရင်းမြစ်    RFA        

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ