
လက်ရှိရာထူးမှ ပယ်ဖျက်ပေးရန်နှင့် ယခု ထီးချိုင့်မြို့
နယ် အထွေထွေ အုပ်ချုပ်ရေးမှူးအား နှုတ်ထွက်ပေး
ရန် အတွက် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ခွင့်ပြု
ချက်တောင်း ခံထားခြင်းကို ခွင့်ပြုမိန့် ပေးမထား သေး
ကြောင်း ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၂ရက်နေ့တွင် လူအင်အား ၁၀၀၀ ၀န်းကျင်ဖြင့် အထက်ပါ အကြောင်း
အရာများ အတွက် စီတန်းလှည့်လည်ရန် ခွင့်ပြုမိန့်တင် ထားခြင်းဖြစ်ပြီး ဦးဆောင် ပြု
လုပ်သူမှာ ဦးစိန်လှ ဖြစ်ကြောင်းသိရသည်။
“ပုံစံ(၈)ပါ စည်းကမ်းတွေနဲ့ မကိုက်ညီတာကြောင့် ခွင့်ပြုမိန့် ပေးမထားပါဘူး။ ပထမ
နှစ်ကြိမ် ပြတုန်းကလည်း အဲ့ဒီလိုပါပဲ။ ပထမတစ်ကြိမ် တင်တယ်မရဘူး၊ ဒုတိယတစ်
ကြိမ် တင်တယ်မရဘူး။ နောက် သုံးကြိမ်မြောက်ကျ တော့ ရသွားတယ်။ အခုလည်း
စာထပ်တင် မယ်ဆိုရင် ရနိုင်ပါတယ် “ဟု ကသာခရိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ
တာဝန်ကျ ရဲအရာရှိက တယ်လီဖုန်းဖြင့် မေးမြန်းခြင်းကို ပြန်လည် ဖြေကြားသည်။
စစ်ကိုင်း ထီးချိုင့်မြို့နယ်၊ မောင်းတော ကျေးရွာတွင် ဆန္ဒထုတ်ဖော်မှု ယခင်က နှစ်
ကြိမ် ပြုလုပ်ခဲ့ပြီး ပထမအ ကြိမ်တွင် ဂရိတ်ဝေါလ် သကြားစက်ရုံ မရွှေ့ပြောင်းရေး
အတွက် မောင်းကုန်းရွာ သစ်တောရုံးရှေ့မှ ဦးကြည်တိုက်တန်းအထိ ဒေသခံတောင်
သူများ အလုပ်သမားများစုစုပေါင်း ၃၀၀ခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒုတိ ယအကြိမ်အဖြစ်
သြဂုတ်လ ၂၁ရက်နေ့တွင် နီကယ်စက်ရုံနှင့် ဂရိတ်ဝေါလ် သကြားစက်ရုံများ
ပြောင်းရွှေ့ရေးအ တွက် လူ ၁၀၀ ခန့်က ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်း Popular Myanmar News
No comments:
Post a Comment