Tuesday, October 23, 2012

မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ဒဏ်ရာရ သေဆုံးသူများနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်

ည ၁၁း၀၀ နာရီအချိန်သတင်း

စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်
ဆောင်လာသော ဒဏ်ရာရသူများမှာ

(၁) မြင့်ခိုင်အောင် ၊ ၄၀ နှစ်၊ ပန်းမြောင်း၊
ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်း
ကျေးရွာ(၂) မောင်ထွီးစိန်၊ ၂၅ နှစ်၊
ဝဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊(၃)
 မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိ
ရပါသည်။

အဆိုပါ ဒဏ်ရာရသူများသည် ယခုအခါတွင် စစ်တွေဆေးရုံသို့ ရောက်ရှိနေ
 ပြီဖြစ်ပြီး B သွေးအမျိုးအစားလိုအပ်နေသဖြင့် သွေးလှူရှင်ကိုရှာဖွေတွေ့ရှိ သွားပြီဖြစ်ကြောင်းလည်းသိရသည်။

ယခုလက်ရှိ မြောက်ဦးဆေးရုံသို့ ရောက်ရှိနေသော လူသေအလောင်း(၁)
လောင်းမှာ မောင်အောင်မိုးဖြစ်ကြောင်းလည်း သိရှိရပါသည်။

သေဆုံးသွားသူမှာ ဘလူးကန်ရွာမှ အောင်မိုးဖြစ်ကြောင်းနှင့် တစ်ကိုယ်လုံး
ဓါး ဒဏ်ရာဖြင့် သေဆုံးနေခဲ့ခြင်းကိုတွေ့ရှိခဲ့ရကြောင်းလည်းသိရသည်။

မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်
ညမထွက်ရအမိန့်အား ညနေ ၇ နာရီမှ နံနက် ၅ နာရီအတွင်းသတ်မှတ် လိုက်
ပြီဖြစ်ကြောင်းသိရှိရပါသည်။

ယနေ့ည ၁၀ နာရီထုတ်ပြန်ချက်ဖြစ်ပါသည်။

Rakhine Straight Views



သတင်းရင်းမြစ်    သစ်ထူးလွင်      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ