
သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော
မီဒီယာတွေ့ဆုံပွဲတွင်သတင်းထောက်များ၏
မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲ
စပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှ
စ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာကာ၊ မြေသိမ်း ယာ
သိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်း
ကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။
ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ
ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ
မေးမြန်းချက်
အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း
မျက်ရည်
များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေး
သားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏
အဖြစ်အပျက်ကဲ့သို့ လူထုအကြား
ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီး
တွင် သမ္မတရုံးညွှန်ကြားရေးမှူး
ဗိုလ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်
ထားသောကြောင့်
မီဒီယာများအားလုံးကလဲ ယခုချိန်ထိ ရေငုံ နှုတ်ပိတ်လျက်ရှိ
နေကြသေးကြောင်း
အတွင်းသတင်းများ ရရှိထား ပါသည်။

သတင်းရင်းမြစ်း အတွင်းသတင်း (Facebook)
No comments:
Post a Comment