Sunday, October 14, 2012

မြန်မာ ၃ ဦး ယာဘားဆးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ

ယာဘားဆေးပြား ၄၀၀၈၈ နှင့် အတူ
 မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင်
စနေနေ့နံနက်က ဖမ်းဆီး ရမိကြောင်း
 ဘင်္ဂလား တာဝန်ရှိသူများပြောသည်။




 သူတို့သည် အဆိုပါ ယာဘား ဆေးပြားများကို ဘုတ်တစ်စီးဖြင့် ဘင်္ဂလာဒေခ်ျ့
ဘက်သို့ တင်သွင်းလာစဉ် နတ်မြစ်အတွင်း ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။

“ လျို့ဝှက် သတင်းအရ တက်ကနက်မြို့နယ် နာဆီယာ ပါရာ အနီးက နတ်မြစ်
အတွင်း ဘုတ် တစ်စီးပေါ်ကို တက်ရောက် ရှာဖွေစဉ်မှာ ယာဘားဆေပြား
၄၀၀၈၈ နဲ့ အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိပါတယ်” ဟု တက်ကနက်
အခြေစိုက် ဘီဂျီဘီ တပ်ရပ် အမှတ် (၄၂) မှ ဗိုလ်မှူး အမ်းဒီ ဆိုင်ဖူးလ် ရာဟမန်က
 ပြောသည်။

သူတို့ကို ယခုအခါ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်း ပေးအပ်လိုက်ပြီဟု ဆိုသည်။

သတင်းရင်းမြစ်နိရဉ္စရာ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ