ဖြစ်နေသည်မှာ အစိုးရ တပ်ဖွဲ့က တမင် ၀င်တိုက်ပြီး
ရာဇသံပေး နေသည့် ကိစ္စ ဖြစ်သော်လည်း အမျိုးသား
လုံခြုံရေး ၀န်ကြီး ဌာန ၀န်ကြီး ဦးအောင်မင်း တို့က ဖြေ
ရှင်းခြင်း မရှိဟု တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက် ခဲ့
သူ SSPP မှ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။
“အဲဒီ ရာဇသံ ကိစ္စ၊ မိုင်းရှူးမြို့နယ်က တာ့ဆမ်းဖူး ကူးတို့ဆိပ်
ကိစ္စတွေကို ဆွေးနွေးမယ်
ထင်ထားတယ်။ ဒါပေမဲ့ အဲဒါကို အရှေ့ အလယ်ပိုင်း တိုင်းမှူးနဲ့ လွှဲလိုက်တယ်။ တိုင်မှူး
ကလည်း ဘယ်နေ့ဆွေးနွေးမလဲ ဆိုတာကိုလည်း မပြောဘူးဗျ။ ဒီတော့ ဖြစ်နေတဲ့ ပြသနာ
ကို ဒီအတိုင်းထားခဲ့တယ်။ ပြီးတော့ တဆင့်တိုးပြီး တပ်မိသားစု နေရာချထားရေး ကိစ္စကို
ဘဲ မူအားဖြင့် သဘော တူထားပြီးတော့ ဆွေးနွေးပွဲကို အဆုံးသတ် လိုက်တာပါ” ဟု
ဆိုပါသည်။

တပ်နေရာ ချထားရေးကို တိုင်းမှူးနှင့် တွေ့ဆုံ ဆွေးနွေးပြီးမှ
ပြည်ထောင်စုအဆင့် ငြိမ်း
ချမ်းရေး အဖွဲ့နှင့် ထပ်မံ တွေ့ဆုံပြီး အကောင်အထည် ဖေါ်သွားမည်ဟု ထင်ရသော်
လည်း၊ တိုင်းမှူးနှင့် တွေ့ဆုံရန်ကိုမူ ရက်သတ်မှတ်ထားခြင်း မရှိပေ။ SSPP နှင့် အစိုးရ
တို့၏ ဆွေးနွေးမှုသည်လည်း ပြီးခဲ့ သည့်၂၀၁၁ ခုနှစ် ဇန္နာဝါရီ၌ စတင်ပြီး အပစ်အခတ်
ရပ်စဲရေး ကိစ္စကို ဆွေးနွေးခဲ့ပြီး နောက်ပိုင်းတွင် ယခုမှ နောက်ထပ် တကြိမ် ထပ်မံ
တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ ဆိုပါက တိုင်းမှူးနှင့် ထပ်မံ တွေ့ဆုံရမည့် အရေး
သည် ရက်ကန့်သတ်ထားခြင်း မရှိသဖြင့် SSPP ၏ တပ်နေရာ ချထားရေး သည်လည်း
မရေမရာ အခြေအနေနှင့် ရှိနေမည်ဖြစ်သည်။

ဦးအောင်မင်းသည် အစိုးရတပ်နှင့် SSPP တပ်များ အကြား တိုက်ပွဲများ
ဖြစ်ပွား နေ
ရခြင်းသည် ဆက်ဆံရေးရုံးနှင့် တပ်နေရာ ချထားခြင်း မရှိသေးသည့် အတွက်သာ
ဖြစ်နေရကြောင်း လွှတ်တော်သို့ ပြီးခဲ့သည့် သြဂုတ်လတွင် တင်ပြ ခဲ့ပါသည်။

“အခု ဆွေးနွေးပွဲ ကတော့ တပ်နေရာ ချထားရေး မပါခဲ့ပါဘူး၊ တပ်မိသားစု
နေရာချ
ထားရေး ကိုဘဲ တင်ပြကြပါတယ်။ ကျနော်တို့ တပ်မဟာ (၃) နဲ့ (၆) က မိသားစု (၃)
ထောင်လောက် ရှိမယ်။ အဲဒါကို နေရာချဖို့ မိုင်းရှူးမြို့နယ်က မိုင်းအော့ ဒေသမှာ ဧက တသောင်းလောက်တော့ တောင်းထား ပါတယ်။ ဒါလည်း မှန်းတာက ဒီဇင်ဘာ မတိုင်
ခင်ကျမှ အကောင် အထည် ဖေါ်ဖြစ်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။

ဝန်ကြီး ဦးအောင်မင်းနှင့် ရှမ်းပြည်တိုးတက်ရေးပါတီတို့
တွေ့ဆုံ ဆွေးနွေးနေစဉ် (ဓါတ်ပုံ - အင်တာနက်)

SSPP သည် ရာဇသံ ကိစ္စနှင့် တပ်နေရာ ချထားရေးကို ဆွေးနွေး စေချင်ပါသည်။
သို့မှသာ အပစ်အခတ် ရပ်စဲမှု ခိုင်မြဲပြီး တိုက်ပွဲများ ဖြစ်ပွား နေခြင်းကို အဆုံး
သတ်နိုင်မည်ဟု ဆိုပါသည်။ သို့သော် အစိုးရ ဖက်မှ မဆွေးနွေး နိုင်သေး သဖြင့် တိုက်ပွဲ
များ ဆက်လက်ဖြစ်ပွားစရာ ရှိလိမ့်မည်ဟု ယူဆနေပါသည်။

ယင်းအောက်တိုဘာ (၁၀) ရက်နေ့ ဆွေးနွေးပွဲသို့ တက်ရောက်သော အစိုးရ
ကိုယ်
စားလှယ်များမှာ ၀န်ကြီး ဦးအောင်မင်း ၊ ဦးဆောင်ပြီး ပြည်ထောင်စု အဆင့် ငြိမ်း
ချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့ဝင် ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့
အလယ်ပိုင်း တိုင်းမှုးနှင့် ပြည်ထောင်စု ဒုဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးများ
တက်ရောက် ခဲ့ပါသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီဖက်မှ အထွေထွေ အတွင်းရေးမှူး စ၀်ခွန်ဆိုင်
ဦးဆောင်
သော ဗဟို ကော်မတီဝင် အဖွဲ့ဝင် ၉ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဤဆွေးနွေးပွဲသည် လောလောဆယ် ပြသနာ ဖြစ်နေသော SSPP နှင့် အစိုးရ
တပ်
ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေမှုနှင့် ရာဇသံ အပေးခံနေရမှုများကို ဖြေရှင်းခဲ့ခြင်း
မဟုတ်သည့်အတွက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားစေရေး အခြေအနေသာ ဆက်
လက် ရှိနေမည်ဖြစ်ကြောင်း စစ်ရေး အကဲခတ်များကလည်း သုံးသပ် နေကြပါသည်။
သတင်းရင်းမြစ်း ရွှေဟင်္သာ

No comments:
Post a Comment