
၁၇ ရက်နေ့က ဖမ်းဆီးစစ်ဆေးခံနေရတဲ့
စီမံကိန်း လုံခြုံရေးတာဝန်ကျ ရဲအုပ်
အောင်ကြည်စိန်နဲ့ ဒုရဲတပ်ကြပ် အောင်ဝင်း
ထွန်းတို့ ၂ ဦးကို လွှတ်ပေးလိုက်ပြီလို့ ရဲအုပ်အောင်ကြည်စိန်ရဲ့ရှေ့နေက ပြောပါတယ်။
“ဒီကိစ္စကို အထက်က ၀န်ကြီးချုပ်တွေရော၊ နေပြည်တော်က သမ္မတအထိပါ သိ
သွားပြီးတော့ ဒါမျိုးတွေ လုပ်ရဖမ်းရသလားဆိုပြီး သူတို့ကို ပြန်လွှတ်တယ်။ ပြန်
လွှတ်တယ်ဆိုတာက အချုပ်ထဲတော့ မဟုတ်တော့ဘူး။ လောလောဆယ် တိုင်း
ရဲတပ်ဖွဲ့မှူးက တိုင်းရုံးမှာပဲ ခဏတော့နေပါဦးဆိုပြီး အခုတော့ အပြင်မှာ လွတ်
လွတ်လပ်လပ်ပဲ ဖုန်းတွေလဲ ပြန်ရသွားပြီ။”
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းက စီးပွားရေး
ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင် ကုမ္ပဏီကို ဝေဖန်ပြောဆိုတဲ့ ဒီဗွီဒီ မှတ်တမ်း ထွက်ပေါ်
ခဲ့ပြီးနောက် သူတို့ ၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာပါ။
ရဲအုပ်အောင်ကြည်စိန်ကို အမှတ် ၂ ရဲစခန်းကနေ လွှတ်ပေးလိုက်ပြီး စစ်ကိုင်းတိုင်း
ဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ရှိနေတယ်လို့ အဆိုပါ ရှေ့နေက ပြောပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့မှာ ဒီမိုကရက်တစ်မြန်မာ့အသံရုပ်မြင်သံကြား ကနေ ပြည်တွင်းက ပြည်သူပြည်သား သတင်းသမားများ ပေးပို့တဲ့ အဲဒီမှတ်တမ်းကို
ထုတ်လွှင့်ခဲ့ပြီးဖြစ်သလို ရဲအုပ်အောင်ကြည်စိန်နဲ့ ဒုရဲတပ်ကြပ် အောင်ထွန်းဝင်းတို့
တွေ အဖမ်းခံခဲ့ရတာကိုလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်ပြီးဖြစ်တဲ့ ရဲအုပ်အောင်ကြည်စိန်ဟာ ရဲအုပ် ရာထူးကနေ
လျှော့ချခံရမယ်လို့ မထင်ဘူးလို့ ပြောကြောင်း ရှေ့နေက ဆိုပါတယ်။
“ကျနော်နဲ့ စကားပြောခဲ့တယ်။ အကုန်အဆင်ပြေသွားပြီ ဒါပေမယ့် မီဒီယာနဲ့တော့
တွေ့ခွင့်မရဘူး။ တခြား သူနဲ့ နီးစပ်ရာ ပတ်ဝန်းကျင် မွေးချင်းမောင်နှမတွေ၊ သူငယ်
ချင်းတွေနဲ့တော့ အစစ်ဆေးမေးမြန်းမရှိဘူး တွေ့ခွင့်ရတယ်။ ရာထူးလည်း ဆုံးဖြတ်
ချက်မချသေးဘူး။ သူပြောပုံအရတော့ ရာထူးလည်း ဘာမှမဖြစ်လောက်ဘူး၊ နေရာ
တော့ အပြောင်းအရွှေ့လုပ်မယ်ထင်တယ်။”
သတင်းရင်းမြစ်း DVB
No comments:
Post a Comment