Monday, October 22, 2012

မာရမာကြီး အသင်း ဥက္ကဌကို ဆန္ဒပြ၍ ခံဝန် လက်မှတ် ရေးထိုးရ

ရခိုင်ပြည်နယ် မာရမာကြီး အသင်း
 ဥက္ကဌ ဦးမောင်နုကို စစ်တွေမြို့တွင်
 ဆန္ဒပြရာတွင် ခွင့်ပြုချက်ထက် ကျော်
လွန်ပြီး ပြုလုပ်ခဲ့သဖြင့် သက်ဆိုင်ရာက
 ခေါ်ယူပြီး ခံဝန် လက်မှတ်ရေးထိုးခိုင်း
ခဲ့သည်ဟု သိရသည်။



စစ်တွေရှိ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကောင်စစ်ဝန်ရုံးရှေ့တွင် အောက်တိုဘာလ ၁၂
ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ပြီး နောက်ပိုင်းတွင် ယခုလို ခံဝန် လက်မှတ် ရေထိုးရန် စေခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ပြည်နယ် ရဲမှူးကြီး နေမျိုးက ထိုးခိုင်တာပါ။ ကျွန်တော်တို့ ဆန္ဒပြ
တဲ့ အခါ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ပြီး ဆန္ဒပြဖို့ ခွင့်ပြုချက် မပါဆိုတဲ့ အကြောင်း
 ပြချက်တွေနဲ့ ထိုးခိုင်းတာပါ။ သူတို့ပြောတာက အခု ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှု
မရှိသေးတဲ့အတွက် ဒီလို ဆန္ဒပြတာကို ခုတုံးလုပ်ပြီး အချောင်သမားတွေ ၀င် လာနိုင်
တဲ့အတွက် ဥပဒေမဲ့ အလုပ်တွေကို မလုပ်ပါနဲ့လို့ ပြောပါတယ်” ဟု ဦးမောင်နုက
ဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ညဥ့်အချိန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ပန်ဝါခေါ် ရာမူးတွင် ဗုဒ္ဓ
ဘာသာ ဘုန်း တော်ကြီးကျောင်းများ မီးရှို့ခံရပြီး မာရမာကြီးနေအိမ်များ မီးရှိုခံရသည်
ကို ကန့်ကွက်သည့်အနေဖြင့် မာရမာကြီးအသင်းနှင့် ရခိုင်ကွန်ယက်မှလူငယ်များ ဘင်္ဂလာကောင်စစ်ဝန်ရုံးရှေ့တွင် ဆန္ဒပြ ခဲ့ခြင်း ဖြစ်သည်။

မာရမာကြီးအသင်းနှင့် ရခိုင်ကွန်ယက်မှလူငယ်များ အာဏာပိုင်များထံမှ ကောင်စစ်ဝန်
အား စာပေး ရန်ခွင့်တောင်းထားသော်လည်း ကောင်စစ်ဝန်ရုံးမှ တစုံတယောက်မှ စာ
လက်မခံသည့်အတွက် လူစု လူဝေး ဖြစ်သွားရခြင်းဖြစ်ကြောင်း ဦးမောင်နုက ပြောသည်။

“ကျွန်တော်တို့ ဆန္ဒပြတဲ့အခါ ကောင်စစ်ဝန်က ထွက်မလာတဲ့အတွက် တာဝန်ရှိသူ
တယောက်ယောက် စာလက်ခံပေးပါလို့ တောင်းဆိုတဲ့အခါလည်း တယောက်မှမလာ
ဘူး။ အဲဒီအိမ်ကိုလည်း သော့ခတ် ထားတယ်။ ကျွန်တော်တို့စာပေးဖို့လာတာကို စာ
လက်မခံတဲ့အတွက် ကျွန်တော်တို့ဆန္ဒပြဖို့ ဖြစ် သွားပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ခံဝန်လက်မှတ်ထိုးရသည့်အပေါ်မှာ သူ့နေနှင့်တစုံတရာမပြောလိုသော်
လည်း ရခိုင်ပြည် အရေးသည် မာရမာကြီးများအရေးဖြစ်သကဲ့သို့ ရခိုင်ပြည်နယ်
တွင်နေထိုင်ကြသည့် သက်၊ မြို၊ မာရ မာကြီး၊ ဒိုင်းနက်စသည့် ရခိုင်တိုင်းရင်းသား
များအနေနှင့် ရခိုင်မြေပေါ်တွင် နေထိုင်ပြီး ရခိုင်မြေ အပေါ် သစ္စာရှိရန်လို အပ်သည်
ဟု ဦးမောင်နုက ပြောသည်။

ယခုလက်ရှိ စစ်တွေမြို့အခြေအနေမှာ အနည်းငယ် လူပ်လူပ်ရှားရှား ဖြစ်နေပြီး
လုံခြုံရေး တပ်ဖွဲ့ဝင်များကို နေရာ အနှံ့အပြားတွင် ချထားကာ မျက်ခြေမပြတ်
 စောင့်ကြည့် နေသည်ကို တွေ့ရကြောင်း သူကပြောသည်။

သတင်းရင်းမြစ်   နိရဉ္ဇရာ   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ