
ဆိုင်ကယ် လိုင်စင်သွင်း ရာ၌
ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်
ရှိသူအချို့၏ ကိုယ်ကျိုးရှာ မှုများ
ကိုယ်တိုင်လာရောက် လိုင်စင်သွင်း
သူများက လိုင်စင်ရ ရှိစေရန်ဆောင်
ရွက်ပေးခြင်းမပြုဘဲ အချိန်ကြန့်ကြာစေကာ ပွဲစားများ နှင့် ပူးပေါင်း၍ ပြင်ပမှ
လာသူများ အပေါ်လိုင်စင်ရရှိရေးဆောင်ရွက် ပေးနေမှုများကြောင့် လိုင်စင်
သွင်း ရန်လာသူ ကျောင်းသားများနှင့် ကိုယ်ကျိုးရှာရပ်ကွက်အုပ်ချုပ်ရေး ပိုင်း
တာဝန်ရှိသူ အချို့ကြားပြဿ နာဖြစ်ပွားခဲ့ပြီး။ ရပ်ကွက် အုပ်ချုပ် ရေး တာဝန်
ရှိသူများအား ကျောင်း သားများမှ ခဲများဖြင့် ပစ်ပေါက် ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ဆိုင်ကယ်လိုင်စင်လာသွင်း တဲ့အခါ တာဝန်ရှိသူတွေရဲ့ မျက်နှာ လိုက်
ကိုယ်ကျိုးတစ်ခုဘဲကြည့် ကြတာကနေ ပြဿနာကစတာ ပခုက္ကူအမှတ်
(၃) ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးမြတ်ကျော်သူ့တပည့် သံချောင်းတို့ သန်းဝင်း
တို့ဆိုတဲ့သူ တွေက ဆိုင်ကယ်လိုင်စင်သွားဖို့ ရွာတွေကတက်လာတဲ့သူတွေ
ဆီ က နေဧည့်စာရင်းကြေးဆိုပြီး ငွေ ၅၀၀၀ တောင်းတယ်။ ပြန်ပြောရဲ တဲ့
သူတွေဆိုရင်တော့အနည်းဆုံး ၂၀၀၀ လောက်ထိတောင်းတယ်။ ပြီးတော့
ဆိုင်ကယ်လိုင်စင်သွင်း ရင် တစ်စီးကို ၃၀၀၀၀ လောက် တောင်း သူတို့ရော
ကညနရော အခွန်ဦးစီးရောပေါင်းစားနေကြ တယ်။ ဒီနေ့ကြတော့ ဆိုင်ကယ်
လိုင်စင်သွင်းတာတွေ ပိတ်တော့ မှာဆိုတော့ အဝေးသင်တက္ကသိုလ် ကျောင်း
သားတွေလည်းတက်လာ ပြီး။ လိုင်စင်ဝင်တာပေါ့။ အဲဒါ ကိုယ်တိုင်လိုင်စင်လာ
သွင်းတဲ့သူ တွေက လုံးဝမရဘူး။ အဲဒီက တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး။ အစီး ရာချီပြီးလိုင်စင်သွင်းတဲ့ပွဲစားကောင် တွေကြတော့ အဆင်ပြေတယ်။ နောက်ဆုံး
ကျောင်းသားတွေက သွင်းမယ်ဆိုင်ကယ်တွေယူတာ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက
လူ တွေက ရဲတွေခေါ်မီးသတ်တွေ ခေါ်ပြီး ဘာလုပ်မယ် ညာလုပ်မယ် ဆိုပြီး
လုပ်တော့ အဲဒီမှာပဲ စာမေး ပွဲဖြေမယ့်ကျောင်းသားတွေက ဒေါပွပြီးခဲတွေနဲ့ ပစ်
ပေါက်ကုန်ကြ တာ”ဟု ပခုက္ကူမြို့နယ်အမှတ် (၃) ရပ်ကွက်နေပြည်သူတစ်ဦးမှ
ပြော ကြားခဲ့သည်။
အမှန်တကယ် လိုင်စင်သွင်း ရာတွင် ကူညီဆောင်ရွက်ပေးနေ သည့် ဒေသခံ
လိုင်စင်ရရှိရေးအကျိုး ဆောင်များမှာလည်း ၀ိသမလော ဘသားလိုင်းသမားတချို့နှင့်
တာဝန် ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းကိုယ်ကျိုးရှာမှုများကြောင့် ဒေသခံ
ဆိုင်ကယ်လိုင်စင်သွင်းလို သူများအတွက် ထိရောက်စွာကူညီ ပေးနိုင်ခြင်းမရှိကြောင်း
သိရှိရ သည်။ (သတင်းအား အချိန်နှင့် တပြေးညီဆက်လက်ဖော်ပြပါမည်)
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment