Wednesday, October 3, 2012

တညင်းကုန်း အုတ်စက်ရုံ က Mother ကုမ္ပဏီရဲ့ GM (သို့မဟုတ်) ခေတ်သစ် ကင်ပေတိုင်


မကြာသေးမီကာလအတွင်း တင်ဒါခေါ်ယူခြင်း
မရှိဘဲ ပုဂ္ဂလိ က ကုမ္ပဏီတစ်ခုသို့ လွှဲပြောင်း
လိုက်သည့်အတွက် စက်ရုံလုပ် သားများအကြား
 မကျေနပ်မှုများ ဖြစ်ခဲ့ရသော တညင်းကုန်း
စက်ရုံ ရှိ ၀ါရင့်အသက်ကြီးလုပ်သားကြီး တစ်ဦး
ကိုလွှဲပြောင်းရယူလုပ် ကိုင်လျက်ရှိသည့် Mother

 Industrial Co.Ltd ၏ အရာရှိတစ် ဦးက ဒူး
ထောက်ရှိခိုးစေ၍ခြေဖြင့် ပြင်းထန်စွာ ကန်ခဲ့မှုနှင့်ပတ်သက်  ၍ စက်ရုံ
လုပ်သားထုများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိ
ရသည်။

““ကျွန်တော်တို့ရဲ့ ဆရာဆို လည်းဟုတ်တယ်။ ဦးလေးဆို လည်းဟုတ်တယ်။
အဲဒီ ဦးထွန်း ရွှေဆိုတဲ့အန်ကယ်ကြီးကို Mother ကုမ္ပဏီက GM ဦးကြည်မောင်
 က ပြဿနာရှာပြီး လက်သီးနဲ့ထိုး တယ်။ ပြီးတော့ ထိုင်ရှိခိုးခိုင်း တယ်။ အဲသလို
တစ်ဖက်က ရှိ ခိုးနေတဲ့ကြားက ခြေနဲ့ထပ်ကန် သေးတယ်။ Mother ကုမ္ပဏီလုပ်
 ငန်းလွှဲပြီးနောက်ပိုင်း ကျွန်တော် တို့ရဲ့ သက်ကြီးစက်ရုံအရာရှိ တစ် ယောက်ကို
 ဒီလို ကိုယ်ထိလက် ရောက်လုပ်တာ။ အရာရှိတောင် ဒီလို မတရားအနိုင်ကျင့်ခံ
ရတာ။

ကျွန်တော်တို့ အောက်ခြေ၀န် ထမ်းတွေဆို ဒီ Mother ကလူ တွေ ပိုပြီး အနိုင်ကျင့်
တော့မှာ။ ဒါနဲ့ပတ်သက်ပြီး ၀န်ထမ်းတွေ အကုန်လုံး အဲဒီပုဂ်္ဂိုလ်ကို မကျေ နပ်ဘူး””
ဟု စက်ရုံ အောက်ခြေ၀န် ထမ်းတစ်ဦးက Mother ကုမ္ပဏီ အရာရှိ၏ လုပ်ရပ်အပေါ်
သုံး သပ်ပြောကြားသွားခဲ့သည်။

သတင်းထောက်ကမတရား အနိုင်ကျင့် ကန်ကြောက်ခံရသည့် စက်ရုံ ၀ါရင့်အလုပ်
သမားကြီး ဦးထွန်းရွှေအားတွေ့ဆုံ၍ မေး မြန်းခဲ့ရာ ““အုတ်စက်ရုံမှာ ၂၇ ရက်နေ့က
 GM ဦးကြည်မောင် ကို လုပ်ငန်း Procedure တွေ ဘယ်လိုလုပ်ရမလဲဆိုပြီး သြ၀ါဒ
 ခံတာပါ။ အဲဒါ ဘာဖြစ်မှန်းမသိ ဘူး။ ကျွန်တော့်ကိုသူက မင်းတို့ ကို မကျေနပ်တာ
များပြီ ဆိုပြီး ဓာတ်ဘူးတွေ၊ ဖန်ခွက်တွေနဲ့ ကောက် ပေါက်တယ်။ ပြီးတော့ ကျွန်တော်
 ကို လိုက်ထိုးတယ်။ ကျွန်တော်ကလည်း ပြဿနာကြီး မှာစိုးလို့ထွက်ပြေးတာ။ အနောက် ကလိုက်ပြီးအစည်း အဝေးခန်း ထောင့်မှာ ကျွန်တော့်နားထင်ကို လက်သီးနဲ့ထိုး
တယ်။ ကျွန်တော် ကလည်း တောင်းပန်ပါတယ်၊ ရှိခိုးပါတယ်လို့ပြောတော့ သူက
 မြန်မာတွေက ဒီလိုမရှိခိုးရဘူး၊ထိုင် ကန်တော့ရတယ်တဲ့။ ကျွန်တော် ကလည်း
ကန်တော့ဖို့လုပ်တဲ့ အချိန်မှာ ပိတ်ကန်တယ်ဗျာ။ အဲဒီလိုအချိန်မှာ ၀န်ထမ်းတွေ
လည်း အများကြီး””ဟု မိမိ၏ မတရားအနိုင်ကျင့်ခံရမှုအား ရင် ဖွင့်ပြောကြားသွား
ခဲ့သည်။

အုတ်စက်အလုပ်သမားများ အနေဖြင့်လည်း မိမိတို့၏ ဆရာ ကဲ့သို့ ဖြစ်နေသော
စက်ရုံ အရာရှိဦးထွန်းရွှေကို Mother ကုမ္ပဏီအရာရှိက မတရားအနိုင် ကျင့်ခဲ့ခြင်း၊
 ထိုင်ရှိခိုးစေကာ ကန်ကြောက်ခဲ့ခြင်းများနှင့် ပတ် သက်၍မကျေနပ်မှုများဖြစ်လျက်
 ရှိနေပြီး အဆိုပါ ပြဿနာအား တာဝန်ရှိသူများက စနစ်တကျ အရေးယူဆောင်ရွက်
ခြင်းမပြု ပါကမလိုလားအပ်သောပြဿနာ များ ပေါက်ဖွားကြီးထွားလာနိုင် ကြောင်း
နှင့်စက်ရုံအလုပ်သား များ၏ အုံကြွမှုများ ဖြစ်လာနိုင် ကြောင်း ၀ါရင့် ၀န်ထမ်းအချို့က
 သုံးသပ်ကြသည်။


သတင်းရင်းမြစ်   Hot News Weekly

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ