Wednesday, October 17, 2012

ဂျပန် ချေးငွေဖြင့် သီလ၀ါ ဆိပ်ကမ်း အထူးစီးပွါးရေးဇုန် စီမံကိန်းအား ဦးစားပေး ဆောင်ရွက်မည်

17mt1ဂျပန်နိုင်ငံမှ ပြန်လည်ပေးအပ်မည့် ချေးငွေ
အစီအစဉ်များတွင် သီလ၀ါအထူးစီးပွားရေး
ဇုန် စီမံကိန်းအား ဦးစွာအကောင်အထည်
ဖော်နိုင်ရန် ကြိုးစားသွားမည်ဟု ဂျပန်-မြန်မာ
 အသင်းဥက္ကဋ္ဌ HideoWATANABE ၏ပြော
ကြားချက်အရ သိရသည်။

 ပြုပြင်ပြောင်းလဲမှုများကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ
အား ချေးငွေအစီအစဉ်များ စတင်အကောင်အထည်ဖော်ရန် ဂျပန်အစိုးရက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို အားပေးရန်နှင့်
 ဂျပန်ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုကို အားပေးရန် အတွက်ဖြစ်ကြောင်း သိရသည်။

"တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ပြု
လုပ်ခဲ့တဲ့ နှစ်ပတ်လည် ညီလာခံအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ကြွေးမြီကိစ္စကို
ဂျပန်နိုင်ငံက ဦး ဆောင်မှုနဲ့ဖြေရှင်းနိုင်အောင် ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံမှာ လို
အပ်နေတဲ့ အကူညီတွေကို ပေးအပ်သွားဖို့ စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံ အစိုးရတင်
မကဘဲ ဂျပန်ပြည်သူတစ်ရပ်လုံးရဲ့ ပါဝင်ကူညီမှုနဲ့ သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေး
ဇုန် စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားသွားမှာပါ" ဟု ဂျပန်-မြန်မာအသင်း
ဥက္ကဌမှ အောက်တိုဘာလ ၁၅ ရက် နေ့က  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်
တွင်ပြုလုပ်ခဲ့သည့် တိုကျို-ရန်ကုန် တိုက်ရိုက်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင်
 ပြောကြားခဲ့ပါသည်။

သီလ၀ါဆိပ်ကမ်း အထူးစီးပွားရေးဇုန်အား ဂျပန်နိုင်ငံမှ ကာလရှည် အတိုးနှုန်းနိမ့်
 Official Develop ment Assistant (ODA) ချေးငွေဖြင့် လုပ်ဆောင်ရန်စီစဉ်ထားပြီး၊ ဂျပန် နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ပူးပေါင်း
ဆောင်ရွက်နိုင်ရန် National Transport Development အား ပို့ဆောင်ရေးဝန်ကြီး
ဌာနနှင့် ဂျပန်နိုင်ငံ တို့သည်၂၀၁၂ခုနှစ်၊ ဇွန်လ၁၃ရက်နေ့က လက်မှတ်ရေးထိုး
ခဲ့သည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား ဘဏ္ဍာရေး၊ စီးပွားရေးအကူညီများ  ထောက်ပံ့ပေး
သွားမည့်အပြင် မြန်မာနိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီများကိုလည်း ရှင်းလင်းနိုင်
အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ရက်နေ့က တိုကျို
၌ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ပြုလုပ်ခဲ့သည့်
 နှစ်ပတ်လည်ညီလာခံ၏ မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးတွင် ဂျပန်နိုင်ငံ
 ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းရင်းမြစ်    Eleven Media Group            

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ