Wednesday, October 17, 2012

NLD ညီလာခံ ကျင်းပရေးစီမံချက် ရှင်းလင်းပွဲ


thn-10-17-8အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၊တိုင်း၊
ခရိုင်၊မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်
များ ညီလာခံ ကျင်းပရေးစီမံချက်ရှင်းလင်းပွဲ
ကို  အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း


 က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပ ခဲ့ကြောင်းသိရသည်။
                           
အဆိုပါညီလာခံကျင်းပရေး စီမံချက်ရှင်းလင်းပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နာယက ဦးတင်ဦး၊ရန်ကုန်တိုင်းညီလာခံကော်မရှင် ဥက္ကဋ္ဌ ဦးတင်ရှိန်၊ဗဟိုညီလာခံ
 ကျင်းပရေးကော်မရှင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းအပါအ၀င် ရန်ကုန်တိုင်းအတွင်း
ရှိ မြို့နယ်အသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ထောင်ဝန်းကျင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဗဟိုညီလာခံကျင်းပရေးကော် မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက''ကျွန်တော်တို့
ညီလာခံစီမံချက်ကို အကြိမ်ကြိမ်အခါခါပြင်ခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့
 ဒီညီလာခံစီမံချက်ဆွဲဖို့ ကျွန်တော်တို့မှာ လုံးဝအတွေ့အကြုံမရှိပါဘူး။ဒီတော့
 ကျွန်တော်တို့က ဘာလုပ်ရလည်းဆို  တော့ ၁၉၉၀ ခုနှစ်လောက်က နည်းနည်း
ပါးပါးလုပ်ခဲ့တဲ့ ညီလာခံမှတ်တမ်းလေးတွေ ရှာရတယ်။အတွေ့အကြုံရှိခဲ့တဲ့ပုဂ္ဂိုလ်
တွေကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ရတယ်။အဓိက ကတော့ ကျွန်တော်တို့
ပါတီကြီးကို  အောက်ခြေကနေ ထိပ်ဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့အထိ
 ဒီမိုကရေစီနည်းကျ ဖွဲ့စည်းတဲ့အဖွဲ့အစည်းအဖြစ် ရပ်တည်ချင်တယ်။ဒါက
လည်း အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့ပါတီဟာ ဧပြီ ၁ရက်နေ့ကြားဖြတ်
 ရွေးကောက်ပွဲမှာ ရာခိုင်နှုန်းပြည့် နီးပါး အနိုင်ရတယ်။အင်မတန်လှပါတယ်။
ဒီအတိုင်းဆက်ပြီး လှနေဖို့ဆိုရင် ကျွန်တော်တို့ပါတီတောင့်တင်းဖို့လိုတယ်"
ဟု ပြောကြားခဲ့ပါသည်။

"ကျွန်တော်တို့က ပြည်စုံတယ်လို့တော့မယူဆပါဘူး။ ကျွန်တော်တို့ညီလာခံ မပြီး
မြောက်ခင် မည်သည့်အချိန်အခါမဆို ပြင် သင့်ပြင်ထိုက်တာတွေကို ပြင်မှာပါ။ပြင်ပြီး
ရင်လည်း အားလုံးကိုအသိပေးမှာပါ။ ဗဟိုညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌကြီး
ပြောသလို အားလုံး ညီညီညွတ်ညွတ်ပါဝင်စေချင်တယ်။ ညီညီညွတ်ညွတ် ပါဝင်စေ
ချင်တယ်ဆိုတာ မပြောနဲ့မဆိုနဲ့ အ ပေါ်ကချလိုက်တာကို လုပ်လို့ဆိုတာမျိုးပြောတာ
မဟုတ်ဘူး။အားလုံးရဲ့သဘောထားအမြင်ကို အမြဲတမ်း လေးစားပါမယ်။
မတူတဲ့သဘောထားအမြင်တွေရှိပေမယ့် ဒီမိုကရေစီနည်းကျဆောင်ရွက်မယ့်ဟာ
ကိုတော့ အားလုံးက လေးစားလိုက်နာပြီး ပူးပေါင်းပါဝင်ဖို့လိုပါတယ်''ဟု ဦးဥာဏ်ဝင်း
က ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် ညီလာခံကျင်းပရေး စီမံချက်ရှင်းလင်းပွဲသို့ တက်ရောက်လာသူများမှ
 မေးခွန်းများမေးမြန်းခြင်းပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ဗဟိုညီလာခံကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့က
 ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုညီလာခံကို ယခုနှစ်ဒီဇင်ဘာလမတိုင်မီ ကျင်းပ
နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

သတင်းရင်းမြစ်    Eleven Media Group            

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ