Wednesday, October 17, 2012

"နိုင်ငံကူးလက်မှတ်အတွက် အခွန်ကင်းထောက်ခံချက် မကြာမီ ဖြေလျှော့ပေး မည်"


အခွန် ကင်းရှင်းကြောင်းထောက်ခံချက်
ပုံစံ(၁၇)နှင့် ပုံစံ(၁၉)တို့အား မကြာမီ
အဆင်ပြေအောင် ဖြေလျှော့ပေး သွား
မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ
 ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က
 ပြောသည်။




''ဒီ ပုံစံ(၁၇) နဲ့(၁၉)ကို ဖျက် သိမ်းဖို့ဆိုတာက ဝင်ငွေခွန်ဥပဒေ အရ မဖြစ်နိုင်ပါဘူး'' 
ဟု ၄င်းက ဆက်ပြောသည်။

အခွန်ကင်းရှင်းကြောင်း ပုံစံ (၁၇)နှင့် ပုံစံ(၁၉) ကို လက်ရှိတွင် ဘဏ္ဍာရေးနှင့် 
အခွန် ဝန်ကြီးဌာန အောက်ရှိ ပြည်တွင်းအခွန်များဦးစီး ဌာနမှ အခွန်ကင်း 
ရှင်းကြောင်း ထုတ်ပေးသည့် ထောက်ခံ ချက်ဖြစ် ပြီး နိုင်ငံကူး လက်မှတ် ထုတ် 
ယူရာ တွင် အရေးကြီးသောထောက်ခံစာ လည်း ဖြစ်သည်။

ပုံစံ(၁၇) မှာ မိမိနေထိုင်သော မြို့နယ်တွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံ
 ချက်ဖြစ်ပြီး ပုံစံ(၁၉)မှာ ပြည်ပ ထွက်ခွာမည့်သူ များအတွက် အခွန် ကင်းရှင်း
ေ ကြာင်း စိ စစ် ထားသည့်ထောက်ခံချက်ဖြစ်သည်။

အစိုးရသစ် တက်ပြီးနောက် အမြတ်ခွန် ဥပဒေမှာ ရုပ်သိမ်းထား ပြီးဖြစ်သည့် 
အတွက် ပုံစံ(၁၇)၊ ပုံစံ(၁၉)ဟု မခေါ်ဘဲ ဝင်ငွေခွန် ဥပဒေဖြင့် သက်ဆိုင် သည် ကို ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ယခင် ပုံစံ(၁၇)အား ယခုအခါ ပတခ 
(ဝင)-၁ဝ နှင့် ပုံစံ(၁၉) အစား ယခုအခါ ပတခ(ဝင)-၁၂ ဟု ခေါ်ဆိုကြောင်း 
သိရသည်။

အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် ရရှိအောင် လုပ် ဆောင်ရာတွင် ပုံစံ 
(၁၇) မှာ နယ် ဘက်နှင့် ရန်ကုန်တွင် အခွန်ပေး ဆောင်ရမှု နှုန်းထားမှာ ကျပ်
 ထောင်ကျော်မှ သောင်းကျော်အထိ ကွာခြားချက်များ ရှိနေခြင်းနှင့် ထောက်
 ခံစာ များ ထုတ်ယူရာတွင် ကြန့်ကြာမှုများကြောင့် ၄င်းတို့ကို ပယ်ဖျက်ပေး 
သင့်ကြောင်း မကြာမီ ကာလက မီဒီယာ အချို့တွင် ရေး သားခဲ့ကြသည်။

သတင်းရင်းမြစ်    Popular Myanmar News

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ