Wednesday, October 17, 2012

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲ တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ် ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်
ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများ
ထံမှ ဥပဒေမဲ့ အခကြေးငွေများ တောင်းခံ
နေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်
ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်

 
အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ အကျင့်ပျက်ယာဉ်ထိန်း ရဲဝန်ထမ်းများအား စုံစမ်းဖော် ထုတ် အရေးယူရန်
အတွက် သက်ဆိုင်ရာခရိုင်အလိုက်ခရိုင်ရဲ တပ်ဖွဲ့မှူးများမှ ဦးဆောင်ကွပ်ကဲ၍ 
 ဖော်ထုတ်အရေးယူသွားရန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ညွှန်ကြား ထားကြောင်း၊
 ဖော်ထုတ်ဖမ်း ဆီးရမိပါက တည်ဆဲဥပဒေများ အပြင် ရဲကျင့်ဝတ် ချိုးဖောက်မှုဖြင့်ပါ
 ထိရောက်စွာ အရေးယူအပြစ်ပေး သွားရန်စီစဉ်ထားကြောင်း ရန်ကုန် တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိကြီးတစ်ဦးကပြောသည်။

''ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပြည်သူတွေအပေါ် အနိုင်အထက် ပြုကျင့် ပြီး ငွေကြေးတံစိုး
လက် ဆောင်တောင်းခံတာ၊ လာဘ်ပေး လာဘ်ယူမှုတွေ ကျူးလွန်တာမျိုးရှိ ခဲ့မယ်
ဆိုရင် အဲဒီအကျင့်ပျက် ရဲ ဝန်ထမ်းကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူသွားမယ့်
အပြင် ပြစ်ဒဏ် နှစ်ဆနဲ့ အပြစ်ပေးသွား မယ်။ ပြည်သူတွေအနေနဲ့လည်း တိုင် ကြား
လာရင်လည်း အဲဒီတိုင်ကြား ခံရတဲ့ ရဲဝန်ထမ်းကို စစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်း
 ထင်ရှား မယ်ဆိုရင် အရေးယူသွားမယ်။ အကယ်၍ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ 
အဂတိလိုက်စားမှု ကျူးလွန်တာကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ တိုင်ကြားဖို့
ခက်ခဲ ခဲ့မယ်ဆိုရင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးတွေထံ လိပ်မူပြီး တိုက်ရိုက် တိုင်ကြားလို့ရတယ်'' ဟု မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ခင်မောင်စီ က ပြောသည်။

အငှားယာဉ်မောင်း တစ်ဦးက အကျင့်ပျက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် များအနေဖြင့် 
မီးပွိုင့်များ၊ ယာဉ် အသွားအလာများသော နေရာများ၌ ယာဉ်များအား တားဆီးကာ အ ကြောင်းအမျိုးမျိုးပြ၍ ငွေကြေး တောင်း ခံလျက်ရှိသည်မှာ ကြာမြင့် နေပြီဖြစ်
ကြောင်း၊တချို့သော ယာဉ်စည်းကမ်း ချိုးဖောက်သူများ ကိုလည်း ဖမ်းဆီးရမိပါက
 သတ် မှတ်ထားသော ဒဏ်ကြေးအတိုင်း မဟုတ်ဘဲ ညှိနှိုင်းဈေးဖြင့် ၄င်းတို့ အား ဥပဒေမဲ့ပေးဆောင်နေရ ကြောင်း ပြောသည်။

ဆက်၍၄င်းက ထိုသို့အကျင့် ပျက် ယာဉ်ထိန်း ရဲဝန်ထမ်းများ အား ဖော်ထုတ်စုံစမ်း
၍ အရေးယူမည့် အစီအစဉ်မှာ ကောင်းမွန်သော်လည်း အကျင့်ပျက်ရဲဝန်ထမ်းများ
 လုံးဝ ပပျောက်သွားသည်အထိ ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ၄င်း ၏အမြင်
ကို ပြောသည်။
 
သတင်းရင်းမြစ်   Popular Myanmar News

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ