Sunday, October 7, 2012

ဘင်္ဂလီတွေရဲ့ လုပ်ရပ် ဘုန်းတော်ကြီးတွေ ဆန္ဒပြ ကန့်ကွက်

Photobucketဘင်္ဂလာဒေ့ခ်ျနိုင်ငံက အကြမ်းဖက်
လူအုပ်စုက ဗုဒ္ဓဘာသာ ဘုန်းကြီး
ကျောင်းတွေနဲ့ ဗုဒ္ဓဘာ သာဝင်တွေ
ရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးမှု
တွေပြုလုပ်နေကြတာကြောင့် မြန်မာ
နိုင်ငံမှာရှိတဲ့ ရဟန်းတော်တွေက

ရန်ကုန်မြို့မှာရှိတဲ့ ဘင်္ဂလာဒေ့ခ်ျ သံရုံးရှေ့မှာ အောက်တိုဘာလ(၅)ရက်နေ့က
ဆန္ဒပြ ကန့်ကွက်မှုတွေပြုလုပ် ခဲ့ကြတယ်။

အဆိုပါ ဆန္ဒပြကို အောက်တိုဘာ ၅ရက်နေ့လည် ၁နာရီအချိန်မှာ ရဟန်းတော်တွေနဲ့
 ပြည်သူလူထု စုစုပေါင်း ၂၅၀ ခန့်က ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့
ထိ ပြုလုပ်မှာဖြစ်ပါတယ်။ဘင်္ဂလာဒေ့ခ်ျမှာ မီးရှို့ ဖျက်ဆီးခံရတဲ့ ဘုန်းကြီးကျောင်း ဓာတ်ပုံ
တွေ ဗုဒ္ဓဘာသာကို စော်ကားထားတဲ့ ဓာတ်ပုံတွေ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မှာကို ကန့်
ကွက်တဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။

ဒီဆန္ဒပြမှုကိုနိုင်ငံတကာ သတင်းမီဒီယာတွေက သတင်းထောက်တွေနဲ့ ပြည်တွင်း
သတင်းထောက်တွေပါ လာရောက် သတင်းယူခဲ့ကြပြီး ဆန္ဒပြမှုကို နေ့လည် ၂နာရီ
အချိန်ခန့်မှာ အဆုံးသတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်ခင်ဗျာ။

သတင်းရင်းမြစ်    BurmaVJ    ၊ The Voice Weekly    

ရုပ်သံသတင်း ကြည့်ရှုရန်



ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်ကြောင်း

The Voice Weekly ရဲ့ သတင်းဖော်ပြချက်ဖတ်ရှုရန်
5-10-12-(Voice News)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ