
စားသုံး ဆီအတုများက နယ်စပ်ဒေသမှ တစ်ဆင့်
ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်လာ
ကြသည်။
တရုတ်နိုင်ငံမှ တရားမ၀င် တင်သွင်းသော စားသုံးဆီများက မြန်မာပြည်
နယ်မြေအသီးသီးသို့ စိမ့်ဝင်နေကြရာ သက်ဆိုင်ရာ အာဏာပိုင်များက
ကိုယ်ကျင့် တရားရှိရှိဖြင့် အချိန်မီတားဆီး ကာကွယ်သင့်ကြောင်း၊ခန္ဓာကိုယ် အတွက်ဝန်ထုပ်ဝန်ပိုးအန္တာရာယ် ဖြစ်စေသောအဆိပ်အတောက် များကို
စားသုံးဆီအတုမှ တစ်ဆင့် သယ်ဆောင်လာပါက လူသား အတွက်မမြင်
နိုင်စွမ်းသောအတွင်း ရန်သူများပင်ဖြစ်ကြောင်း၊လူ့ခန္ဓာမှ အသည်းသည်
အယ်လ်ဖာ တောက်ဆင်မှိုပါသောပစ္စည်း များကြောင့် ဘေးဥပါဒ်ရောက်ရ
ကြောင်းဆီအတုကိုသမ္မာအာဇီဝ ရှိ သော၊လူလူချင်းကိုယ်ချင်းစာ တရား
မရှိသော၊ ဖြတ်လမ်းနည်း ဖြင့်မတရားချမ်းသာချင်ကြသော သူများသာလျှင်
ဈေးကွက်သို့တင်ပို့ ရောင်းချကြသည်ဟု သိရသည်။
၁၉၅၃ခုနှစ်က အာဖရိက တိုက် မော်ရိုကိုနိုင်ငံရှိကျေးရွာ တစ်ရွာတွင် ၀ိသမ
လောဘသားတို့ ဖန်တီးလိုက် သော စားသုံးဆီ အတုကြောင့် အပြစ်မဲ့ကျေးလက်
ပြည်သူ(၃၀၀)ကျော်ကိုယ်တစ်ပိုင်း သေဆုံးကြရ၏ဒုက်္ခိတဘ၀ရောက် ကြရ
သည့် ဖြစ်ရပ်တစ်ခုကိုကား မမေ့သင့်ပါ။ မမေ့အပ်ပါ။
ဆီကိုလျော့စားကြအောင် ကျန်းမာရေးဌာနမှ ပညာပေးလျက် ရှိပါသည်။
လေးစားလိုက်နာဖို့လို ပါသည်။ ကောလင်းမြို့နယ်တစ် ၀ိုက်တွင် မြေပဲစိုက်
ရာသီက ရေ အခက်အခဲကြောင့် ပုံမှန်ထွက်ရှိ သော မြေပဲဆီအထွက်နည်းခဲ့ရ သည်။ထို့အတူ နေကြာစိုက်ခင်းမှ နေကြာပင်များ ရေမလုံလောက် မှုကြောင့်
ပျက်စီးမှုအရ နေကြာ ဆီလည်း အထွက်နည်းလာသည်။
နိုင်ငံတွင်း မြေပဲနေကြာ စားသုံးဆီများအထွက်နည်းမှုကို အခွင့်ကောင်းယူ၍
စီးပွားရေးထိုး နက်လိုသော ၀ိသမလောဘသား များက စားသုံးဆီဈေးကွက်
တွင် တရားမ၀င်တင်သွင်းသော ဆီအတုများ ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်း
ချနေကြသည်။ ထိုး ဖောက်ဝင်ရောက်လာသော ဆီ အတုများက စားသုံးသူ
များ၏ အသက်ကို လွယ်ကူစွာချွေယူသွား ပေတော့မည်။
ထို့ကြောင့်မြို့နယ်မှ တရား မ၀င်စားသုံးဆီများ ဖြန့်ဖြူးရောင်း ချနေမှုအပေါ် စိစစ်
ရန်ကော်မတီ တစ်ရပ်ကို သြဂုတ်လအတွင်းက ဖွဲ့စည်းလျက်ကွင်းဆင်းဆောင်
ရွက် ခဲ့ကြသည်။စည်ပင်ဈေးနှင့်အိမ် ဆိုင်များသို့ကွင်းဆင်းပြီး ဆီရောင်း ချသူ
လုပ်ငန်းရှင်များအား ပညာ ပေးဟောပြောခဲ့ကြသည်။
စားသုံးဆီသာမက မုံရွာ ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်
လာကြသော လူသုံးကုန်စည်များ အရည်အသွေး မီ မမီစိစစ်သင့်ပါသည်။စား
သောက် ကုန်များ အစာအဆိပ်သင့်သော ဘေးအန္တရာယ်မှ ကင်းရန် ကျွမ်း ကျင်
သောပညာရှင်များက ““ရွှေ သမင် ဘယ်ကထွက်၊မင်းကြီးတာ ကထွက်””ဆိုရိုး
စကားအတိုင်း ““မူ လပင်ရင်းတာ””မှာပဲ စိစစ်၍ သွင်း ကုန် ထုတ်ကုန်လိုင်စင်များ
စိစစ် ပြီး ဆောင်ရွက်သင့်ပါကြောင်း။ ကောလင်းမြို့ရောက်မှ ဖြန့်ကျက်လာသော
ကုန်ပစ်ည်းများကို ငါး ဖမ်းပိုက်ဖြင့် ဖြန့်ကျက်ဖမ်းဆီး အရေးယူမှုမပြုဘဲ ““မူလ
ပင်ရင်း တာ””ကိုပဲ အလုံပိတ်တားမြစ်သင့် ပါကြောင်း ဒေသခံဆီကုန်သည်
များက ပြောကြားနေကြပြီ။
ဇင်မာသင်း
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment