
မြို့နယ် ညောင်လေးပင်ကျေးရွာ မှုတ်ရှည် ကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းလှသည် လုပ်ပိုင်ခွင့်
အလွဲသုံးစားပြု၍ ကျေးရွာလူထု အပေါ် ငွေကြေးများ
ကောက်ခံ ခြင်းနှင့်အဓမ္မလုပ်အားပေး ခိုင်း စေခြင်းများ
ကို နိုင်ငံတော်သမ္မတထံ (၃.၁၀.၂၀၁၂)ရက်နေ့တွင် တိုင်ကြားထားကြောင်း
ညောင် လေးပင်ကျေးရွာ မှုတ်ရှည်ကျေး ရွာအုပ်စုတွင် နေထိုင်သူ ဦးတင် မြင့်၊
ဦးစိုးမြင့်၊ဦးဗလတို့၏ ပြောပြ ချက်အရ သိရသည်။
ညောင်လေး ပင်ကျေးရွာမှ ရေပြည့်ကျေးရွာ ရိုးမပတ်လမ်းအထိ ကိုယ်ထူကိုယ် ထလမ်းဖောက်လုပ်ရန်အတွက် မေလတွင် ငွေကောက်ခံခဲ့ပြီး ၎င်းလမ်းအားပြီးစီး
အောင် ဖောက်လုပ် ပေးမှုမရှိခြင်း၊ကျောင်းပြုပြင်ဆောက်ရန်အတွက်အမျိုးမျိုး
ကောက်ခံခဲ့ သော်လည်း ကျောင်းအားပြီးစီး သည်အထိ မဆောက်လုပ်ခြင်း၊
မီးသတ်စက် ၀ယ်ယူရန် ၂၀၁၁ခု နှစ်၊မတ်လခန့်တွင် ကောက်ခံခဲ့ သော်လည်း
မီးသတ်စက်အား ၀ယ်ယူခြင်းမပြု၊ညောင်လေးပင် ကျေးရွာအိမ်အသစ်ဆောက်
လုပ် လျှင် ငွေကောက်ခံခြင်း၊ရွာပတ် လမ်းဖောက်လုပ်ရန်အတွက် ကွက်သစ်
နေအိမ်များမှ ကောက် ခံခဲ့ပြီး ယခုတိုင်ဖောက်လုပ်မှုမရှိ ခြင်း၊စိုက်ပျိုးစရိတ်
ချေးငွေများ ထုတ်ချေးရာတွင်လည်း ခင်မင်ရင်း နှီးသူများနှင့်ဆွေးမျိုးသားချင်း
များ ကို ဘဏ်ချေးငွေပိုမိုရရှိစေပြီး အခြားတောင်သူလယ်သမားများ မှ ဘဏ်
ချေးငွေထုတ်ရန် တင်ပြ ထားသော ဧကနှင့် မကိုက်ညီဘဲ လျော့၍ထုတ်ပေးခြင်း၊
အုပ်စုအုပ် ချုပ်ရေးမှူးရုံးဆောက်လုပ်ရန်အ တွက် ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းတွင်
အုပ်စုတစ်ခုလုံးရှိ အိမ်ထောင်စု များမှ ငွေကောက်ခံပြီး ယခုတိုင် ၎င်းရုံးအား
ပြီးစီးအောင်မဆောက် လုပ်ခြင်း၊အထက်ပါငွေကြေး ရန်ပုံငွေများအား စာရင်းရှင်း
လင်း တင်ပြခြင်း လုံးဝမရှိခြင်း၊ထို့ကြောင့် မှုတ်ရှည်တစ်ခု အုပ်ချုပ်ရေးမှူး
ဦး သောင်းလှသည် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုမှုအား လိုအပ်သလို စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်ရန်အတွက် သမ္မ တထံ တင်ပြထားကြောင်းပြော
ပြချက်အရ သိရသည်။
လယ်သမားဘဏ်ထုတ်ရာ တွင်လည်း ငွေ(၁၀၀၀၀၀)ထုတ်ပါ က ငွေ(၂၀၀၀)ကျပ်
နှုန်းဖြင့် ကောက်ယူရာ တစ်အုပ်စုလုံး သိန်း (၂၄၀)ရှိပါသည်။ယင်းအုပ်ချုပ်ရေး မှူး ဦးသောင်းလှနှင့်ဦးဆောင်းတင် တို့နှစ်ဦးရှိနေပါက မိမိတို့ကျေးရွာ အုပ်စု ဖွံ့ဖြိုး
တိုးတက်မှုများ နှောင့် နှေးကြန့်ကြာနိုင်သည်ကို စိုးရိမ် သောအားဖြင့် ရပ်မိရပ်ဖများ ရပ်ကျေးပြည်သူလူထုများမှ ၎င်းတို့နှစ်ဦးအား လိုအပ်သလို အရေး ယူနိုင်ပါရန်
နိုင်ငံတော်သမ္မတထံ တင်ပြတိုင်ကြားထားကြောင်း ဆို၏။
အလယ်ပိုင်း(သတင်းသမား)
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment