မန္တလေးမှ သံဃာအပါးတစ်ထောင်ကျော် မှာ
အောက်တိုဘာလ(၁၂)ရက်နေ့ နေ့လည်(၁)နာရီ
ဝန်းကျင်က ဘုရားကြီးဦးပွားကျောင်းတိုက်မှ စတင်
စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ သံဃာအပါးတစ်ထောင်ကျော်မှာ ဦးပွားဂုံးကျော်မှ (၈၄)လမ်းအတိုင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်နေခြင်းဖြစ်သည်။
အောက်တိုဘာ(၉)ရက် ကလည်း စစ်တွေမှသံဃာတော်အပါး (၁၅၀၀)ခန့်က
စစ်တွေမြို့ မြင်းပြိုင် ကွင်းလမ်း အနောက်စံပြရပ်ကွက်ရှိ ဘင်္ဂလားဒေရှ်ကောင်
စစ်ဝန်ရုံးရှေ့၌ OIC အလိုမရှိကြောင်း မိနစ်(၃၀)ကြာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး
သံဃာထုမှ OIC အား ကန့်ကွက်သည့် တောင်းဆိုချက်အပါအ၀င် (၅)ချက်ပါ
တောင်းဆိုချက်အား ဘင်္ဂလားဒေ့ရှ် အစိုးရထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာ (၂၅)ရက်နှင့်(၂၆) ရသေ့တောင်၌ ပြုလုပ်ခဲ့သည့် ရခိုင်ဒေသလူထု
အစည်းအဝေး၌လည်း OIC ရုံးဖွင့်ထားရှိမည့် အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည်။

OIC အနေဖြင့် လူသ퓳ܮYKgှု
လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်း
ဆောင်ရွက်ရန်နှင့် စောင့်ကြည့် လေ့လာရန် ရန်ကုန် စစ်တွေတွင် ရုံးများဖွင့်လှစ်
ထားရှိမည့် ကိစ္စကို နယ်စပ်ရေးရာဝန်ကြီးဌာနတို့ စက်တင်ဘာလ (၁၁)ရက်နေ့က
နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။

သတင်းရင်းမြစ်း Shwe Myitmakha Media Group
No comments:
Post a Comment