Monday, October 15, 2012

ကျောက်မဲ အ.ထ.က(၁)မှ ပညာသင်ကြားမှုနှင့်ပတ်သက်၍ မိဘများက တိုင်ကြားမှုရှိလာ

 ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့ရှိ 
အခြေခံပညာအထက်တန်းကျောင်း အ.ထ.က
(၁)၏ ပညာသင်ကြား ရေးစနစ်နှင့် ပတ်သက်၍ တိုင်ကြားမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့
နယ်ပညာရေးမှူးရုံးက  သိရသည်။
 

အဆိုပါ တိုင်တန်းမှုမှာ န၀မတန်း(စီ)မှ ကျောင်သားမိဘတစ်ဦးမှ တိုင်တန်းခြင်းဖြစ်ပြီး ကျူရှင်မတက်နိုင်သောကျောင်း သားကျောင်းသူများအား ကျောင်းဆရာမများက ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ တိုင်တန်းမှုမျိုး ဖြစ်သည်။
 
“ပညာတတ်တွေနဲ့ အာဏာပိုင်တွေက ကျွန်တော်တိုင်တဲ့စာတွေကိုလဲ စားပွဲပေါ်မှာပဲ ဖတ်ပြီးဆွေးနွေးနေတာ ကျွန်တော်ထောက်ပြတဲ့အချက်တွေကိုတော့ ဟိုလိုလိုဒီလို
လိုနဲ့ လုပ်နေတာ၊ မြို့နယ်ရော ခရိုင်ရောတူတူပဲ၊ ကျွန်တော်အဓိကထား တိုင်တာက ကျူရှင်တွေမှာအားသန်ပြီး ကျောင်းခန်းထဲမှာ ဖြစ်သလိုသင်နေတာတွေ ကို မရှိစေ
ချင်တာပါ” ဟု အသက် (၇၄) နှစ်အရွယ်ရှိ တိုင်တန်းသူ ဦးသိန်းလွင်က ပြောသည်။
 
ယခုတိုင်ကြားမှုအား ပြေလည်အောင်ဆွေးနွေးပေးခြင်းမရှိပါက နိုင်ငံတော်အဆင့်
အထိ ဆက်လက်တိုင်တန်း သွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆိုသည်။

“ကျောင်းသားတစ်ယောက် လပတ်စာမေးပွဲကျတယ်ဆိုတာ ကျူရှင်တက်တာ 
မတက်တာနဲ့မဆိုင်ပါဘူး၊ တစ်နိုင်ငံလုံးမှာ ဒီလိုပဲ သင်ကြားနေကြတာပဲ၊ အဓိကက ဆရာဆရာမသင်တာကို သေချာလိုက်လုပ်မယ်ဆိုရင် မလိုက်နိုင်စရာ အကြောင်း

၂၀၁၂ ခုနှစ် ဇွန်လ လပတ်စာမေးပွဲတွင် န၀မတန်း(စီ) ရှိကျောင်းသူကျောင်းသား 
(၃၈) ဦးအနက် (၈) ဦးသာ ရူပဗေဒနှင့် သင်္ချာဘာသာရပ်များတွင် အောင်မြင်ပြီး 
ကျန်(၂၈)ဦး မအောင်မြင်ရခြင်းမှာ ကျူရှင်မတက်သော ကျောင်းသူ /သားများကို 
ဆရာဆရာမများမှ ခွဲခြား သင်ကြားပေးမှုကြောင့် ဖြစ်ရသည်ဟုဆိုကာ တိုင်
တန်းခြင်း ဖြစ်သည်။

“န၀မတန်း ( စီ )က ကျောင်းသူကျောင်းသားတွေက ရူပဗေဒဆရာမသင်တဲ့အချိန်
ဆိုရင် ဆရာမကို ထပြီး နှုတ်ဆက်တာမျိုး မလုပ်ကြဘူး၊ စာသင်တဲ့ အချိန်မှာလည်း
 စာလိုက်မလုပ်ပဲ ဖုန်းကိုဆော့နေတာမျိုးတွေရှိတယ်၊ ကျမတို့ဘက်က ဖြစ်စေ ချင်
တာက ဆရာမ၀င်လာတဲ့အချိန်တင်မဟုတ်ဘူး ဘယ်လူကြီးလာလာ ထပြီး နှုတ်
ဆက်ရမယ်?zN]ggရာမဘက်က တစ်ခုခုလွန်တာရှိရင် ကျမတာဝန်ပေါ့၊ 
မိဘတွေကလည်း ကိုယ့်ရဲ့ သားသမီးကို ဆုံးမစေချင်လို့ ဆွေးနွေးဖို့ခေါ်ရတာ 
အဲ့ဒါကို အထက်ကိုတိုင်တာပါ”ဟု ကျောက်မဲမြို့ အ.ထ.က (၁) မှ ကျောင်းအုပ်
ဆရာမကြီးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာပညာရေးဆိုင်ရာဌာနများမှ ဆုံးဖြတ်ချက်
ချမှတ်နိုင်ခြင်းမရှိသေးပဲ သုံးသပ်နေဆဲဖြစ်ကြောင်းကိုလည်း သိရသည်။ အထက်
ပါကိစ္စနှင့်ပတ်သက်၍ အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ယခုကဲ့သို့ သုံး
သပ်သည်။
 
“တကယ်တမ်းတော့ ကျောင်းသားမိဘဆိုတာ ကိုယ့်သားသမီးရဲ့ အခြေအနေကို 
အသိဆုံးပါ၊ စာမလိုက်နိုင် ရင် စာလုပ်ခိုင်းတာကို လိုက်မလုပ်ရင် ကျောင်းမှာ ဆရာ
/ဆရာမတွေက ဆုံးမမယ် ဆူမယ်၊ ဒါထုံးစံပဲ  ကျောင်း သားက ကျောင်းသားအလုပ်
လုပ် ဆရာတွေက ဆရာအလုပ်လုပ် ကျောင်းသားမိဘကလဲ ကိုယ့် သားသမီးကို 
ဆုံးမမယ်ဆိုရင် အခုလိုတိုင်တန်းတာတွေ ဖြစ်လာမှာမဟုတ်ဘူး”ဟု ကျောက်မဲမြို့ရှိ အငြိမ်းစားကျောင်းအုပ် တစ်ဦးက သုံးသပ်သည်။

သတင်းရင်းမြစ်   Shwe Myitmakha Media Group
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ