Monday, October 15, 2012

လှူဒါန်းပစ္စည်းအလွဲသုံးစားမှုများရှိခဲ့သည့် သာပေါင်းမြို့နယ် အား ကော်မ တီ (၂)ရပ်ဖွဲ့၍ စစ်ဆေးနေ


ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ရေဘေး
သင့်ပြည်သူများအတွက် လှူဒါန်းပစ္စည်းများအား အလွဲသုံးစားပြုလုပ်သူများရှိသူ ဟု ဒေသခံများက
 တိုင်ကြားမှုအပေါ်တွင်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ကော်မတီနှစ်ရပ်ဖွဲ့ကာ
 စစ်ဆေးမှု များ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

  “ကျွန်တော်တို့အနေနဲ့ အခု စစ်ဆေးနေပါတယ်။ မြို့နယ်ထွေ/အုပ်ကနေ 
ဖွဲ့စည်းတဲ့ စစ်ဆေးရေး ကော်မတီ နှစ်ဖွဲ့ကနေပြီးတော့၊ သက်သေတွေတစ်
ဦးနှစ်ဦးတော့ စစ်ဖို့ကျန်သေးတယ်။ အတိအကျ စစ်ပြီးပြီဆိုရင်တော့ အဖွဲ့
ခါင်းဆောင် မြို့နယ်ဥပဒေအရာရှိရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပြန်သွားဖို့ အစီအစဉ်
 ရှိတယ်”ဟု သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူးရဲအုပ် ငွေစိုးက ပြောသည်။
 
အဆိုပါ စစ်ဆေးရေးကော်မတီများအနေဖြင့် အောက်တိုဘာ(၁၅)ရက်နေ့၌ သာပေါင်းမြို့နယ် တောင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား စစ်ဆေးမှုပြုလုပ်
ခဲ့ပြီး အောက်တိုဘာ (၁၄) ရက်နေ့တွင် သင်္ဃန်းပင်ဆိပ်ကျေးရွာအုပ်စု အုပ်
ချုပ်ရေးမှူးနှင့် အုပ်စုစာရေးတို့အား စစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရေဘေးသင့်ပြည်သူများအတွက်
 လှူဒါန်းပစ္စည်းများ အလွဲသုံးစားပြုလုပ် သည်ဟု ဒေသခံများမှ အောက်တိုဘာ
(၂)ရက်နေ့က သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
 
 အဆိုပါ တိုင်ကြားစာ၌ ရေဘေးသင့်ပြည်သူများထံသို့ အလှူရှင်အသီးသီးမှ 
လှူဒါန်းထားသော ဆီ၊ ဆား၊ ဖယောင်းတိုင်၊ ဆန်၊ ပဲ၊ အ၀တ်အထည်၊ ခေါက်
ဆွဲခြောက်၊ ဆပ်ပြာ၊ မုန့်ခြောက်၊ မုန့်အစိုစသော လှူဒါန်းပစ္စည်းအချို့ မရရှိ
ည့်အပြင် အုပ်ချုပ်ရေးမှူးနှင့် အတူ ဆောင်ရွက်ခဲ့သော ရာအိမ်မှူး၊ ဆယ်စု
မှူး၊ မီးသတ် တပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အထူးအခွင့်အရေးအဖြစ် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းကိုလည်း ဖော်ပြပါရှိသည်။
 
 “ကျွန်တော်တို့ကို စေတနာရှင်တွေက လှူဒါန်းတဲ့ ပစ္စည်းတွေ အပြည့်အ၀ မရ
လို့ကျေးရွာသားတွေ စုပြီး တိုင်ကြားခဲ့ တာပါ။ အခက်အခဲဖြစ်နေတဲ့ အချိန်မှာ
တာင် ဒေသခံတွေကို မကူညီတဲ့အပြင် စေတနာရှင်တွေ လှူဒါန်းကြတာကို 
အလွဲသုံးစားလုပ်လို့ တိုင်ကြားရတာပါ”ဟု သင်္ဃန်ပင်ဆိပ် ကျေးရွာမှ ဒေသခံ
တစ်ဦးက ပြောသည်။
 
“တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌကလည်း ကယ်ဆယ်ရေးပစ္စည်းတွေကို ကိုယ့်
ထက်ပိုပြီး အခက်အခဲရှိ တဲ့သူတွေ နွမ်းပါးတဲ့သူတွေကို ဦးစားပေးပါလို့ပြေတယ်။
 ပြီးတော့ ဥက္ကဌ မပြန်ခင် တစ်ခုမကျန်ပေးဝေ ပါဆိုတာလည်း ပြောကြားခဲ့ပါတယ်”
ဟု ၄င်းကြုံတွေ့ရသည်များအား ဆက်ပြောသည်။
 
ကျေးရွာအုပ်စုပေါင်း (၇၀)ခန့်ရှိသည့် သာပေါင်းမြို့နယ်၌ (၆၆) အုပ်စု ရေလွှမ်းမိုး
ခင်းခံခဲ့ရပြီး (၂၅)အုပ်စုမှာ ရေလွှမ်းမိုးမှု အဆိုးဝါးဆုံးခံခဲ့ရသည်။
 


သတင်းရင်းမြစ်   Shwe Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ