
လာမည့်နှစ် Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်
မှုတွင်ပူးပေါင်းပါဝင်ရေးအတွက် ဖိတ်ခေါ်ရန်စီစဉ်ထား
သည်ဟုဘန်ကောက် ပို့စ်သတင်းစာအရသိရသည်။
Cobra Gold သည်အမေရိကန်စစ်တပ်၏အရှေ့ပစိဖိတ်ဒေသအတွင်း အာရှနိုင်ငံ
အများအပြားမှ စစ်တပ်များနှင့် ပူးတွဲလုပ်ဆောင်သည့် အကြီးဆုံး
ပူးတွဲစစ်ဆင်
ရေးလေ့ကျင်မှုဖြစ်သည်။အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့
မြန်မာနိုင်ငံအား လေ့လာ
သူအဖြစ်သာ ဖိတ်ခေါ်ထားသော်လည်း
၎င်းသည်နောက်ဆုံး ဆုံးဖြတ်ချက်မဟုတ်
ဟု သိရသည်။
“မြန်မာက လေ့လာသူစာရင်းထဲမှာပါ ။ဒါပေမယ့် ဒါဟာအပြီးသတ်ဆုံးဖြတ်ချက်
“မြန်မာက လေ့လာသူစာရင်းထဲမှာပါ ။ဒါပေမယ့် ဒါဟာအပြီးသတ်ဆုံးဖြတ်ချက်
မဟုတ်ပါဘူး”ဟုထိုင်းကာကွယ်ရေး ၀န်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး
Thanathip Sawangsang ကယနေ့တွင်
ထုတ်ဖော်ပြောခဲ့သည်။စစ်ရေးလေ့ကျင့်မှု
တွင် ပါဝင်မည့် နိုင်ငံများက မြန်မာအား
ဖိတ်ခေါ်ခြင်းပြုရေး၊ မပြုရေး နှင့်ပါတ်
သတ်၍
ယခုလနှောင်းပိုင်းတွေ့ဆုံဆွေးနွေး ပွဲတွင် ဆွေးနွေးကြမည်ဟု သိရသည်။
လာမည့်နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်
လာမည့်နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်
ကျင်းပမည်ဖြစ်ပြီး လေ့လာသူ ( ၁၃ )နိုင်ငံအား ဖိတ်ခေါ်ထားကာ အာရှမှ စင်ကာပူ
၊ဂျပန် ၊တောင်ကိုရီးယား၊အင်းဒိုနီးရှားနှင့် မလေးရှားတို့လည်း
ပူးတွဲစစ်ရေး
လေ့ကျင့်မှုတွင် ပါဝင်မည်ဟု ခန့်မှန်းထားသည်။
စစ်ရေးလေ့ကျင်မှုတွင် ပါဝင်ရန် မြန်မာအား ဖိတ်ခေါ်မည့် အစီအစဉ်မှာ အမေရိကန်
တို့၏ အစီအစဉ်ဖြစ်သည်ဟု အမည်မဖော်လိုသူ ထိုင်းအကြီးတန်းစစ်ဘက်
အရာရှိ
တစ်ဦးက ဆိုသည်။
“အားလုံးအဖွဲ့ဝင်တွေ သဘောတူရင် ၊ဒါဟာ တရားဝင်ဖြစ်မှာပါ( တရားဝင်
ဖိတ်ခေါ်မှာပါ)”ဟု၎င်းကဆိုသည်။

သတင်းရင်းမြစ်းPopular Myanmar News
No comments:
Post a Comment