Friday, October 19, 2012

KNU မှ ဗဟို ကော်မတီဝင် ၃ ဦး ထုတ်ပယ်ခြင်းသည် နိုင်ငံရေး လုပ်ကြံမှု ဟု ပဒိုမန်းငြိမ်းမောင် ဆို

KNU မှ ဗဟိုကော်မတီဝင် ၃ ဦး ထုတ်ပယ်ခြင်း သည် နိုင်ငံရေး လုပ်ကြံမှု ဟု ပဒိုမန်းငြိမ်းမောင် ဆို  KNU ဗဟိုကော်မတီ အစည်းအဝေး မတိုင်မီ    တစ်ပတ်ခန့်အလိုတွင် ဗဟိုကော်မတီဝင် ၃ ဦး
အား ထုတ်ပယ်ပစ်ခြင်းမှာ နိုင်ငံရေးအရ လုပ်ကြံ
မှုဟု ယူဆနိုင် ကြောင်း မန်းငြိမ်းမောင်က ပြော
သည်။ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေး
တည်ဆောက်ရာတွင် သဘောထား ကွဲလွဲမှုများ
 ရှိလာပြီး အောက်တိုဘာလ ၂ ရက်နေ့က ကရင်
အမျိုးသား လွတ်မြောက်ရေး တပ်မတော်

စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး စောမူထူးစောဖိုး၊ ဗဟိုတရားရေး တာဝန်ခံ ပဒို
ဒေးဗစ်ထောနှင့် လူမှုဝန်ထမ်း နှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရော
ဂျာခင်တို့အား ရာထူးမှ ထုတ်ပယ် ကြောင်း အမိန့်ထုတ်ပြန်ခဲ့ သည်။

“ဗဟိုကော်မတီ အစည်းအဝေးက အောက်တိုဘာလ ၈ ရက်နေ့၊ သူတို့အမိန့်
ထုတ်တာ အောက်တို ဘာလ ၂ ရက်နေ့၊ ကပ်ပြီးတော့ လုပ်တာဆိုတော့
 နောက်ကွယ်မှာ ဒါ သူတို့ရည်ရွယ်ချက် ရှိရင်လည်း ရှိနိုင်မှာပေါ့ဗျာ။ ခင်ဗျားတို့
 ခန့်မှန်းကြည့် ပေါ့။ ဟိုဗဟိုကော်မတီ အစည်းအဝေး က နောင်လာမယ့် ၆ လ၊
 ဒါမှမဟုတ် နောက်လာမယ့် ၃ လမှဆိုရင်တော့ တစ်မျိုးပေါ့။

အခုဟာက တစ်ပတ် လောက်အလိုမှာ ထုတ်လိုက်တယ် ဆိုတော့ ကျွန်တော်
တို့ ဘက်က ဒါအများကြီး လက်မခံနိုင်စရာပေါ့။ ဒီကိစ္စကို ဗဟိုကော်မတီ မျက်နှာ
စုံညီ အစည်းအဝေးမှာ ရှင်းလို့ရတယ်။ ရှင်းလို့ ရရဲ့သားနဲ့ ဒီဗဟို ကော်မတီ
အစည်းအဝေးကို တက်လို့မရအောင် ဒါသက်သက် ကန့်လိုက်တာ၊ နိုင်ငံရေး
အရ ဒါနိုင်ငံရေးအရ လုပ်ကြံ တာပဲ”ဟု ၄င်းက ဆိုသည်။နှစ်ပေါင်း များစွာ လက်
တွဲလာခဲ့သော KNU ခေါင်းဆောင်များကြား သဘောထား ကွဲလွဲမှု၏ အခြေခံ
အကြောင်းရင်းမှာ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်မှ ဦးစီး၍
 မြို့ကြီးများတွင် ဆက်ဆံရေးရုံး များ ဖွင့်လှစ်ခြင်းအပေါ် အမြင်မတူ ကြခြင်း
ကြောင့်လည်း ဖြစ်သည်ဟု ပဒိုမန်း ငြိမ်းမောင်က ပြောသည်။

”နှစ်ပေါင်း ၆ဝ ကျော် ပဋိပက္ခ ဒါဟာ နှစ်ဖက်လက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ ပဋိပက္ခ၊
 တပ်ပြဿနာဆို တော့ ကျွန်တော်တို့ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ဘားအံ မှာအပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးတော့ ဆက်ဆံရေးရုံးတွေဖွင့်ဖို့ သဘော
တူညီခဲ့တာ ရှိတယ်။ ဒီလို ဆက်ဆံရေးရုံးတွေ ဖွင့်ခြင်းအားဖြင့် နှစ်ဖက်တပ်မတော်
တွေဟာ ဆက်ဆံ ရေးရှိခြင်းအားဖြင့် ပိုပြီးတော့ နား လည်မှုရှိလာမယ်။ အမျိုးသား
ပြန် လည်ရင်ကြားစေ့ရေးကို ပိုအထောက် အကူဖြစ်စေမယ်လို့ ကျွန်တော်တို့
ယုံကြည်ထားတယ်။ ဒါ အဓိကပေါ့ နော်။ အဲဒီအပေါ်မှာ တချို့ကလည်း ဒါနိုင်ငံရေး
ပြဿနာကို အရင်ရှင်း ဖို့လိုတယ်။ အရင်ရှင်းပြီးမှ ဆက် ဆံရေးရုံးတွေဖွင့်သင့်တယ်
လို့ ဒါ ကျွန်တော်တို့ထဲမှာ လက်ခံထားတဲ့ သူတွေရှိပါတယ်”ဟု ၄င်းက ပြော သည်။

ထိုသို့ ထုတ်ပြန်သောအမိန့်အား KNLA တပ်မဟာနှစ်ခုသာ ထောက်ခံ ပြီး
တပ်မဟာတစ်ခုက ကြားနေအဖြစ် သဘောထားပြီး တပ်မဟာလေးခု ကမူ ထို
ဆုံးဖြတ်ချက်ကို လက်မခံ ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ KNU
 ခေါင်းဆောင်များကြား သဘောထား ကွဲလွဲမှုများကို ပွင့်ပွင့်လင်းလင်း ဆွေး
 နွေးညှိနှိုင်း အဖြေရှာနိုင်ရန် အတွက် အောက်တိုဘာလ ၁၃ ရက်နေ့တွင်
 နှစ်ဖက်ဗဟိုကော်မတီဝင်အချို့ တွေ့ ဆုံခဲ့ပြီး ယခုလ တတိယပတ်တွင် KNU
လွတ်မြောက်နယ်မြေ တစ် နေရာတွင် ဗဟိုကော်မတီ မျက်နှာ စုံညီအစည်း
အဝေး ကျင်းပသွားမည် ဟု ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်း မောင်က အောက်
တိုဘာ ၁၄ ရက် တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ပေါ် ပြူလာနယူးစ်နှင့် တွေ့
ဆုံစဉ် ပြော ကြားခဲ့သည်။

သို့ရာတွင် ယခုကဲ့သို့ KNU ခေါင်းဆောင်များကြား သဘောထား ကွဲလွဲရသည့်
အကြောင်းအရင်း အပေါ် ထိုင်းနိုင်ငံရောက် နိုင်ငံရေးအင်အားစု အချို့ နှင့် KNU
ဗဟို ကော်မတီဝင် အချို့ကမူ ကွဲပြားစွာရှုမြင်ကြသည်။ ”မှန်တော့မှန်တယ်၊ နှစ်
ဖက် စလုံး (KNU တွင်း သဘောထား ကွဲလွဲသည့် ခေါင်းဆောင်များ) က
 ငြိမ်းချမ်းရေး တည်ဆောက်ချင်ကြ တယ်။ ဒါပေမဲ့ တစ်ဖက်က ဖြည်း ဖြည်း၊ တစ်
ဖက်ကမြန်မြန်၊ အရှိန် မတူတဲ့အပေါ် အမြင် ကွဲလွဲတာ စဉ်းစားကြည့်ရင်
တပ်မတော် အချင်းချင်း လက်တွဲပြီး ကောင်းစား၊ ပြည်သူတွေ က အရင်အတိုင်း
ဆိုတဲ့ ပုံစံကို ကျွန်တော်လည်း လက်မ ခံဘူး”ဟု KNU ဗဟိုကော်မတီဝင်
တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဗဟိုကော်မတီဝင် ၃ ဦးအားထုတ်ပယ်ပြီးနောက် အောက်တိုဘာ ၈
ရက်တွင် ပြုလုပ်သော KNU ဗဟိုကော်မတီ အစည်းအဝေး သို့ ဗဟို ကော်မတီ
ဝင် ၁၇ ဦးသာ တက်ရောက်ရာ အစည်းအဝေး အထမမြောက်ခဲ့ကြောင်း KNU
ဗဟို ကော်မတီ ၄၈ ဦးရှိရာ အနည်းဆုံး ၇ဝ ရာခိုင်နှုန်း တက်ရောက်မှသာ
အစည်းအဝေး အထမြောက်ကြောင်း သိရသည်။ ထို့အပြင် စစ်ဦးစီးချုပ်မှာ အလို
အလျောက် ဗဟိုကော်မတီဝင် ဖြစ်ပြီး KNU ဖွဲ့စည်းပုံစည်းမျဉ်းအရ ၄င်းကို
ရာထူးမှထုတ်ပယ်မှု မပြုနိုင် ကြောင်း သိရသည်။ ယခုကဲ့သို့ သဘောထားကွဲလွဲ
မှုများရှိနေသော်လည်း KNU သည် အများက ထင်မြင်ထားသလို ပြိုကွဲ သွား
လိမ့်မည်မဟုတ်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက်နိုင်ငံရေး အင်အားစု
များနှင့် KNU ဗဟိုကော် မတီဝင်အချို့က ယူဆထားသည်။

”KNU ဟာ တော်လှန်ရေးနဲ့ ခွဲလို့မရဘူး။ KNU ပြိုလဲရင် တော်လှန်ရေးပြိုလဲ
တာပဲ။ သူတို့ဟာ နှစ်ပေါင်းများစွာ ရပ်တည်လာ ခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်း၊
ပဋိပက္ခတွေ သဘောထား ကွဲလွဲတာတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ မပြိုလဲ
ခဲ့ဘူး။ ဒီတစ်ခါလည်း အောင်အောင်မြင်မြင် နဲ့ ဖြေရှင်း နိုင်မှာပါ။ ကျွန်တော်
အပြည့်အဝ ယုံကြည်ပါ တယ်”ဟု NLD (LA) မှ ကိုထွန်း အောင်ကျော်က ဆို
သည်။ ထို့အတူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ABSDF စသောနိုင်ငံ ရေး
အင်အားစု များမှ တာဝန်ရှိသူတို့ကလည်း KNU ပြိုကွဲမသွားဟု ယုံကြည် ထား
သည်။ ထို့အတူ ပဒိုမန်းငြိမ်းမောင်က လည်း ယခုကိစ္စရပ်သည် ၄င်းတို့ KNU အတွက် ဖြေရှင်းမရနိုင် လောက်သည့် အခက်အခဲဟု ရှုမြင် မထားကြောင်း
သိရသည်။

”ကျွန်တော် ပြောပြချင်တယ်။ ဒီတော်လှန်ရေးဟာ နှစ်ပေါင်း ၆၃ နှစ်ရှိခဲ့ပြီ။
ကျွန်တော် တို့နှစ်ပေါင်း ၆၃ နှစ်ခရီးမှာ အုပ်စိုးသူ အဆက်ဆက်၊ ရန်သူ အဆက်
ဆက်နဲ့ ကျွန်တော်တို့ တိုက်ခဲ့တယ်။ ကျွန်တော်တို့ထဲမှာ လည်း ဒီတော်လှန်ရေး
 အလှည့်အပြောင်း အကျပ်အတည်းမှာ သဘောထား ကွဲလွဲ ခဲ့တာတွေ ရှိတယ်။
အဲဒီလို သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိတယ်။
 ဒီအခု ကြုံတွေ့နေရတဲ့ အခက်အခဲ သဘောထား ကွဲလွဲမှုတွေ ကို ဖြေရှင်းနိုင်ဖို့
 ကျွန်တော်တို့ကြိုး စားမယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အခက်
အခဲ မဟုတ်ပါဘူး”ဟု ပဒိုမန်းငြိမ်းမောင် က ပြောကြားခဲ့သည်။

သတင်းရင်းမြစ်    Popular Myanmar News     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ