မနေ့က ရန်ကုန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု
ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့
က KNU နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခု အရေး
ပေါ် ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ကရင်တိုင်းရင်းသား ငြိမ်းချမ်းရေးအကျိုးဆောင် အများအပြားလည်း
တက်ရောက်ပါတယ်။
ဆွေးနွေးပွဲ ဘာကြောင့်လုပ်
ဘားအံမြို့ KNU ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို KNU ရဲ့ အပြီးသတ်သဘော
တူညီချက် မရသေးဘဲနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့ပြီး ပေါ်ပေါက်လာတဲ့ အကျိုးဆက်
များကြောင့် ဒီဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံပါပဲ။
KNU က အဲဒီ ရုံးဖွင့်ပွဲအခမ်းအနား သွားရောက်ခဲ့သူများထဲက
ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
ဒီဖယ်ရှားမှုကြောင့် ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ဖဲ့ထုတ်၊ ခွဲထွက်တာတွေနဲ့
ကြုံခဲ့ရတဲ့ KNU ဟာ နောက်ထပ် အကွဲအပြဲတွေနဲ့ ရင်ဆိုင်နေရပြီလား ဆိုတဲ့
မေးခွန်း ပေါ်ပေါက်နေပါပြီ။
ဒီရုံးဖွင့်ပွဲဟာ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာအောင်ပွဲတခု ရှိနေပြီ ဆိုတာကို ဗဟိုအဆင့်ရုံးဖွင့်တဲ့နည်းနဲ့ ပြသလိုဟန် ရှိပါတယ်။
သို့သော်လည်း ဒီအောင်ပွဲနဲ့အတူ KNU ထိပ်တန်းခေါင်းဆောင် ၃ ဦး ရာထူးက
ဖယ်ရှားခံရတယ် ဆိုတဲ့ ဖြစ်ရပ် ပေါ်လာတာပါ။

ကရင်တိုင်းရင်းသားအများစု ခိုလှုံနေသည့် မယ်လ ဒုက္ခသည်စခန်းမှ မြင်ကွင်းတခု
(ဓာတ်ပုံ - ဧရာဝတီ)
ဆွေးနွေးပွဲမှာ ဘာတွေပြော
ရန်ကုန်မြို့ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့စာတစောင်ကို ဧရာဝတီက မနေ့ကရရှိ
ပါတယ်။ ၀န်ကြီးဦးအောင်မင်းက - ကရင်တိုင်းရင်းသားများ စည်းလုံးစေချင်၊
အစိုးရမှာ တိုင်းရင်းသားတွေကို သွေးခွဲတဲ့မူဝါဒ မရှိ၊ ထာဝရငြိမ်းချမ်းရေးရဖို့
ဆက်လုပ်မယ် လို့ ပြောပါတယ်။
KNU သဘောမတူ(သေး)တဲ့ ဗဟိုအဆင့်ဆက်ဆံရေးရုံးကို ဖွင့်လိုက်မိပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်မယ်ဆိုတဲ့သဘောပါပဲ။
ဆွေးနွေးပွဲ ရလဒ်
"လတ်တလောဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သက်၍ KNU မှ ဖိတ်ခေါ်ပါက
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးအဖွဲ့အနေဖြင့် လာရောက်
တွေ့ဆုံရန် အသင့်ရှိပါသည်" လို့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ကြပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ၀န်ကြီးတွေနဲ့ ကရင်တိုင်းရင်းသား ငြိမ်းချမ်းရေးအကျိုး
ဆောင်တွေ အဆက်မပြတ် ဆက်လက် ဆွေးနွေးသွားမယ် လို့လည်း ဆုံးဖြတ်ကြပါ
တယ် တဲ့။
ငြိမ်းချမ်းရေးအကျိုးဆောင်များ
ဆွေးနွေးပွဲတက်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်များကတော့ ဦးထွန်းအောင်ချိန်၊
ဦးမန်းမောင်မောင်ဉာဏ်၊ ဦးစောထွန်းအောင်မြင့်၊ ဆရာတော်ဒေါက်တာစောမာ
ဂေးကြီး၊ ဒေါက်တာဒေါ်အင်နာမေစေးဖ၊ဒေါက်တာစောဆိုင်းမွန်သာ၊ ဒေါက်တာ
ရီဘက်ခါထင်၊ ဒေါက်တာဂေဗရယ်၊ဦးစောလှထွန်း၊ မန်းကျော်ညွန့်၊နန်းခင်အေးဦး၊ မန်းသန်းဝင်းဦး၊ နော်စူစန်နာလှလှစိုး၊ စောထွန်းလှဘော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းရင်းမြစ်း ဧရာဝတီ
No comments:
Post a Comment