
၂၀၁၂ ခုနှစ်
ဇွန်လအတွင်းက ဆူပူ အကြမ်းဖက်မှုကိုခံစားခဲ့ရသော ဝေသာလီ၊
ရွှေရင်အေးကျေးရွာနှင့် ခရေမြိုင်ကျေးရွာရှိ
တိုင်းရင်းသားဒေသခံများသည်ဆောက်လုပ်ပြီးစီးနေသည့် နေအိမ်များသို့
ပြန်လည်
ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း မီး လောင်ဆုံးရှူံးခဲ့ရသည့် ကျေးရွာများမှ
နေအိမ်များကို နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ UNHCR & INGO နှင့် CARE MYANMAR
တို့က ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ပြီးစီးနေသော
နေအိမ်များမှာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။'
"စည်ပင်သာယာရေးက လုပ်တဲ့လုပ်ငန်းတွေ အားလုံးနီးပါးပြီးပါပြီ။
စည်ပင်သာယာက ၂၂၂ လုံးကို တာဝန် ယူဆောက်လုပ်ရာမှာ ၄၁ လုံးပဲ
ကျန်ပါတော့တယ်''ဟု မောင်တောမြို့နယ် စည် ပင်သာယာရေး အဖွဲ့ အမှုဆောင် အရာရှိ
ဦးအောင်သက်ရှည်က ပြောသည်။
လက်ရှိတွင် UNHCR မှ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်နေပြီဖြစ်ပြီး ဒီဇင်ဘာလ အတွင်းတွင် နေအိမ် ၁၁၁ လုံးကို အပြီးတည်ဆောက်ရန်ရှိကြောင်းနှင့် မောရ၀တီကျေးရွာတွင် စတင် တည်ဆောက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ဆောက်လုပ်မှုလျာထားချက်အရ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ နေအိမ် ၂၀၂ လုံး၊ UNHCR&INGO တို့က နေအိမ် ၂၂၂ လုံး နှင့် CARE MYANMAR ကနေ အိမ် ၁၂၈ လုံးစုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာထားခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment