ပေးလိုက်ပါတယ်ဗျာ.. နောက်ကျမှုအတွက် အနူးအညွတ် တောင်းပန် အပ်ပါ တယ်.. စုစုပေါင်း ဂျာနယ် (၁၁)စောင်ပါ ။
အဆင်ပြေပြေ Download လုပ်နိုင်ကြပါစေ။ အဆင်မပြေရင် လဲ ပြော
ပေါ့ဗျာ..ကဲ အောက်မှာ ကြိုက်ရာ Down ကြပေတော့........
ပေါ့ဗျာ..ကဲ အောက်မှာ ကြိုက်ရာ Down ကြပေတော့........

Yangon Times ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Venus News ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

7 Days Shopping Guide ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Shade ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Monitor News ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

မော်ဒန် သတင်း ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Mobile Guide ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။
တင်ရတာ အဆင်မပြေလို့ မူရင်းလင့်ကိုပဲ ပြန်ပြီး Share လုပ်ပေးထားပါတယ်။

မဇ္ဈိမ သတင်း ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Hot News Weekly ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Flower News ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။

Euro Sports ဂျာနယ် ပုံကိုနှိပ်ပြီး Download ရယူပါ။ ဒီနေရာ ကိုနှိပ်ပြီးလဲ ရယူနိုင်ပါတယ်။
"မတရားအနိုင်ကျင့်ခံရသူများ"
ReplyDeleteထန်းတောရပ်ကွက်၊ နန္ဒ၀န်ကျွန်းဆွယ်၊ မြဇီးခြံရပ်ကွက်၊ အင်ကြင်းလမ်းမြောက်ဘက်ခြမ်းတွင် နေထိုင်သော မြေပိုင်ရှင်များဖြစ်သည့် ဦးအောင်ဝင်း+ဒေါ်သန်းကြည်တို့တွင် သားသမီး(၅)ယောက်ရှိပါသည်။ ယင်းမိသားစုတို့သည် ၁၃၄၅ခုနှစ်ကစ၍ တောင်သူလုပ်ကိုင်စိုက်ပျိုး၍ နေထိုင်ကြသည်။ စိုက်ပျိုးသောသီးနှံများမှာ နှမ်း၊ ပဲတီစိမ်း၊ နွေစပါးများစိုက်ပျိုး၍ လုပ်ကိုင်စားကြပါသည်။ ၁၃၆၂ ခုနှစ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုည်မှူးကြီးစိုးဝင်းမှ တောင်သူများကို ၀င်းရိုက်၍ အိမ်ကွက်များရိုက်ပေးရာတွင် ဦးအောင်ဝင်း၏သားများဖြစ်သော မောင်ဇော်မြင့် နှင့် မောင်ဇော်ဌေး တို့ညီအစ်ကိုနှစ်ယောက်သည် အိမ်ဝင်းမြေနေရာသည် (၈၀ x ၆၀)ဆီ ကွက်စိတ်ရိုက်ထားသော နှစ်ဝင်းဖြင့် နေထိုင်လျက်ရှိသောကြောင့် ဗိုည်ချုပ်မှူးကြီး ဦးစိုဝင်းသည် (၈၀ x ၆၀)ဆီဖြစ်နေသဖြင့် ဗိုလ်ချုပ်စိုးဝင်းသည် ယင်းနှစ်ဦးအား လက်ရှိနေရာမှာဘဲ ဆက်နေရန် နှုတ်မိန့်ဖြင့် နေရာပေးခဲ့သည်။ ယခုနေရာအား မြို့ကွက်သစ်ရိုက်ရာတွင် ပြည်ထောင်စုလမ်းမကြီးနှင့် မလွတ်ကင်းသော အိမ်များ(၃၆)ဦးသာ ကွက်စိတ်ရိုက်ပေးခဲ့ပါသည်။ ကွက်စိတ်ရိုက်ပေးခံရသောသူများမှာ ၀န်ထမ်းများတစ်ဦးမှ မပါပါ။ တောင်သူများသာဖြစ်ပါသည်။ ထိုတောင်သူများထဲတွင် မောင်ဇော်မြင့် နှင့် မောင်ဇော်ဌေး တို့ညီအစ်ကိုနှစ်ယောက်၏ အိမ်ဝင်းများပါပါသည်။ ယင်းနှစ်ဦးသည်လည်း အိမ်ထောင်စဇယားများလည်း လုပ်ထားပါသည်။ အိမ်ထောင်စုဇယားလုပ်ထားသော ခုနှစ်မှာ ၂၀၀၁ ခုနှစ်ကလုပ်ထားပါသည်။ ယင်းရပ်ကွက် ဥက္ကဌသည် မတရားလိုချင်သူများဖြစ်သော အလံတပ်မြို့၊ ဗဒုံရပ်ကွက်နေ ဦးခင်မောင်ထွေးနှင့် ရန်ကုန်တွင် နေထိုင်သော ဒေါ်ခင်သန်းစိန်တို့နှစ်ဦးသည် ညီအစ်ကိုနှစ်ဦးနေထိုင်သော ၀န်းနှစ်ဝန်းအား ၎င်းတို့၏၀န်းများဖြစ်ပါသည်ဟုဆိုပါသည်။ ၎င်းတို့နှစ်ဦးသည် ၀န်ထမ်းများဖြစ်သည်ဟုဆိုကာ ၀န်ထမ်းများအားပေးသော ၀န်းများဖြစ်သည်ဟုဆိုကာ ရပ်ကွက်ဥက္ကဌနှင့်ပူးပေါင်း၍ လာရောက်ပြောပါသည်။ ထိုအခါ သူတို့နှစ်ဦးနှင့် တွေ့ချင်သည်ဟုလည်း ဥက္ကဌအား ပြောပါသည်။ ခရိုင်ရုံးမှ လူကြီးများမှ ညီအစ်ကိုနှစ်ယောက်တို့အား ဖယ်ပေးရန်ပြောပါသည်။ ညီအစ်ကိုနှစ်ယောက်သည် ဦးခင်မောင်ထွေးနှင့် ဒေါ်ခင်သန်းစိန်တို့နှင့် တွေ့ချင်သည်ဟုပြော၍ ခေါ်သောအခါ လာ၍မတွေ့ပါ။ တွေ့ချင်တယ်ဆိုပြီး ဘာလို့လာမတွေ့တာလဲလို့ အဖေက ပြောပါသည်။ အဖေက ဖယ်ပေးစရာ မလိုဘူးလို့ပြောပါသည်။ ထိုအခါ သူတို့ဘက်မှ လွှတ်တော်ရုံးကို ကျူးကျော်သူဆိုပြီး ခေါင်းစဉ်တပ်ပြီး တရားစွဲခဲ့ပါသည်။ အဲဒီနေရာကို သူတို့အတွက် ၀န်ထမ်းဝင်းအဖြစ် (၃-၉-၂၀၁၀)ခုနှစ်က ရသည်ဟုပြောပါသည်။ ကျွန်ုပ်တို့ရသည့်နှစ်က ၂၀၀၁ ခုနှစ်က ဖြစ်ပါသည်။ ကွာဟပ်မှုတွေဘယ်လိုရှိတယ်ဆိုတာစဉ်းစားကြည့်ပါ။ ရပ်ကွက်ဥက္ကဌမှာလည်း အရင်က မိသားစုလိုနေခဲကြသူများ ဖြစ်ပါသည်။ သို့သော ငွေပေး၍ သူတို့ဘက်ပါအောင် မြှူ ဆွယ်တော့ ငွေမက်သော ဥက္ကဌမှာ ငွေမျက်နှာဖက်ပါသွားပါသည်။ ခရိုင်ရုံး၊ မ၀တရုံး၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကတော့ ပြောပေးပါတယ်။ ညီအစ်ကိုနှစ်ယောက်ပိုင်တာ မှန်ပါတယ်လို့။ ဒါပေမယ့် ငွေပေးပြီး လုပ်တဲ့သူနဲ့ သမာရိုးကျလိုက်တဲ့သူနဲ့ ယှဉ်လိုက်တော့ ငွေပေးတဲ့သူတွေက နိုင်သွားပါတယ်။ နောက်ထပ်တစ်ဆင့်တက်ပြီး ရဲတွေနဲ့ဝိုင်းပြီး အိမ်ကိုလာဖျက်ပါတယ်။ (၇)ခါမြောက်ထိတော့ လူတွေရှိတော့ သူတို့အကြံအစည် မအောင်မြင်သွားပါဘူး။ နောက်တစ်ခေါက်လာတော့ ရဲတွေကိုငွေပေးပြီး မောင်နှမ(၅)ယောက်ကို ဖမ်းခိုင်းပြီး ထောင်ချလိုက်ပါတယ်။ ထောင်ချလိုက်တယ်ဆိုတဲ့ အကြောင်းကို အိမ်ကလူကြီးတွေကို အသိမပေးဘူး။ မောင်နှမ(၅)ယောက်ကို ထောင်ချပြီး ၀န်းနှစ်ဝန်းထဲမှာရှိတဲ့ အိမ်တွေရော၊ အိမ်ရှိပစ္စည်းတွေရောကို ၀န်းအပြင်ထုတ်ပြီး အိမ်ဝန်းနှစ်ဝန်းလုံးသည် ၀န်းနံရံခတ်ပါတယ်။ အဲဒါတွေကိုလည်း ရဲတွေခေါ်ပြီးဖျက်ပတယ်။ အိမ်ကိုလာဖျက်တဲ့နေ့က (၂၁-၆-၂၀၁၃)နေ့ဖြစ်ပါတယ်။ အိမ်ရှင်တွေမရှိဘဲနဲ့ အိမ်ကိုလုပ်ချင်တိုင်း လုပ်လို့ရပါသလားလို့ မေးချင်ပါတယ်။ မတရားအနိုင်ကျင့်တာကို ခံနေရတာကို ကူညီပြီး ဖြေရှင်းပေးပါလို့ အကူအညီတောင်းခံပါသည်။ အမှန်တရားဖော်ထုတ်ပေးပါလို့ အသနားခံပါသည်။
မကျေနပ်သူ ထန်းတော။ နန္ဒ၀န်ကျွမ်းဆွယ်နေ မမြင့်မြင့်ခိုင်